Feature Articles

Rule No. 5, Energy is Changing

လူတစ်ယောက်ရဲ့ Energy ဆိုတာ အပြောင်းအလဲ အတက်အကျရှိနိုင်ပါသလား ?????
Universal RuleNo 5 : Energy is changing !

Energy အကြောင်းလေ့လာပြီးသူတွေ စိမ်းကိုအများဆုံးမေးလေ့ရှိတာလေးတွေကို ပြောပြပါမယ်။
1. Positive energy and High Frequency ဖြစ်ရမယ်ဆိုတာ သိနေတာတောင် စိတ်က တက်လိုက်၊ကျလိုက်ဖြစ်နေတယ်။ဘယ်လိုလုပ်ရမလဲ။
2. ကိုယ်က positive ဖြစ်အောင်ကြိုးစားနေချိန်မှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ အပြောအဆိုအပြုအမူတွေက ကိုယ့်ကို Negative ဖြစ်အောင်ဆွဲချနေလို့ဘယ်လိုလုပ်ရမလဲ ။

လောကနိယာမအရ အရာရာတိုင်းဟာ ပြောင်းလဲနေတယ် … ဘယ်အရာမှမမြဲဘူးဆိုတာ သိထားဖို့လိုပါတယ်။ Everything is changing ပါ။ အဲ့လိုပဲ Energy ဆိုတာလည်း ရွေ့နေတာပါ။ ငြိမ်နေတာမဟုတ်ပါဘူး ။ ရေစီးသလိုပဲ အမြဲ စီးဆင်းရွေ့လျားနေလို့ Energy flow လို့တောင် ခေါ်ပါတယ်။ ကိုယ့်ရဲ့ Energy ဟာ အတက်အကျရှိနိုင်ပါတယ်။ အဲ့လိုပဲ Energy ဆိုတာ ကူးပြောင်းခြင်းဆိုတဲ့ Transmission သဘောတရားရှိတဲ့အတွက် တစ်ဦးနဲ့တစ်ဦးရဲ့ energy ဟာလည်း ကူးပြောင်းနိုင်ပါတယ်။

ကိုယ်စိတ်ညစ်နေတဲ့အချိန် ကိုယ်နဲ့ရင်းနှီးသူက အားပေးလိုက်လို့ စိတ်အဆင်ပြေသွားတာမျိုး၊ တစ်ယောက်ယောက်နဲ့စကားပြောလိုက်ရရင် ကိုယ်ပါ အင်အားရသွားတာမျိုး ၊အေးချမ်းသွားတာမျိုးတွေဖြစ်ဖူးကြမှာပါ။ အမြဲရှာကြံပူလောင်တတ်သူနဲ့ တွေ့တာနဲ့ ကိုယ့်ရဲ့ ကြည်နေတဲ့စိတ်ကစိတ်ရှုပ်သလိုဖြစ်လာတာမျိုး၊ အမြဲအလောသုံးဆယ်ဖြစ်နေတဲ့သူနဲ့အတူ အလုပ်လုပ်ရလို့ ကိုယ်တောင်ဘာလုပ်ရမှန်းမသိတော့တာမျိုး လည်းဖြစ်ဖူးကြမှာပါ။ အဲ့ဒါတွေက အဲ့လူတွေရဲ့ energy က အဲ့အချိန်အတောအတွင်းကိုယ့်ဆီကိုယ်ကူးပြောင်းတာပါပဲ။ အဲ့လိုပဲ ကိုယ့်ရဲ့ Energy ကလည်း တခြားသူဆီကူးနိုင်ပါတယ်။

Energy ဆိုတာ အတက်အကျရှိနိုင်တယ်… ပြောင်းလဲနိုင်တယ်ဆိုတဲ့ လောကနိယာမကိုသိပြီးရင် ကိုယ့် ရဲ့ Energy ကို positivity (+++) များအောင် ဘယ်လိုလုပ်ကြပါမလဲ ?????

1. Surrounded by Right People & Right Things ✅✅
ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်အကျိုးကိုလိုလားသူများ၊ ကိုယ့်ကို positive ဖြစ်စေတဲ့အရာများသာထားဖို့လိုပါတယ်။ ကိုယ့်ကို မနာလိုသူ၊ တိုက်ခိုက်သူ၊ စိတ်အနှောင့်အယှက်ဖြစ်စေသူများကို ရှောင်ဖို့လိုပါတယ်။ အဲ့ဒါလူတင်မဟုတ်ပါဘူး ။ Social Media တွေ၊သတင်းတွေပါ ပါပါတယ်။ တခါတလေဆို ကိုယ်ကမသိလိုက်ပေမယ့် မသိစိတ်ထဲကို အဲ့ negative energy ကတွယ်ကပ်သွားတာမျိုးပါ။
စိမ်း Client တစ်ယောက်ရဲ့ case ကိုပြောပြပါမယ်။ သူ့ partner က လွန်ခဲ့တဲ့နှစ်တွေက သစ္စာဖောက်တဲ့ ဇာတ်လမ်းဖြစ်ခဲ့ဖူးပါတယ်။ ခုပြီးသွားပြီး သူတို့၂ ယောက်လည်း လက်ရှိမှာအဆင်ပြေနေပါတယ်။ စိမ်းကိုလာတိုင်ပင်တော့ လက်ရှိအဆင်ပြေနေပေမယ့် သူအဲ့အချိန်က ကိစ္စကိုတွေးလိုက်တိုင်း အရမ်းစိတ်ဆိုး ဒေါသထွက်ပူလောင်ရလို့ သူမဖြစ်ချင်ဘူးလို့ပြောပါတယ်။ အဲ့အချိန်ဆို သူ့ partner ကိုပါ အပြစ်ပြန်မြင်တာတွေ နေရင်းထိုင်ရင်း မယုံသလိုဖြစ်လာတာတွေဖြစ်ဖြစ်သွားလို့ relationship ထိခိုက်မှာစိုးပါတယ်တဲ့။
စိမ်းသေချာမေးကြည့်တဲ့အခါမှာ အဲ့လိုပူလောင်တဲ့ ခံစားချက်ကဘယ်အချိန်ဖြစ်တာလဲဆိုတော့ အရင်ကသူ့ partner နဲ့ပတ်သတ်ဖူးတဲ့အမျိုးသမီးရဲ့ Facebook Wall ကို သွားကြည့်တဲ့အချိန်ပါ။ ကျန်တဲ့အချိန်မှာအေးအေးချမ်းချမ်းပါပဲ။ အဲ့တော့ စိမ်း အဲ့ကိစ္စနဲ့ပတ်သတ်ဖူးသူများ ၊ သူ့ကိုလာပြီး အတိတ်ကိုဆွနိုင်သူများအားလုံးကို ရှောင်တာတို့ block တာတို့လုပ်ခိုင်းပြီး ထပ်ပြီးသွားမကြည့်ဖို့လုပ်ခိုင်းတဲ့အခါ ၁ ပတ်အတွင်း စိတ်တွေအရင်ထက်အဆင်ပြေသွားတယ်၊ နည်းနည်းကျန်သေးပေမယ့် အရင်လိုပူလောင်နေမျိုးကလျော့သွားတယ်၊ နေရတာပျော်လာတယ် ဆိုပြီး feedback ပြန်ရပါတယ်။
တချို့တွေ ရှိတတ်ပါတယ်.. ကိုယ်နဲ့အတွေးအခေါ်မတူလို့ social media မှာ unfollow လုပ်ထားတယ်။ ပြီးမှ သူဘာတွေတင်နေလဲသွားကြည့်တာမျိုး၊ ကိုယ်မကြိုက်တဲ့ သတင်းဌာနpage တွေ သွားသွားကြည့်ပြီး ဒေါသထွက်နေတာမျိုး ဆိုတာ သတိထားရမယ့် ကိစ္စတွေပါ။ ကိုယ့်ကို မကောင်းတဲ့ ခံစားချက်တွေပေးမယ့် ပစ္စည်းတွေကိုရှင်းတာမျိုး၊ စာတွေ message တွေကို ဖျက်ပစ်တာမျိုးတွေလုပ်သင့်ပါတယ်။ ကိုယ်တောင်မသိလိုက်ဘဲ ကိုယ့်ကို negative energy ပေးတာမျိုးပါ။
ကိုယ့်ကို negative energy ရစေမယ့် လူများ၊ media များ ၊ အရာဝတ္ထုများကို ကိုယ်ကဘဝထဲကနေ ဖယ်ထုတ်နိုင်ဖို့လိုပါတယ်။ အဲ့လို ကိုယ့်ပတ်ဝန်းကျင်ကနေ negative energy တွေလျော့သွားတာနဲ့ positive ကပိုအားသာလာပါလိမ့်မယ်။
စိမ်းဆို စိမ်းဘေးမှာထားတဲ့ ပတ်ဝန်းကျင်က လူတွေ ပစ္စည်းတွေကို ကိုယ်တိုင်ရွေးချယ်ထားတာပါ။ သူငယ်ချင်းတွေ ၊စိမ်းရဲ့ page နဲ့ သင်တန်းတွေအတွက် အလုပ်လုပ်ပေးမယ့် team ၊ business partner တွေအားလုံးဟာ ကိုယ့်အတွက် positive ဖြစ်စေသူတွေပဲ choice လုပ်ထားတာပါ။ ကိုယ့်ကိုလာပြီး negative ပေးတယ်လို့ယူဆရတဲ့ social media တွေဆိုလည်း Group တွေကထွက်တာမျိုး ၊ unfollow လုပ်တာမျိုးလုပ်ပါတယ်။

2. Change yourself ✅✅
တချို့ပတ်ဝန်းကျင်တွေက negative ဖြစ်စေပေမယ့်ချက်ချင်းရှောင်ထွက်လို့မရပါဘူး။ ဥပမာ အတူနေမိသားစုတွေ ၊ လုပ်ငန်းခွင်တွေမျိုးပါ။ အဲ့လိုအခြေအနေမှာဆို ဘာလုပ်ကြမလဲ ။
Rule No1 မှာ We are connected လို့ပြောထားသလိုပဲ ကိုယ်ကစပြီး ပြောင်းလဲဖို့လိုပါတယ်။ တခြားသူကိုပြောင်းလဲဖို့ထက် ကိုယ့်ရဲ့ energy ပြောင်းသွားရင် ကိုယ့်ရဲ့အပြောအဆိုအပြုအမူဆွေဟာပြောင်းသွားမယ်။ ကိုယ့် energy ကသူ့ဆီကူးသွားပြီး သူကပါ ကိုယ်နဲ့ဆို ပြောင်းလဲနေတာမျိုးဖြစ်ပါတယ်။
စိမ်းမိတ်ဆွေ ညီမလေးတစ်ယောက်ဆို သူ့အလုပ်ကြောင့်မဖြစ်မနေဆက်ဆံရတဲ့ client တစ်ယောက်ဟာ မြင်မြင်သမျှအပြစ်မြင် ၊ ဘာကိုမှမကျေနပ်၊ အမြဲဒေါသထွက်နေတဲ့သူပါ။ အလုပ်ကြောင့်သာ ပြောဆိုနေရပေမယ့် အဲ့ client နဲ့ meeting ရှိတိုင်း အရင်ကဆို မတွေ့ချင်တာ ၊ ကြောက်တာ၊ စိတ်ညစ်တာတွေဖြစ် .. အလုပ်ကြောင့်မတွေ့လို့ကလည်းမရနဲ့ စိတ်တွေရှုပ်ပြီးသွားတွေ့တိုင်းလည်း အဆင်မပြေတာပဲများတယ်တဲ့။ နောက်ပိုင်း Energy အကြောင်းသိတဲ့အခါမှာ သူ့ရဲ့ energy ကိုလုံးဝပြောင်းလိုက်ပြီး meeting မှာ အဲ့ client နဲ့တွေ့တာနဲ့ တကယ့်ကိုလှိုက်လှိုက်လှဲလှဲနှုတ်ဆက်တာ ၊ confidence အပြည့်နဲ့ presentation လုပ်တာစသဖြင့်ကိုယ်တိုင် Energy ပြောင်းလိုက်တဲ့အခါ အဲ့ client ကပါ သူနဲ့ဆို အပြောအဆိုတွေပြောင်းပြီး ပိုအဆင်ပြေပါတယ်။
ကိုယ့်ရဲ့ positive energy ကအားကြီးတဲ့အခါ တဖက်လူရဲ့ negative energy ကပါ positive ဘက်ကို ပြောင်းလာတာမျိုးလို့ဆိုလိုပါတယ်။

3. Acceptance ✅✅
လောကမှာ အရာအားလုံးဟာအကောင်းနဲ့အဆိုးအမြဲ ဒွန်တွဲနေတဲ့အတွက် ကိုယ့်စိတ်ထဲအဆင်မပြေတဲ့ တဖက်လူရဲ့ အပြုအမူ ၊ အပြောအဆိုတွေကို အရှိအတိုင်းလက်ခံလိုက်တာမျိုးပါ။ မိမိကိုယ်တိုင် ဟိုး မသိစိတ်ထဲထိအရှိအတိုင်းလက်ခံနိုင်တဲ့ Acceptance ပါ။
သူမကောင်းတာကို ကောင်းတယ်လို့တွေးစရာမလိုပါဘူး။ လူတွေက အကောင်းမြင်ရမယ် positive thinking ရှိရမယ်ဆို အကုန်လုံး အကောင်းမြင်ရမယ်ထင်နေတာပါ။ မကောင်းတဲ့သူကို မကောင်းတဲ့ဖြစ်ရပ်တွေကို ကောင်းပါတယ်မြင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ကောင်းခြင်းဆိုးခြင်းအားလုံးကို အရှိအတိုင်း လက်ခံတတ်တဲ့ Acceptance ဟာ အင်မတန်အရေးကြီးပါတယ်။
မိမိကိုယ်ကိုရော ဘယ်သူ့ကိုမှရော အပြစ်မတင်ဘဲ အရှိအတိုင်းနှလုံးသွင်းလိုက်တဲ့ Acceptance ဆိုတဲ့ စိတ်ဖြစ်ဖို့မလွယ်ပါဘူးနော်။ ခက်ပါတယ် ။ လေ့ကျင့်ရပါတယ်။ စိမ်းဆိုလည်း ကြိုးစားလေ့ကျင့်ရင်း 100% မဟုတ်ပေမယ့် အရင်ထက်တော့ လက်ခံနိုင်စွမ်းတိုးတက်လာတာကိုသတိထားမိပါတယ်။

4. Self-Awareness ✅✅
ကိုယ့်ကိုယ်ကိုသိဖို့ဆိုတာ အရာအားလုံးရဲ့အခြေခံပါပဲ။ You are the master of your mind ပါ။
ကိုယ် စိတ်ဆိုးနေပြီဆို စိတ်ဆိုးနေပြီ၊ ဒေါသထွက်နေရင်ထွက်နေပြီ၊ ဝမ်းနည်းနေပြီဆိုဝမ်းနည်းနေပြီဆိုပြီး ကိုယ်တိုင် အသိရှိနေမှ သတိကပ်နေမှ အဲ့ ခံစားချက်တွေအတိုင်း မပြုမူပဲ “ငါတော့ negative energy ရနေပြီ… ဒါတွေကို ဆက်ကြီးထွားအောင်လုပ်မလား… ခံစားရတဲ့အတိုင်းပေါက်ကွဲပစ်မလား.. ငါအာရုံပြောင်းမလား.. ငါခဏရှောင်လိုက်မလား” ဆိုတာတွေကိုသေချာရွေးချယ်နိုင်ဖို့ ကိုယ့်ခံစားချက်ကို ကိုယ်ကောင်းကောင်းသတိကပ်နေဖို့လိုပါတယ်။ မဟုတ်ရင် ဒေါသတကြီး ပစ္စည်းတွေခွဲ တဖက်လူကိုလွန်လွန်ကျူးကျူးတွေပြောပြီး အသိစိတ်ဝင်လာမှ ငါအဲ့လောက်ကြီးတော့မဖြစ်သင့်ဘူး.. မှားသွားပြီဆိုတာမျိုးက ကိုယ်ဘာဖြစ်နေမှန်းမသိ၊ ကိုယ့်ခံစားချက်အတက်အကျကို control မလုပ်နိုင်လို့ဖြစ်တာမျိုးပါ။
အဲ့တော့ ကိုယ့်ရဲ့ negative emotions တွေကနေ negative energy တွေ negative behavior တွေဖြစ်မလာဖို့ဆိုတာ ကိုယ်ဘာဖြစ်နေတာလဲ ဘာလို့ဖြစ်နေတာလဲဆိုပြီး ကောင်းကောင်းအသိကပ်နိုင်တဲ့ self-awareness လိုပါတယ်။ဒါလည်းလေ့ကျင့်ရပါမယ်။

5. Attitude of Gratitude ✅✅
ဒါ ကျေးဇူးတင်ဝမ်းမြောက်အကောင်းမြင်စိတ်ပါ။ မိမိရနေတဲ့ ကောင်းမွန်တဲ့ အရာတွေကို တွေးပြီး ကျေးဇူးတင်စိတ်ရှိခြင်းဟာလည်း ကိုယ့်ရဲ့ negative energy ကို positive ကိုပြန်ကူးပြောင်းစေနိုင်ပါတယ်။ ဘယ်လောက်ပဲ negative ဖြစ်နေတဲ့ အခြေအနေဖြစ်ဖြစ် positive ရှိပါတယ်။
အပေါ်မှာပြောခဲ့တဲ့ ဒေါသကြီးတဲ့ client case ဆိုရင် အဲ့လိုလူမျိုးကို စကားပြောဖို့ကြိုးစားရင်း အဲ့ညီမလေးကိုယ်တိုင် energy ပြောင်းလဲနိုင်သွားတယ်… ပြီး ဒေါသကြီးတဲ့သူတွေကို ကိုယ်လိုချင်တဲ့ result ရအောင် ဘယ်လိုစကားပြောရင် အဆင်ပြေမလဲဆိုတဲ့ communication skill တက်လာတယ်… သူများရဲ့ negative energy ကိုကြည့်ပြီးကိုယ်တိုင် positive ပိုဖြစ်ဖို့ ကြိုးစားတတ်လာတယ် စသဖြင့် တွေးတတ်ရင် ကျေးဇူးတင်စရာတွေအများကြီးပါ။ ကိုယ်ကရှာဖွေတတ်ဖို့ပဲလိုပါတယ်။

ဒီလောက်ဆိုရင် Energy and Frequency အတက်အကျတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး positive energy ဘက်ကို ဘယ်လိုပြန်ပြောင်းမလဲဆိုတာကို နားလည်သဘောပေါက်ပြီလို့ ယုံကြည်ပါတယ်။

ကျေးဇူးတင်ပါတယ် 💚

💚25th July 2020💚

With all my Love & Energy

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency
#12UniversalRules