Feature Articles

Rule No.3, Law of Attraction

ကိုယ်လိုချင်တဲ့ ငွေကြေး၊ relationship ၊ အလုပ်၊ အောင်မြင်မှု စတဲ့ ကိုယ်လိုချင်တဲ့အရာတွေ ကိုယ့်ဘဝထဲ ရောက်အောင် ဘယ်လိုဆွဲခေါ်ကြမလဲ ?????
Universal RuleNo3 : Law of Attraction

Universal Rule No3 က ကျယ်ပြန့်တဲ့အတွက် Part (I)and Part (II) ဆိုပြီး နှစ်ပိုင်းခွဲပြီးရှင်းပြသွားပါမယ်..

Part (I)
လူတိုင်းမှာ ကိုယ်လိုချင်တဲ့ငွေကြေး၊ ကိုယ်လိုချင်တဲ့ beautiful relationship ၊ကိုယ်လိုချင်တဲ့ အလုပ် ၊ကိုယ်လိုချင်တဲ့ အိမ် ကား ၊ ကိုယ်ရချင်တဲ့ အောင်မြင်မှု၊ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် စသဖြင့် လိုချင်တဲ့ အနာဂတ်မျှော်လင့်ချက်၊စိတ်ကူးအိပ်မက်တွေ ရှိကြပါတယ်…

ကိုယ်မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးတွေ ကိုယ့်ဘဝထဲ တကယ်ရောက်လာအောင် Law of attraction concept ကို အသုံးပြုပြီး ဘယ်လိုဆွဲခေါ်လို့ရလဲဆိုတာကို ဒီနေ့ပြောပြသွားပါမယ်…

မနေ့က Rule No2 မှာ စိမ်းတို့ လူတစ်ဦးချင်းစီရဲ့ယုံကြည်ချက်တွေ၊ အယူအတွေ၊ ခံစားချက်တွေ၊အမူအကျင့်တွေအပါအဝင် သက်ရှိသက်မဲ့အရာအားလုံးဟာ Energy ဖြစ်ပြီး Energy တစ်ခုချင်းစီမှာ မတူညီတဲ့ vibrational frequency ရှိတယ်ဆိုတာကို စိမ်းရှင်းပြခဲ့ပြီးဖြစ်ပါတယ်။

ဆိုလိုတာက Universe က သက်ရှိရယ်၊ သက်မဲ့ရယ်မခွဲဘဲ Energy နဲ့ပဲ အလုပ်လုပ်ပါတယ်…. ဘယ်လိုအလုပ်လုပ်လဲဆိုရင် ဘယ်အရာမဆို positive energy ရယ်၊ negative energy ရယ်ဆိုပြီးပဲ Energy နှစ်မျိုးနှစ်စားနဲ့ပဲ Universe ကသတ်မှတ်ပါတယ်။ Positive energy က positive ရှိတဲ့နေရာကိုသွားပြီး Negative energy က negative ရှိတဲ့နေရာကိုသွားပါတယ်။ အဲ့ဒီတော့ ကိုယ့်ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ကောင်းမွန်သောပြောင်းလဲခြင်းတွေ( positive life changes) တွေကိုယ့်ဆီရောက်လာဖို့ အရေးအကြီးဆုံးကတော့ ကိုယ့်မှာ positive energy ရှိဖို့ပါပဲ …

ကိုယ့်မှာ positive energy ရအောင် ဘာတွေလုပ်ကြမလဲ ????

1. Focus to positive things ✅✅✅
(ကိုယ့်ဘဝမှာရနေတဲ့ကောင်းမွန်သော အရာများကို ရှာဖွေကျေးဇူးတင်ပါ)
လူ့စိတ်ဆိုတာ ဘယ်အရာမဆို မကောင်းတဲ့ negative ကစမြင်၊ စတွေးတတ်တဲ့အကျင့်ပါလာတဲ့အတွက် အကောင်းကိုရှာကြံတွေးဖို့အင်မတန်ခက်ပါတယ်။ သူများကိုတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုပါ မကောင်းတဲ့နေရာကစမြင်တတ်ပါတယ်။ မိုးလင်းအိပ်ယာထထဲက problems တွေပဲစဉ်းစားတတ်ပါတယ်။ အမှန်တော့ ညက အမိုးအကာအောက်မှာကောင်းကောင်းအိပ်ခွင့်ရတာ အသက်ရှင်လျက်ကျန်းကျန်းမာမာနိုးလာတာကိုက ကိုယ့်အတွက် ကျေးဇူးတင်စရာပါ။ ငါတို့ဘဝက အဆင်မပြေပါဘူး…ဘာကောင်းတာကိုသွားတွေးရမှာလဲ? ဆိုရင် ခုဒီစာတွေဖတ်ဖို့ ကောင်းမွန်တဲ့အမြင်ပေးတဲ့ မျက်လုံးရှိနေတာ၊ စာဖတ်ဖို့ဖုန်းရှိနေတာ ၊အင်တာနက်ရှိနေတာ၊ ကိုယ်မသိသေးတဲ့ အကြောင်းအရာဗဟုသုတကို လေ့လာချင်စိတ်ရှိနေတာကိုက ကိုယ့်အတွက်ကောင်းတဲ့ အချက်ပါပဲ .. ကိုယ့်မှာ ကောင်းတဲ့အရာတွေရှိနေတယ်ဆိုတာ ကိုယ်ကသတိမထားမိတာပါ။ ကိုယ့်မှာရနေတဲ့ ကောင်းတဲ့အရာတွေကို ရှာတွေးတတ်ပြီဆိုရင် ဘယ်ကိစ္စမဆို positive ဖက်ကနေတွေးတတ်တဲ့ အကျင့်ရလာပါလိမ့်မယ်။ ဘယ်လိုမဆိုဖြတ်သန်းရမယ့်နေ့ရက်တွေမှာ ကိုယ်က စိတ်ညစ်စရာတွေ ပြဿနာတွေကိုပဲ အာရုံစိုက်မှာလား … ကိုယ်ရနေတဲ့ကျေးဇူးတင်စရာကောင်းတဲ့အချက်တွေကိုပဲ အာရုံစိုက်မှာလား ဆိုတာ ကိုယ့်ရဲ့ choice ပါ။

2. Change the frequency ✅✅✅
(ကိုယ့်ရဲ့အယူအဆတွေ ခံစားချက်တွေကို ဆန်းစစ်ပါ)
ကိုယ်လိုချင်တဲ့ အိပ်မက်တွေကို ကိုယ့်ဘဝထဲ ဆွဲခေါ်ဖို့အတွက် ကိုယ့်စိတ်ရဲ့ frequency အတက်အကျက အခရာပါပဲ။ မနေ့က RuleNo2 မှာပြောခဲ့တဲ့ WiFi ဥပမာနဲ့ပြောရရင် operator ပေါင်းစုံက WiFi တွေ လွှင့်ထားတယ်ဆိုပေမယ့် ကိုယ်လိုချင်တဲ့လိုင်းကို ဖမ်းဖို့အတွက် အိမ််မှာ WiFi receiver စက်လိုပါတယ်။ အဲ့စက်ကကောင်းနေမှ လိုချင်တဲ့ လိုင်းကို မထစ်မငေါ့ဘဲရမှာပါ။ အဲ့ဒီ receiver က ကိုယ့်ရဲ့စိတ်ပါပဲ။
ဥပမာတွေပြောပြပါမယ်….
ကိုယ်က ပစ္စည်းတစ်ခုကို စရောင်းမယ်ဆိုရင်
“စျေးရောင်းရမှာ ရှက်စရာကြီး တို့ ၊သွားရောင်းပြီးမဝယ်ရင်ဘယ်လိုလုပ်မလဲတို့ “ ဆိုတဲ့ low frequency နဲ့
“ ငါကလူတွေအတွက်အသုံးဝင်တာကိုရောင်းမှာ၊ customer ကိုကောင်းကောင်းရှင်းပြမှာ၊ ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ ငါလုပ်စရာရှိတာ အကောင်းဆုံးလုပ်မယ်” ဆိုတဲ့ high frequency မှာ စျေးရောင်းတာချင်းအတူတူ ဘယ် frequency က အလုပ်ဖြစ်မယ်ထင်ပါသလဲ ???
ကိုယ်လိုချင်တဲ့ ကားရဲ့ ပုံကိုကြည့်ပြီး “ငါတတ်နိုင်မှာမဟုတ်ပါဘူးလေ” ဆိုတဲ့ low frequency နဲ့ “အဲ့ကားလေးဝယ်ဖို့ငွေရလာမှာ” ဆိုတဲ့ high frequency မှာရော ဘယ် frequency က ကားရဖို့ပိုနီးစပ်မယ်ထင်ပါသလဲ ????
ကိုယ်လိုချင်တဲ့အရာကိုရဖို့ ကိုယ့်စိတ်ကို ဘယ်လို frequency မှာထားမှာလဲဆိုတာလည်း ကိုယ့်ရဲ့ choice ပါပဲ …

3. Make clarity ✅✅✅
(ကိုယ်လိုချင်တဲ့အရာကိုရှင်းလင်းပြတ်သားစွာသိပါစေ)
စိမ်းတို့လူတွေမှာ လိုချင်တာကို တိတိကျကျပြတ်ပြတ်သားသားသိတယ်ဆိုတာ တော်တော်ရှားပါတယ်။ ရုတ်တရက်ဆိုရင်တော့ လိုချင်တာပဲ သိတာပေါ့လို့ ဆိုကြမှာပါ… စိမ်း ရဲ့ student တွေ client တွေကို သူတို့ life goal တွေနဲ့ပတ်သတ်ပြီးစကားပြောရင် စိမ်းက ဘာဖြစ်ချင်တာလဲမေးလေ့ရှိပါတယ်။ တချို့တွေက ဒီ့ထက်ပိုက်ဆံပိုရချင်တယ်လို့ဖြေကြတယ်။ ဘယ်လောက်ပိုရချင်တာလဲ? ၁၀သိန်းလား သိန်း၅၀လား သိန်း၁၀၀လား သိန်း၁၀၀၀လားမေးရင် ရုတ်တရက်အဖြေမရှိတော့တာမျိုးတွေ့ရပါတယ်။ အဲ့လိုပဲ ကားလိုချင်တယ်ဆိုတာနဲ့မပြီးပါဘူး .. ဘာ model၊ ဘာအရောင်၊ ဘာ brand စတဲ့ အတိအကျကိုသိဖို့လိုပါတယ်… အိမ်လိုချင်တယ်ဆိုလဲ တိုက်ခန်းလား၊ ကွန်ဒိုလား၊ လုံးချင်းလား၊ သစ်သားအိမ်လား မြို့ပေါ်မှာလား တောင်တန်းဒေသတွေပေါ်မှာလားစသဖြင့် အတိအကျသိရပါမယ်။ ကိုယ်လိုချင်တာကို တိတိကျကျသိလေလေလိုချင်နေတဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေရဲ့ frequency နဲ့ကိုယ်နဲ့နီးစပ်လေလေပါပဲ…

4. Be now at the moment ✅✅✅
(ကိုယ်လိုချင်တဲ့အရာကိုလက်ရှိမှာရနေပြီလို့ စတင်ခံစားပါ)
လူတွေကတွေးလေ့ရှိပါတယ်။ ငါလိုချင်တဲ့ laptop လေးရရင်တော့ အရမ်းပျော်မှာပဲ၊ငါရချင်တဲ့ရာထူးတိုးသွားရင် သိပ်ပျော်မှ၊ ငါဒီလအရောင်း target ပြည့်သွားရင်ပျော်စရာကြီး၊ ငါသွားချင်တဲ့ခရီးသွားရရင် ဘယ်လောက်ပျော်စရာကောင်းမလဲစသဖြင့် တွေးတတ်ပါတယ်။အဲ့ဒီအတွေးတွေကိုသေချာကြည့်ရင် “ဒါရရင်ကောင်းမယ်တို့ ဒါလေးဖြစ်လာရင်သိပ်ပျော်မှာပဲ” တို့ဆိုတာ အဲ့အရာတွေဟာ မဖြစ်သေးတဲ့အတွက် ပျော်စရာမလိုဘူးဆိုတဲ့သဘောသက်ရောက်နေပါတယ်။အဲ့ဒါရရင်ဖြစ်လာမယ့်အပျော်ဆိုတာ ခုတည်းကတွေးပြီးပျော်နေလို့ ကျေနပ်နေလို့ရပါတယ်။အနာဂါတ်ထိစောင့်စရာမလိုပါဘူး။ကိုယ်လိုချင်တဲ့အရာတွေကို လက်ရှိရနေသလို ဦးနှောက်ကနေ ခဏခဏတွေးတောပုံဖော်ပြီး နှလုံးသားကနေ ပျော်ရွှင်ကျေနပ်တဲ့ ခံစားချက်ကိုခဏခဏခံစားတဲ့အခါ ကိုယ့်ရဲ့ energy and frequency က ကိုယ်လိုချင်တဲ့၊ကိုယ်ဖြစ်ချင်တဲ့ ကိစ္စရပ်တွေရဲ့ energy and frequency ကို ကိုယ့်ဆီ attract လုပ်ပါလိမ့်မယ်။

စိမ်းသင်တန်းက student တွေကိုရော စိမ်း client တွေကိုရောအမြဲပြောလေ့ရှိတဲ့စကားရှိပါတယ်။ လောကကြီးမှာတိုက်ဆိုင်တယ်ဆိုတာ မရှိပါဘူး။ကိုယ်လိုချင်တာကိုရလာတာဟာ အဲ့အရာကို ကိုယ့်ရဲ့energy က attract လုပ်နိုင်လို့ပါ။

ခု ဒီစာကိုဖတ်ပြီးရင် ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေဖြစ်ခဲ့ဖူးတာတွေ၊ ကိုယ်လိုချင်တာတွေ ရခဲ့ဖူးတာတွေစတဲ့ ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြန်စဉ်းစားကြည့်ပါ… သေးသေးဖြစ်ဖြစ်၊ ကြီးကြီးဖြစ်ဖြစ်လူတိုင်းမှာ ရှိကိုရှိပါတယ်… တကယ်လို့ ကိုယ်လိုချင်တာတွေမရသေးဘူးဆိုလည်း အပေါ်မှာရေးပြခဲ့တဲ့ ၄ ချက်နဲ့ပြန်ဆန်းစစ်ကြည့်လို့ရပါတယ်..

အဲ့ဒီတော့ တချို့တွေကမေးပါလိမ့်မယ်… ကိုယ်လိုချင်တာတွေကို attract လုပ်ပြီးရတာတော့ဟုတ်ပါပြီ…
ကိုယ်မလိုချင်တာတွေကိုယ့်ဘဝမှာရလာတာ ကိုယ်မကြိုက်တဲ့လူတွေကိုယ့်နားရောက်လာတာကရော ဘယ်လိုမျိုးလဲဆိုပြီးတွေးစရာပါ။

Part (II)
လူတော်တော်များများမှာ ကိုယ်မကြိုက်တဲ့ အကျင့်တွေကိုယ့်မှာရှိနေတာ၊ ကိုယ်မလိုချင်တဲ့ အမူအကျင့်ရှိသူတွေပဲ ကိုယ့်နားရောက်လာတာ၊ မကောင်းဘူးလို့ တွေးထားတဲ့သူတွေနဲ့ပဲ ထပ်ခါထပ်ခါ တွေ့နေရတာ၊ ကိုယ်မကြိုက်တဲ့ ကိစ္စမျိုးတွေချည်းဖြစ်ဖြစ်လာတာမျိုး လူတိုင်းရှိကြပါတယ်။
စိမ်းလည်း စိတ်ပညာနဲ့ Energy တွေရဲ့သဘောကို မလေ့လာခင်တုန်းက ငါဘာလို့ဒါမျိုးတွေချည်းဖြစ်နေတာလဲ၊ ငါက ကောင်းကောင်းမွန်မွန်နေရက်နဲ့ ဘာလို့ အကျင့်မကောင်းတဲ့သူတွေ လူလိမ်တွေနဲ့ပဲတွေ့နေတာလဲဆိုပြီး ခဏခဏတွေးမိဖူးပါတယ်။

စိမ်းတို့လူတွေရဲ့ စိတ်မှာ သိစိတ် (Conscious Mind) နဲ့ မသိစိတ် (Unconscious Mind) ဆိုတာရှိပါတယ်။ လူတစ်ယောက်ရဲ့ အပြုအမူ၊ အပြောအဆို၊ ရွေးချယ်ချက်၊ ဆုံးဖြတ်ချက်တွေကို သိစိတ်က ၁၀% ပဲလွှမ်းမိုးပြီး မသိစိတ်က ၉၀% လွှမ်းမိုးပါတယ်။ အဲ့ဒီ ၉၀% လွှမ်းမိုးထားတဲ့ အရေးကြီးတဲ့ မသိစိတ်က Yes or No တို့ Do’s and Don’ts တို့ ✅ ❌ တို့ကိုမသိပါဘူး။
ဥပမာ လူတစ်ယောက်က လက်ဖက်ရည် ကြိုက်တယ်ပဲတွေးတွေး၊ လက်ဖက်ရည်မကြိုက်ဘူးပဲတွေးတွေး စိတ်က လက်ဖက်ရည်ပဲ မှတ်ထားတာပါ။( ကြိုက်တယ်တွေ၊ မကြိုက်ဘူးတွေမမှတ်ထားပါဘူး)
အဲ့ဒီအတွက်ကိုယ်က ဒေါသကြီးတဲ့သူမဖြစ်ချင်ဘူးဆိုပြီး တွေးရင် မသိစိတ်က “ဒေါသကြီးတဲ့သူ” လို့ပဲ မှတ်ထားတာပါ။ (ဖြစ်ချင်တာတွေမဖြစ်ချင်တာတွေမသိပါဘူး)
အလားတူပဲ လူလိမ်တွေနဲ့အလုပ်လုပ်မလုပ်ချင်ဘူးတွေးရင်လည်း “လူလိမ်” ဆိုတာကိုပဲ စိတ်ကမှတ်လိုက်တာပါ။ (လုပ်ချင်တာမလုပ်ချင်တာတွေကိုလိုက်မမှတ်ပါဘူး) ထပ်ခါထပ်ခါတွေးလေလေ ကိုယ့်စိတ်က ထပ်ခါထပ်ခါလိုက်မှတ်လေလေပါပဲ။ ဆိုလိုချင်တာ လူလိမ်တွေနဲ့မတွေ့ချင်ဘူးတွေးလေလေ “လူလိမ်” ဆိုတာကိုပဲ မသိစိတ်ကမှတ်လေလေဖြစ်ပြီး ကိုယ့်ဘဝမှာ လူလိမ်တွေနဲ့ထပ်တွေ့လေလေပါပဲ။
That’s one point ပါ။ နောက်တစ်ခုဆက်ရှင်းပြပါမယ်။

စိမ်းတို့ရဲ့လူ့ဦးနှောက်က ပုံဖော်တွေးတောစိတ်ကူးခြင်း (imagination) လုပ်လို့ရပြီး ကိုယ်ကခဏခဏပုံဖော်ပြီးတွေးလေလေ ကိုယ်တွေးတဲ့ကိစ္စတွေဟာဖြစ်လာဖို့ နီးလေလေပဲဆိုတာစိမ်း အရှေ့က post တွေမှာ ရှင်းပြခဲ့ပြီး ဖြစ်ပါတယ်။
ခုနဥပမာတွေနဲ့ ပြန်ပြောပြရရင် လူလိမ်နဲ့မတွေ့ချင်ဘူးဆိုတာက ကိုယ်အလိမ်ခံရဖူးလို့ ထပ်မတွေ့ချင်တော့တာပါ။ အဲ့ဒီတော့ လူလိမ်နဲ့မတွေ့ချင်ဘူးလို့ တွေးတဲ့အချိန်တိုင်း ကိုယ့်ဦးနှောက်ကနေ အရင်ကအလိမ်ခံရဖူးလို့ ဆုံးရှုံးခဲ့တာတွေ၊ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာတွေကို ရုပ်ရှင်ပြသလို ပြန်မြင်တော့မှာပါ။ အဲ့ဒီတုန်းက အဖြစ်အပျက်တွေကို စက္ကန့်ပိုင်းအတွင်း ပုံရိပ်ဖော်ပြီး ပြန်မြင်လာမှာပါ။ ခဏခဏတွေးလေလေ ဦးနှောက်က ပုံရိပ်ပြန်ဖော်လေလေဖြစ်ပြီး ဦးနှောက်ကသူ့ကိုတော့ ဒါမျိုးရအောင် ညွှန်ကြားနေပြီဆိုတာမျိုးမှတ်ချလိုက်တာပါ။ That’s another point ပါ။
ခြုံပြီးပြန်ပြောရရင် လူလိမ်တွေနဲ့ အလုပ်လုပ်ချင်ဘူးဆိုပြီး ခဏခဏတွေးလေလေ ဦးနှောက်က အတိတ်က အလိမ်ခံခဲ့ရဖူးတာတွေကိုပုံပြန်ဖော်လေလေ ၊စိတ်က “လူလိမ်” ဆိုတာပဲမှတ်လေလေဖြစ်ပြီး ကိုယ့် ဦးနှောက်နဲ့မသိစိတ်ပေါင်းပြီး နောက်တစ်ခါလည်း လူလိမ်တွေဆီပဲ ကိုယ်ကရောက်ရောက်သွားတာမျိုးပါ။ ကိုယ်ကိုယ်တိုင်တောင်မသိဘဲ လူလိမ်တွေနဲ့ကိုယ်နဲ့ တွေ့အောင် ကိုယ့်ရဲ့ energy and frequency က attract လုပ်နေတာပါ။
စိမ်းပြောတာ ပိုပြီး နားလည်အောင် ဥပမာ ၃ ခုလောက်ထပ်ပေးပါမယ်။
၁။ငယ်ငယ်ကဒေါသအရမ်းကြီးတဲ့အဖေ/အမေနဲ့ကြီးပြင်းခဲ့ရလို့ ဒေါသကြီးတာကိုမကြိုက်တဲ့ လူတစ်ယောက်ဟာ “ငါဒေါသကြီးတဲ့သူမဖြစ်ချင်ဘူး” ဆိုပြီးတော့ခဏခဏတွေးပါမယ်။ သူတွေးတဲ့ အချိန်တိုင်း သူ့မသိစိတ်က “ဒေါသကြီးသူ”ဆိုတာကိုပဲထပ်ခါထပ်ခါမှတ်မယ်( ဖြစ်ချင်တာမဖြစ်ချင်တာလုံးဝမမှတ်ပါဘူး) ၊ တချိန်တည်းမှာပဲ သူ့ဦးနှောက်က ဒေါသကြီးတဲ့ အဖေ/အမေရဲ့ အော်တဲ့ ရိုက်တဲ့ အိမ်မှာဆူပူနေတဲ့ဖြစ်ရပ်တွေကိုပဲ ထပ်ခါထပ်ခါပုံဖော်ပြီး သူမကြိုက်တဲ့ဒေါသကြီးတဲ့သူပဲဖြစ်လာတာပါ။
၂။ ချစ်သူစထားတုန်းက တွဲမိတဲ့သူက ရိုက်တတ်တဲ့သူဖြစ်နေလို့ ပြတ်စဲပြီး ဒီတစ်ခါတော့ ရိုက်တတ်တဲ့သူနဲ့မတွဲဘူးလို့ ထပ်ခါထပ်ခါတွေးလေလေ သူ့မသိစိတ်က “ရိုက်တတ်တဲ့သူ” ဆိုတာပဲမှတ်လေလေ (တွဲချင်တာတွေ မတွဲချင်တာတွေ မမှတ်ပါဘူး) ၊ ဦးနှောက်ကလည်း အရိုက်ခံရတဲ့ အချိန်က ပုံရိပ်တွေပဲပြန်မြင်လေလေ နောက်တွေ့လာတဲ့ ကိုယ့်ကိုစိတ်ဝင်စားတဲ့သူတွေ အများကြီးထဲကနေ ရိုက်တတ်သူကိုပဲ ကိုယ်တိုင်က ရွေးချယ်မိသွားတာပါ။

၃။လုပ်ငန်းခွင်ထဲမှာဆိုလည်း ကိုယ်အလုပ်စဝင်တုန်းက တွေ့ရတဲ့ အထက်လူကြီးက လူရှေ့မရှောင်အော်တတ်အရှက်ခွဲတတ်လို့ ကိုယ်မကြိုက်ခဲ့ ဝမ်းနည်းခဲ့ပေမယ့် ကိုယ်လည်းအထက်လူကြီးဖြစ်လာရော ကိုယ်သတိမထားမိလိုက်ဘဲ ကိုယ့် team ကလူကို လူကြားထဲ အရှက်ခွဲတာ အားနည်းချက်နင်းပြောတာမျိုးတွေလုပ်၊ အသိစိတ်ဝင်လာတော့ ငါလွှတ်ခနဲဘယ်လိုထွက်သွားမှန်းမသိဘူးဆိုပြီး တွေးလိုက် ၊ ပြီးပြန်အော်လိုက်နဲ့သံသရာလည်နေတာကလည်း ခုရှင်းပြထားတဲ့ ဦးနှောက်နဲ့မသိစိတ်ရဲ့အလုပ်လုပ်ပုံတွေကြောင့်ပါပဲ။

ဒီဥပမာတွေနဲ့ဆို စိမ်းပြောပြချင်တဲ့ ကိုယ်မလိုချင်တာတွေဘာလို့ကိုယ့်ဆီပဲထပ်ခါထပ်ခါလာဖြစ်နေတာလဲဆိုတာ သဘောပေါက်မယ်လိုယုံကြည်ပါတယ်။ ကိုယ်လက်ရှိရနေတဲ့ ကိုယ်မကြိုက်ပါဘူးလို့တွေးထားတဲ့ အကျင့်တွေ၊ လူတွေ၊ relationship တွေ ၊ ငွေကြေးတွေ ပတ်ဝန်းကျင်တွေ စသဖြင့် ကိုယ့်ဘဝမှာရနေတဲ့ အရာတွေအားလုံးကို ကိုယ်တိုင်က attract လုပ်ထားတာပါ။

အဲ့လိုမျိုးတွေ ထပ်မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ?????
✅Change the Focus ✅
ကိုယ်မကြိုက်တာမဖြစ်ချင်တာတွေကိုမတွေးဘဲ ကိုယ်ကြိုက်တာဖြစ်ချင်တာကိုပဲ အာရုံစိုက်ပြီးတွေးပါ။
စိမ်းတို့ ဦးနှောက်ကအတွေးနဲ့မသိစိတ်နဲ့ပေါင်းထားတဲ့ energy ဟာ အရမ်း power ကြီးတယ်ဆိုတာသိပြီးကြပါပြီ။အဲ့ဒီpower ကို ကိုယ်မလိုချင်တဲ့ ကိစ္စတွေကနေ လိုချင်တဲ့ဖြစ်ချင်တဲ့ ကိစ္စတွေကို ပြောင်းပြီး focus လုပ်ဖို့လိုပါတယ်။ ဘယ်လိုfocus ပြောင်းမလဲဆိုတာ ဥပမာလေးတွေပြောပြပါမယ်။
✅လူလိမ်တွေနဲ့မတွေ့ချင်ဘူး ၊ လူလိမ်တွေနဲ့မတွေ့ချင်ဘူး၊ လူလိမ်တွေနဲ့မတွေ့ချင်ဘူးဆိုပြီး ထပ်ခါထပ်ခါတွေးမယ့်အစား လူကောင်းတွေနဲ့အလုပ်လုပ််မယ် လို့ပြောင်းတွေးတာမျိုး
✅အရမ်းသဝန်တိုတတ်သူနဲ့မတွဲချင်ဘူး၊ အရမ်းသဝန်တိုတတ်သူနဲ့မတွဲချင်ဘူး၊ အရမ်းသဝန်တိုတတ်သူနဲ့မတွဲချင်ဘူးလို့ခဏခဏတွေးနေမယ့်အစား နားလည်မှုရှိတဲ့သူနဲ့ပဲလက်တွဲမယ်လို့ပြောင်းတွေးတာမျိုး
✅ငွေအများကြီးမရှိတာစိတ်ညစ်တယ်၊ ငွေ​အများကြီးမရှိတာစိတ်ညစ်တယ်၊ ငွေအများကြီးမရှိတာစိတ်ညစ်တယ်လို့ ထပ်ခါထပ်ခါတွေးမယ့်အစား သုံးချင်ရင် သုံးဖို့ငွေရှိနေလို့ ကံကောင်းတယ်လို့ ပြောင်းတွေးတာမျိုး စသဖြင့် ပြောင်းပြီး Focus လုပ်ရမှာပါ။
တသက်လုံး တွေးလာတဲ့အတွေးတွေကို ပြောင်းပြီး focus လုပ်ဖို့လွယ်လားမေးရင် မလွယ်ပါဘူးလို့ပဲဖြေရပါမယ်။ ဒါပေမယ့် အရင်က ၁၀ကြိမ်မကောင်းတာတွေးရင် ၁ ကြိမ်လောက်ပြောင်းတွေး ၊၂ကြိမ်လောက်ပြောင်းတွေးရင်းနဲ့ တဖြည်းဖြည်းအကျင့်ဖြစ်လာပြီး ကိုယ်လိုချင်တာတွေကို Focus လုပ်ပြီးတွေးတတ်လာပါလိမ့်မယ်။
ဒီလောက်ဆို စိမ်းပြောချင်တဲ့ concept ကို အားလုံးသဘောပေါက်နားလည်လိမ့်မယ်လို့ယုံကြည်ပါတယ်။
Law of attraction ဆိုတဲ့လောကနိယာမအရ စိမ်း Part(I) မှာရှင်းပြသလို ကိုယ်လိုချင်တာတွေကို ကိုယ့်ဘဝထဲ ဆွဲခေါ်လို့ရသလို ခု part (II) မှာရှင်းပြထားတဲ့ ကိုယ်မလိုချင်တာမဖြစ်ချင်တာတွေလည်း ကိုယ်တောင်မသိလိုက်ဘဲ ကိုယ့်ဘဝထဲ attract လုပ်မိတာမျိုးဖြစ်တတ်ပါတယ်။
ကိုယ့်ဘဝမှာရနေတဲ့ ကောင်းသောမကောင်းသော၊ကြိုက်သောမကြိုက်သော အရာအားလုံးဟာ ကိုယ်တိုင် attract လုပ်ထားတာပါ။

ကျေးဇူးတင်ပါတယ် 💚
💚23rd July 2020💚

With all my Love & Energy

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency
#12UniversalRules