Feature Articles

Rule No.2, Everything is Energy

သင့်ဘဝအတွက် သိထားသင့်တဲ့ လောကနိယာမ (၁၂) ပါး – 12 Universal Rules
Rule No.2 : Everything is energy

💚 Hello 💚
ဒီနေ့တော့ လောကနိယာမ ၁၂ ပါး (12 Universal rules) ထဲက Rule No2 ကိုပြောပြပါမယ်..
Universal rule No2 ရဲ့ concept က Everything is energy ပါ…
လောကကြီးမှာ ဟိုးအသေးအမွှားဖုန််မှုန့်ကစပြီး သက်ရှိသက်မဲ့ အရာအားလုံးဟာ energy နဲ့ဖွဲ့စည်းထားပါတယ်.. စိမ်းတို့ရဲ့ ခန္ဓာကိုယ်သာမက ရှူနေတဲ့လေ၊ရနေတဲ့အလင်းရောင်၊သစ်ပင် ၊အိမ် ၊ကား ၊ဖုန်းစတာတွေ ခွေး၊ကြောင်၊ငှက် အစရှိတဲ့ တိရိစ္ဆာန်တွေအားလုံး ရှိရှိသမျှ မြင်ရတာ၊ မမြင်ရတာ ထိလို့ရတာမရတာ ဘယ်အရာမဆို Energy နဲ့ဖွဲ့စည်းထားပါတယ်..
စိမ်းတို့ လူ့ခန္ဓာကိုယ်ကို တဆင့်ချင်း ခွဲခြမ်းစိတ်ဖြာပြီး microscopeနဲ့ကြည့်မယ်ဆိုရင် အသေးဆုံး cellပေါင်းများစွာနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ လူတိုင်းသိပြီးသားပါ.. အဲ့ဒီ cells တွေကို ထပ်ပြီးအသေးစိတ်ချဲ့ကြည့်ရင် atom ဆိုတဲ့ အလွန်သေးငယ်တဲ့အမှုန်အမွှားလေးတွေဖြစ်တာတွေ့ရပါမယ်…အဲ့ဒီ atom ဆိုတာကိုစိတ်နဲ့ အဆင့်ဆင့်ထပ်ခွဲလိုက်မယ်ဆို နောက်ဆုံးတွေ့ရမှာ energy ပါပဲ… လူလိုပဲ တခြားဘယ်အရာမဆို အသေးဆုံးအခြေအနေအထိ ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆို energy တွေနဲ့ဖွဲ့စည်းထားတဲ့ သန်းပေါင်းများစွာသော atom တွေကိုပဲတွေ့ရမှာပါ…
‘’Everything in the universe is made up of Energy’’ ပါ…
ထူးခြားတာက စိမ်းတို့ရဲ့ အတွေးတွေ၊ အယူအဆတွေ၊ ယုံကြည်ချက်တွေ၊ ခံစားချက်တွေ အားလုံးမှာလည်း energy ရှိပါတယ်…
ဥပမာ လူတွေမှာ အမြဲပူလောင်တတ်တဲ့သူ၊ အမြဲစိတ်ညစ်တတ်တဲ့သူ၊ တက်ကြွတဲ့သူ၊ ပျော်တတ်တဲ့သူ၊ အမြဲဘာမှန်းမသိစိတ်ပူနေတဲ့သူ၊ ဆင်ခြေပေးငြီးငြူတတ်သူ၊ အေးချမ်းနေတဲ့သူ၊ ပျော်စရာရှာတွေးတတ်သူ၊ သူများအပြစ်ပဲရှာကြံတတ်သူစသဖြင့် အဲ့လူအကြောင်းတွေးလိုက်တာ၊ကြားလိုက်တာ၊ မြင်လိုက်တာနဲ့ အဲ့လူကဘယ်လိုလူပါဆိုတဲ့ ခံစားချက်ဟာ အဲ့လူရဲ့ energy ပါပဲ… လူတစ်ယောက်နဲ့တွေ့ရင် သူ့ရဲ့ energy အမျိုးအစားကို တဖက်လူကခံစားလို့ရပါတယ်.. အဲ့လိုပဲ တစ်နေရာရာရောက်ရင် ဒီနေရာလေးရောက်သွားတာ အေးသွားတာပဲတို့ ဒီနေရာလေးကလန်းဆန်းလိုက်တာတို့ ဒီအခန်းကြီးထဲဝင်ရတာ မွန်းကျပ်သွားသလိုပဲတို့ဆိုတာ အဲ့နေရာတွေရဲ့ energy ပါပဲ…
မတူ ညီတဲ့ energy တွေမှာ မတူညီတဲ့ လှိုင်း (vibrational frequency )တွေရှိပါတယ်… ဥပမာ
စိမ်းတို့ spa ရောက်သွားရင် ဖွင့်တဲ့ တီးလုံးလေးတွေရဲ့ frequency ကနေ relax ဖြစ်စေတဲ့ energy ပေးသလို EDMပွဲတို့ သင်္ကြန်ပွဲတို့မှာ ဖွင့်တဲ့ တီးလုံးတွေ သီချင်းတွေရဲ့ frequency က ပျော်ရွှင်တက်ကြွတယ်ဆိုတဲ့ energy ကို ပေးပါတယ်….
အရာအားလုံးမှာ မတူညီတဲ့ frequency ရှိတယ်ဆိုတာကို စိမ်းအလွယ်ကူဆုံးဥပမာ ၃ ခုနဲ့ ထပ်ရှင်းပြပါမယ်…

1. အင်တာနက်သုံးတာ တွင်ကျယ်လာတာနဲ့အမျှ operator ပေါင်းစုံကလွှင့်ထားတဲ့ WiFi လိုင်းပေါင်းစုံဟာ မတူညီတဲ့ frequency နဲ့ရှိနေပါတယ်.. စိမ်းတို့မမြင်ရ၊ ထိတွေ့မရပေမယ့် စိမ်းတို့ ပတ်ဝန်းကျင်မှာ WiFi လှိုင်းတွေရှိနေတာကိုတော့ သိနေပါတယ်။

2. TV channel တွေဆိုလည်း အဲ့လိုပဲ .. ကိုယ်ကမြင်နေရတာမဟုတ်ဘူး.. ဒါပေမယ့် အားကစားကြည့်ချင်ရင် ဘယ်လိုင်း ၊ရုပ်ရှင်ကြည့်ရင် ဘယ်လိုင်း၊ သတင်းကြည့်ရင်ဘယ်လိုင်း စသဖြင့် မတူတဲ့ Channel တွေမှာ မတူတဲ့ frequency နဲ့ရှိနေပါတယ်။

3. FM တွေဆိုလည်း လေထဲမှာထိတွေ့မရပေမယ့် 87.9 ဆို Mandalay FM , 88.9 ဆို city FM စသဖြင့် သူ့ frequency နဲ့သူရှိပါတယ်။
ဒီ ဥပမာတွေကိုကြည့်ရင် Universe ထဲက ဘယ်အရာမဆို သူ့ frequency နဲ့သူရှိတာသိသာထင်ရှားပါတယ်.. အလားတူပဲ စိမ်းတို့ရဲ့ အတွေးအခေါ် ၊အယူအဆ ၊ယုံကြည်ချက် ၊လုပ်ရပ် နဲ့ အမူအကျင့်တွေအားလုံးမှာ မတူညီတဲ့ frequency တွေရှိပါတယ်။
ကိုယ်လိုချင်တဲ့ ငွေကြေး ၊ကိုယ်လိုချင်တဲ့ relationship ၊ ကိုယ်လိုချင်တဲ့ career စတဲ့ ကိုယ့်ရဲ့ မျှော်လင့်ချက် စိတ်ကူး အိပ်မက်တွေမှာလည်း မတူညီတဲ့ frequency တွေရှိပါတယ်… အဲ့ ကိုယ်လိုချင်နေတဲ့ ကိစ္စတွေ၊ ဆန္ဒတွေရဲ့ frequency တွေက ကိုယ့်ဆီဘယ်လိုရောက်လာနိုင်လဲ? မရောက်သေးရင်ရော ဘာကြောင့်ရောက်မလာသေးတာလဲ?နောက်ပြီး ကိုယ်မကြိုက်တဲ့ဖြစ်ရပ်တွေက ဘာလို့ ကိုယ့်ဆီရောက်လာတာလဲဆိုတာကို စိမ်းတို့တွေ မနက်ဖြန် Universal Rule No3 မှာ ဆက်ပြီးဆွေးနွေးသွားကြရအောင်…

ဒီ Universal Rule No2 လေးက အားလုံးအတွက်အကျိုးရှိမယ်ဆိုရင် ဒီpostလေးကို share လုပ်ပေးပြီး ချစ်ရတဲ့သူတွေအတွက် မျှဝေပေးပါဦးနော်…

Rule No1 – We are connected အကြောင်း ဖတ်ရှုလိုပါက
https://www.facebook.com/101067308353231/posts/113611803765448/

ကျေးဇူးတင်ပါတယ် 💚
💚21st July 2020💚

With all my Love & Energy

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency
#12UniversalRules