Feature Articles

Rule No.12: Everything has cause & effect

ခုလက်ရှိအခြေအနေမှာ
ကိုယ်သုံးချင်သလောက် သုံးဖို့ငွေအဆင်ပြေနေလား၊ မပြေသေးဘူးလား ????
ကိုယ်လိုချင်တဲ့ ပျော်စရာကောင်းတဲ့ relationship ရှိလား ၊ မရှိဘူးလား ????
ကိုယ်မှန်းထားသလို ကိုယ့်အလုပ်မှာ တိုးတက်မှုရှိလား၊ မရှိဘူးလား ????
ဘဝမှာကိုယ်လိုချင်တာတွေ ရပြီလား၊ မရသေးဘူးလား ????
Universal RuleNo 12: Everything has cause & effect

ဒီနေ့က လောကနိယာမ ၁၂ ပါးရဲ့ နောက်ဆုံး rule ဖြစ်ပါတယ်။ အရိုးရှင်းဆုံးrule ဖြစ်သလို ရှေ့ကပြောခဲ့တဲ့ rule တွေအားလုံးကို ခြုံငုံမိပြီး ဘဝမှာလည်း အရမ်း impact ဖြစ်တဲ့ rule ပါ။

ခုနက အပေါ်မှာမေးထားတဲ့ မေးခွန်းတွေထဲကလို ကိုယ့်ရဲ့ဘဝမှာ ငွေရှိခြင်း/မရှိခြင်း၊ relationship အဆင်ပြေခြင်း/မပြေခြင်း ၊ အလုပ်အကိုင်ကောင်းခြင်း/မကောင်းခြင်း၊ ကိုယ်လိုချင်တာတွေ ရခြင်း/မရခြင်းတို့ဆိုတာ အကျိုးတရား (effect) တွေပါ။ အဲ့အကျိုးတရားတိုင်းမှာ ဖြစ်ပေါ်စေတဲ့ အကြောင်းတရား (cause) တွေရှိကိုရှိပါတယ်။

အကြောင်းတရားကဘာလဲ ????

Universal Rule No 1-11 မှာ ထပ်ခါထပ်ခါပြောခဲ့သလို ကိုယ့်ဘဝမှာ ရနေတဲ့ ကောင်းသောမကောင်းသော၊ ကြိုက်သောမကြိုက်သော အကျိုးတရားတွေရဲ့ အကြောင်းအရင်းဟာ ကိုယ်ကိုယ်တိုင်ပါပဲ ။ အထူးသဖြင့် ကိုယ့်ရဲ့ Mindset and Energy ဖြစ်တဲ့ ကိုယ့်ရဲ့ အတွေးအခေါ် ၊ အယူအဆ၊ ခံယူချက်၊ ယုံကြည်ချက်၊ ခံစားချက်တွေပါ။

အဲ့ဒါမို့ ဘဝမှာကိုယ်လိုချင်သလိုဖြစ်မနေသေးဘူးဆိုရင် ကိုယ့်ရဲ့ inner ကိုပြန်သုံးသပ်ဖို့လိုပါတယ်။

ဖြစ်ရပ်တွေတိုင်းက ဒီလိုပဲတူတူရှိနေတာပါ။ ကောင်းတဲ့သူကလည်း ကောင်းတဲ့အတိုင်းရှိသလို မကောင်းတဲ့သူတွေကလည်း မကောင်းတဲ့အတိုင်းပဲရှိမှာပါ။ ဘာမှပြောင်းလဲလို့မရတော့တဲ့ အနေအထား​တွေ (ဥပမာ – အဆင်မပြေတဲ့ အယူအဆမတူတဲ့ မိဘနဲ့ အတူနေနေရတာတွေ ၊ အိမ်ထောင်ရေးအဆင်မပြေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့ဆက်နေရတာတွေ၊ အလုပ်ပြောင်းချင်ပေမယ့် စားဝတ်နေရေးကြောင့် သည်းခံနေရတာတွေ) လည်းရှိနေမှာပါ။

ဘယ်လိုအခြေအနေဖြစ်ဖြစ် ဘယ်အရာကို ကိုယ်ကအာရုံစိုက်မှာလဲ။ ကိုယ်လိုချင်တဲ့ အကျိုးဆက်ကဘာလဲ။ ကိုယ်လိုချင်တဲ့အကျိုးဆက်ကိုရဖို့ ကိုယ်ရဲ့အကြောင်းတရား ဖြစ်တဲ့ mindset and energy ဘယ်လိုပြောင်းလဲရမလဲဆိုတာကို သုံးသပ်ရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ energy ကို positive ဖြစ်စေဖို့ အလွယ်ကူဆုံးကတော့ ကိုယ်ရနေတဲ့ လက်ရှိ အနေအထားမှာပဲ အကောင်းကို ရှာဖွေပြီး ကျေးဇူးတင်ဝမ်းမြောက်တဲ့စိတ်နဲ့ ခံစားတဲ့ Attitude of Gratitude ပါပဲ။

စိမ်းခဏခဏပြောသလို ကိုယ်ဖြစ်ချင်တာကို အာရုံစိုက်ပြီး အကောင်းဘက် လှည့်တွေးတတ်တဲ့ အကြောင်းတရားတွေကသာ ကိုယ့်ဘဝမှာလိုချင်တဲ့ အကျိုးတရားကို အမြန်ဖြစ်စေမှာပါ။
ကိုယ့်ဘဝမှာ အဆင်မပြေတာတွေကို အာရုံစိုက်လေလေ ထပ်ပြီး အဆင်မပြေတဲ့ အကျိုးတရားတွေပဲဖြစ်လာလေလေပါ။

အကြောင်းအရာ (cause) တစ်ခုဟာ အကျိုးဆက် (effect) များစွာကိုဖြစ်စေပါတယ်။ Negative thoughts and emotions တွေကို ကိုယ်က focus လုပ်လေလေ ပထမအကျိုးဆက်အနေနဲ့ ကိုယ့် အမူအကျင့်တွေ ပုံစံတွေက Negative ဖြစ်လာမယ်။ ပြီးရင် ကိုယ်တိုင်တောင် သတိမထားလိုက်မိဘဲ negative people တွေကို ကိုယ့်ဘဝထဲ ဆွဲသွင်းလာမယ်။ သူတို့ လွှမ်းမိုးမှုကို ကိုယ့်မသိစိတ်က လက်ခံမယ်။

အကျိုးဆက်အနေနဲ့ ဘဝဟာ ကိုယ်ဖြစ်ချင်တာတွေဖြစ်မလာဘဲ ပျော်ရွှင်စရာလည်းမရှိတဲ့အနေအထား ၊အမြဲ စိတ်ဓာတ်ကျ စိတ်ညစ်နေရတဲ့ အနေအထားပဲဖြစ်လာပါလိမ့်မယ်။ Negative thoughts and emotions တစ်ခု အကြောင်းအရင်း အစပြုလိုက်တာ ကိုယ့်ဘဝမှာ negative effect တွေတစ်ခုပြီးတစ်ခု ဖြစ်လာတာမျိုးပါ။

အဲ့ဒါကြောင့် effect ကို ပြင်ချင်တယ်ဆိုရင် cause ကိုပြင်မှ ရမှာပါ။ လောကကြီးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိပါဘူး။ ကိုယ်ရနေတဲ့ အကျိုးတရားတွေဟာ ကိုယ့်ရဲ့ အကြောင်းတရားတွေကြောင့်ပါပဲ ။

ဒီနေရာမှာအရေးကြီးတာ ကိုယ့်ကိုယ်ကို သေချာသိတဲ့ self-awareness ပါ။ ကိုယ်လိုချင်တဲ့အကျိုးတရားမရသေးဘူးဆို ကိုယ့်မှာ ဘာအကြောင်းရှိနေလို့ ၊ဘယ်လို mindset & energy ဖြစ်နေလို့ ၊ ဘယ်အရာတွေကို ကိုယ်က အာရုံစိုက်မိနေလို့ စသဖြင့် သေချာပြန်လည်သုံးသပ်ပြီး အကြောင်းအရင်းကိုပြင်ဖို့လိုပါတယ်။

ဒါမှသာ ကိုယ်လိုချင်တဲ့ အကျိုးဆက်ဖြစ်တဲ့ positive effects တွေကို ကိုယ့်ဘဝထဲကို ဆွဲခေါ်နိုင်မှာ ၊ ကိုယ်လိုချင်တဲ့ ပျော်ရွှင်ပြီး ပြည့်စုံကြွယ်ဝချမ်းသာတဲ့ဘဝ (Abundance ) ကို ရရှိမှာ ဖြစ်ပါတယ်။

ဒီပို့စ်လေးက အကျိုးရှိတယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေအတွက် share လုပ်ပြီး မျှဝေပေးပါဦးနော်… 💚💚

ကျေးဇူးတင်ပါတယ် 💚

💚1st August 2020💚

With all my Love & Energy

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency
#12UniversalRules