Feature Articles

Rule No.1, We are Connected

သင့်ဘဝအတွက် သိထားသင့်တဲ့ လောကနိယာမ (၁၂) ပါး – 12 Universal Rules

ဘဝမှာ လူရယ်လို့ ဖြစ်လာရင် အေးချမ်းခြင်း၊ စိတ်ချမ်းသာခြင်း၊ အောင်မြင်ခြင်း၊ ပြည့်စုံကြွယ်ဝခြင်းတွေရဖို့အတွက် ကိုယ်စိတ်နှလုံး သုံးပါးလုံး (body-mind-spirit) တို့ harmony ဖြစ်ဖို့လိုအပ်ပါတယ်… တပြိုင်တည်းမှာဘဲ စိမ်းတို့နေထိုင်တဲ့ စကြာဝဠာ ( Universe) ရဲ့ သဘာဝအတိုင်းရှိနေတဲ့ လောကနိယာမ ၁၂ ပါး (12 Universal Rules) ကို သေချာသိထားရင် ကိုယ့်ဘဝရဲ့ ပြည့်စုံကြွယ်ဝချမ်းသာခြင်းဆိုတဲ့ Abundance ကို ရရန် ကိုယ့်ရဲ့ ကိုယ်စိတ်နှလုံး သုံးပါး ကို ဘယ်လိုပြင်ဆင် ထားရမလဲဆိုတဲ့အသိလေးရဖို့ အများကြီး အထောက်အကူပြုပါလိမ့်မယ်… အဲ့ဒီလောကနိယာမ (၁၂)ပါး – 12 Universal Rules ကို စိမ်း လေ့လာထားသလောက် တစ်ရက်ချင်း စိမ်းရှင်းပြသွားပါမယ်…
ပထမဆုံး Rule No.1 က #WeAreConnected ဖြစ်ပါတယ်။

1. We are connected
ဒီနေ့ Rule No 1 နဲ့စလိုက်ရအောင်…
Universal Rule No1 ကို အလွယ်ဆုံးစကားနဲ့ပြောရရင် We are connected လို့ပဲဆိုကြပါစို့…
“We are connected” ဆိုတဲ့ ဆိုတဲ့ concept ဟာ သဘာဝလောကရဲ့ အခြေခံအကျဆုံးနိယာမ (Foundation Rule )ဖြစ်ပါတယ်။
စိမ်းတို့နေထိုင်နေတဲ့ သဘာဝလောကလို့ဆိုရမယ့် ကမ္ဘာမြေအပါအဝင် နေအဖွဲ့အစည်း (Universe) တစ်ခုလုံးမှာ ရှိသမျှသက်ရှိသက်မဲ့တွေအားလုံးဟာ မြင်ရသည်ဖြစ်စေ မမြင်ရသည်ဖြစ်စေ အားလုံးဟာဆက်စပ်နေပါတယ်။ ဒီ Universe ဆိုတဲ့ အဖွဲ့အစည်း တစ်ခုထဲမှာပဲရှိနေတာဖြစ်တဲ့အတွက် အရာအားလုံးဟာ တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်(Everything is interconnected )လို့ ဆိုပါတယ်။ သက်ရှိနဲ့သက်မဲ့ ၊သက်မဲ့အချင်းချင်း ၊သက်ရှိအချင်းချင်း အကုန် ချိတ်ဆက်မှု ရှိပါတယ်။အဲ့ဒါမို့ လူတစ်ယောက်ရဲ့ ခံစားချက်တွေ အယူအဆတွေ ရွေးချယ်မှုတွေ ဆုံးဖြတ်ချက်တွေ အမူအကျင့်တွေအားလုံးဟာ အဲ့လူတစ်ယောက်ထဲကိုမဟုတ်ဘဲ သူ့မိသားစု သူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်း ကမ္ဘာမြေ နောက်ဆုံး စကြာဝဠာအထိ တလောကလုံးအပေါ် သက်ရောက်မှုရှိပါတယ်။ We are connected to everything ပါ..

ပိုပြီးရှင်းသွားအောင် ဥပမာလေးတွေ ပြောပြပါမယ်။ စိမ်းတို့ အသက်ရှူဖို့လိုတဲ့ Oxygen ကို အပင်တွေကနေထုတ်ပေးပြီး စိမ်းတို့ရှူထုတ်လိုက်တဲ့ Carbon Dioxide ကို အပင်တွေက စားသုံးပါတယ်.. အဲ့ဒီတော့ လူတွေရဲ့အသက်ရှင်နေထိုင်မှုအတွက်အပင်တွေအရေးကြီးသလို အပင်တွေရဲ့အသက်ရှင်နေထိုင်မှုအတွက် လူတွေဟာလည်းအရေးကြီးပါတယ်။ လူတစ်ယောက် အပင်တွေ စိုက်ဖို့ ဆုံးဖြတ်တာဟာ အရိပ်ရဖို့တင် မဟုတ်ဘဲ ကမ္ဘာမြေကိုအကျိုးပြုနိုင်တဲ့ ဂေဟစနစ်ကောင်းနဲ့ ရာသီဥတုကိုကောင်းမွန်ဖို့ကိုပါ အကျိုးသက်ရောက်စေပြီး အပင်ခုတ်ဖို့ ရွေးချယ်လိုက်ပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ ဂေဟစနစ်ပျက်တာ ရာသီဥတုဖောက်ပြန်တာ သဘာဝဘေး အန္တရာယ်တွေဖြစ်လာတာမျိုးထိ တလောကလုံး ထိခိုက်တာစေမျိုးပါ …

ဒီလိုပဲ မိသားစုဘဝမှာဖြစ်စေ လုပ်ငန်းခွင်ထဲမှာဖြစ်စေ (ကုမ္ပဏီလုပ်ငန်း ၊ အစိုးရလုပ်ငန်း၊ ကိုယ်ပိုင်လုပ်ငန်း၊ online shopping ဘာအလုပ်ပဲဖြစ်ဖြစ်) ဘယ်နေရာမဆို တစ်ဦးနဲ့တစ်ဦးဟာ ဆက်စပ်နေတဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီများဖြစ်ပါတယ်..

ဘယ်နေရာဖြစ်ဖြစ် Team တစ်ခုဟာ We are connected ဆိုတဲ့အသိရှိဖို့အင်မတန်အရေးကြီးပါတယ်။ မိသားစုဆိုတာလည်း Team ပါပဲ။ ဆရာနဲ့တပည့်လည်း Team ပါပဲ။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေဟာလည်း Teamပါပဲ။ ဝယ်သူနဲ့ရောင်းသူဟာလည်း Team ပါပဲ။ လုပ်ငန်းထဲက အထက်လူကြီးနဲ့ လက်အောက်ဝန်ထမ်းတွေလည်း Teamပါပဲ။ Online shopping တူတူလုပ်နေသူများဟာလည်း Team ပါပဲ။ Taxi/Bus မောင်းတဲ့သူနဲ့လိုက်စီးတဲ့ passengers များဟာလည်း Teamပါပဲ။ နောက်ဆုံးနိုင်ငံရဲ့အုပ်ချုပ်သူများနဲ့ နိုင်ငံသူနိုင်ငံသားများဟာလည်း Team ပါပဲ။ ကမ္ဘာပေါ်ကနိုင်ငံတွေအားလုံးပေါင်းလိုက်ရင်လည်း Team ပါပဲ။အားလုံးဟာ တစ်ဦးနဲ့ တစ်ဦး အမှီသဟဲပြုနေတဲ့ ဆက်စပ်နေတဲ့ interconnection တွေပါပဲ…
Team မှာပါဝင်နေတဲ့ တစ်ဦးချင်းစီရဲ့ ယုံကြည်ချက် အယူအဆ ခံစားချက် ဆုံးဖြတ်ချက်တွေ ဟာTeam တစ်ခုရဲ့ ရည်မှန်းချက်ကို အောင်မြင်ဖို့ရော ဆုတ်ယုတ်ဖို့ရော ဖြစ်နိုင်ပါတယ်.. အယူအဆမှား ယုံကြည်ချက်အမှားတစ်ခုဟာ ဘယ်သူ့မှတောင်မသိလိုက်ဘဲ Team ရဲ့ ရည်မှန်းချက်ကို နှောင့်နှေးအောင် ဆွဲချနေတဲ့ energy ဖြစ်ပါတယ်….
အားလုံးဟာ အပေါ်ယံကြည့်ရင် တစ်ခုနဲ့တစ်ခု ကွဲပြားနေရတယ်ထင်ပေမယ့် တကယ်တော့ အရာအားလုံးဟာ ကွင်းဆက်လိုဆက်စပ်နေတာပါ..
Everything is separately connected ပါ …
ဒါငြင်းမရတဲ့ လောကနိယာမ ပါ… ဒီ Universal Rule ကိုသာ တစ်ဦးချင်းစီက ဟိုးရင်ထဲကနေ အမှန်တကယ်လက်ခံပြီး နားလည်ကျင့်သုံးမယ်ဆိုရင် လူအချင်းချင်း ယှဉ်ပြိုင်တာတွေ၊ ရန်ဖြစ်တာတွေ၊ မနာလိုတာတွေ၊ အမုန်းပွါးတာတွေ၊ တိုက်ခိုက်တာတွေ လျော့ကျသွားမှာပါ….
ကိုယ်တစ်ခုခုဆုံးဖြတ်တော့မယ်ဆိုတာနဲ့ ကိုယ့်အယူအဆတွေ ရွေးချယ်မှုရဲ့ ကောင်းခြင်း၊ဆိုးခြင်းဟာဘယ်အတိုင်းအတာအထိ Impact ဖြစ်နိုင်လဲဆိုတာကို ထည့်စဉ်းစားနိုင်တဲ့အသိဟာ Universal Rule No1 ကပေးတဲ့ အသိပါပဲ…

Personal life မှာလည်းကိုယ့်ဘဝမှာလိုချင်တဲ့ ပြောင်းလဲမှုတွေရဖို့ဆို ကိုယ်ကစပြီးပြောင်းလဲရမှာပါ… ခုလက်ရှိအသုံးမဝင်တော့တဲ့ ကိုယ့်ရဲ့ အယူအဆ ယုံကြည်ချက်ဟောင်းတွေကနေတွေကို လွှတ်ချပြီး ကိုယ်တိုင်စပြောင်းလဲခြင်းဖြင့် ကိုယ့်ပတ်ဝန်းကျင်ကပါကိုယ်လိုချင်တဲ့အတိုင်းပြောင်းလဲလာမှာဖြစ်ပါတယ်..
We’re connected to everything ပါ..

မတူညီမှုတွေကိုတန်ဖိုးထားပြီး အတွေ့အကြုံတွေ ယုံကြည်ချက်တွေဖလှယ်တာ လူတိုင်းနဲ့အကောင်းဆုံးပေါင်းသင်းဆက်ဆံတာ တဖက်သားရဲ့ဖြစ်တည်မှုကိုလေးစားတာ မတူညီတဲ့အရည်အချင်းတွေပေါင်းပြီးအတူတူလုပ်ခြင်းဖြင့် လူတိုင်းရဲ့ဘဝတွေအတူတူပျော်ရွှင်စွာတိုးတက်ပြီး ပိုပြီးနှစ်လိုဖွယ်ကောင်းတဲ့လူ့အဖွဲ့အစည်း ပိုပြီးသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ လောကကြီးဖြစ်လာဖို့ မျှော်လင့်မိပါတယ်။

ဒီ Universal Rule No1 ဟာ အားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။
(Everything is interconnected ) ဆိုသလိုပဲ အကောင်းအဆိုးအရာအားလုံးဟာ ဆက်စပ်နေတာဖြစ်လို့ ကိုယ်ရလာတဲ့ knowledgeကို ကိုယ်သိသလို ကိုယ့်မိတ်ဆွေ မိသားစု ကိုယ့်ပတ်ဝန်းကျင်ကလူတွေသိအောင် ဒီpostလေးကို share ပေးမယ်ဆို ပိုပြီးကျေးဇူးတင်မိမှာပါ။ မနက်ဖြန် ညကျရင် Universal rule No.2 ကို ရှင်းပြသွားမှာမို့ စောင့်ကြည့်ဖတ်ရှုပေးပါဦးနော်…

ကျေးဇူးတင်ပါတယ် 💚
💚20th July 2020💚

With all my Love & Energy

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency
#12UniversalRules