Feature Articles

Rule 9 : No Relative Judgement

ဘဝမှာ သူများနဲ့ယှဉ်ပြီး ငါကတော့ သူတို့လောက်မတော်ဘူး …သူတို့လောက်ပိုက်ဆံမရှိဘူး … သူတို့လောက် အဆင်မပြေဘူးလို့ တွေးပြီး ကိုယ့်ဘဝကိုယ် အားမလိုအားမရ ဖြစ်လေ့ ရှိပါသလား ???????

Universal Rule 9 : No Relative Judgement

Universe မှာ ရှိနေတဲ့အရာအားလုံးဟာ သူ့ချည်းသက်သက်ဆို ဘာနဲ့မှမနှိုင်းယှဉ်ဘူးဆို အဓိပ္ပါယ်သက်ရောက်မှုမရှိတဲ့ neutrality အခြေအနေမှာရှိပါတယ်။

ဆိုလိုချင်တာ အဓိပ္ပါယ် ( meaning) တွေဆိုတာ နှိုင်းယှဉ်ဆုံးဖြတ်တဲ့ judgement တွေရှိမှသာ ထွက်ပေါ်လာတာမျိုးပါ။

ဥပမာ – မှောင်တယ်ဆိုတာ လင်းတာနဲ့ နှိုင်းယှဉ်လိုက်လို့ မှောင်တာပါ။ (၂၄) နာရီလုံးသာ အလင်းရနေရင် စိမ်းတို့က မှောင်တယ်ဆိုတာကို မသိနိုင်ပါဘူး။ အဲ့လိုပဲ စိတ်ညစ်တယ်ဆိုတာ ပျော်တဲ့ စိတ်နဲ့နှိုင်းယှဉ်ပြီး အရင်လောက်ပျော်မနေရင် စိတ်ညစ်တယ်လို့ တွေးတာမျိုးပါ။

ဆိုလိုတာက ပျော်တဲ့ ခံစားချက်ချည်း သက်သက်ဆိုဘာမှထူးကဲစွာ မခံစားရသော်လည်း နည်းနည်းမပျော်တာနဲ့ စိတ်ညစ်လိုက်တာလို့ တွေးချလိုက်တာမျိုးပါ။

အဲ့ဒီလိုပဲ အရပ်ပုတယ်လို့ ခံစားရတာ အရပ်ရှည်တဲ့သူနဲ့ သွားယှဉ်လိုက်လို့၊ Weight တက်နေပြီလို့ခံစားရတာ အရင်က Weight မတက်ခင် အခြေအနေနဲ့ သွားပြီးယှဉ်လို့ပါ။

ဒါဆိုရင်တော့ ဒီ Universal Rule9 ရဲ့ concept ကိုသဘောပေါက်မယ်လို့ယုံကြည်ပါတယ်။

ဒီ Law ရဲ့ သဘောကိုသိပြီး ကိုယ့်ဘဝမှာ အသုံးချဖို့အရေးကြီးပါတယ်။ ဘာလဲဆိုတော့ ကိုယ့်ဘဝကို သူများနဲ့ သွားမယှဉ်ဖို့ပါ။ လူတိုင်းမှာ မတူညီတဲ့ အကြောင်းပေါင်းစုံကြောင့် ဖြစ်လာတဲ့ အကျိုးတရားတွေရှိပါတယ်။

ကိုယ့်ဘဝချည်းသက်သက်ဆို အဆင်ပြေနေတဲ့သူတစ်ယောက်ဟာ အရမ်းချမ်းသာသူကို သွားကြည့်ပြီး နှိုင်းယှဉ်လိုက်ရင် “ငါကသူတို့လောက်ပိုက်ဆံမရှိဘူး”ဆိုတဲ့ negative emotion ဝင်သွားပါတယ်။ သူများနဲ့နှိုင်းယှဉ်ပြီး ကိုယ့်ဘာသာဆင်းရဲတယ် ထင်နေတဲ့ခံစားချက်ကို Relative poverty လို့ခေါ်ပါတယ်။
အဲ့ဒီလိုပဲ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ပုံမှန်အဆင်ပြေနေတဲ့သူတစ်ယောက်ဟာ rich kid တွေနဲ့ သွားယှဉ်ပြီး brand တွေချည်း ဆက်တိုက်ဝယ်နေတာမျိုးဟာ ရေရှည်မှာ အဆင်ပြေနေမှာမဟုတ်ပါဘူး။

ကလေး မိဘတွေဆိုလည်း တခြားကလေးနဲ့ ယှဉ်ပြီး ကိုယ့်ကလေးကို အပြစ်ပြောတာ နှိမ့်ချတာတွေဟာ လုံးဝမလုပ်သင့်တဲ့အချက်ပါ။

အရာတိုင်းမှာ လူတိုင်းမှာ ဖြစ်ရပ်တိုင်းမှာ အားသာ
ချက်၊အားနည်းချက် ရှိပါတယ်။ ရေထဲကငါးကို မိုးပေါ်ပျံခိုင်းလို့မရသလို၊ မိုးပေါ်က ငှက်တွေကိုလည်း ရေထဲ ပစ်ချပြီးကူးခိုင်းလို့မရပါဘူး။ ရေထဲက ငါးကလည်း သူ့ဘာသာနေရင်အကောင်း၊ ငှက်နဲ့ယှဉ်ပြီး ငှက်လိုမပျံနိုင်ဘူးတွေးပြီး စိတ်ညစ်နေလည်း ပျံနိုင်မှာမဟုတ်ပါဘူး။

စိမ်းသူငယ်ချင်းထဲမှာ ပန်းချီသိပ်တော်တဲ့ သူငယ်ချင်းရှိပါတယ်။ သူနဲ့သွားယှဉ်ပြီး ငါကသူ့လိုလည်း ပန်းချီမဆွဲတတ်ဘူး…. ညံ့လိုက်တာလို့ တွေးတာမျိုး၊ သူကရော သူ့ဘာသာ ပန်းချီဆွဲတတ်နေတာကို စိမ်းလို Coaching and Training မလုပ်တတ်တာ ငါကသူ့လောက်မတော်လို့လားဆိုပြီး ခံစားနေတာမျိုးတွေဟာ ဘယ်သူ့ဘဝအတွက် ဘာမှအထောက်အကူ မဖြစ်စေပါဘူး။

အရေးအကြီးဆုံးက ကိုယ့်ဘဝကိုပဲ အာရုံစိုက်ပြီး ကိုယ်ပျော်ဖို့၊ ကိုယ်စိတ်ချမ်းသာဖို့၊ကိုယ်တိုးတက်ဖို့ပဲ focus လုပ်ဖို့ လိုပါတယ်။ သူများဘဝတွေကိုကြည့်ရင်လည်း ကောင်းတဲ့အချက်တွေသာ အတုယူသင့်ပြီး ကိုယ်နဲ့မတူတဲ့အရာတွေကို နှိုင်းယှဉ်ပြီး bad feeling တွေခံစားနေတာဟာ ကိုယ့်ဘဝတက်လမ်းအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ နေရတာလည်း ပျော်စရာကောင်းတော့မှာမဟုတ်ပါဘူး။

လောကနိယာမအရ တခြားသူ တခြားဖြစ်ရပ်နဲ့နှိုင်းယှဉ်မှသာ ကိုယ့်ဘဝကိုယ် judgement တွေလုပ်ပြီး စိတ်အဆင်မပြေ ဖြစ်လာတာပါ။
သူများနဲ့နှိုင်းယှဉ်ပြီး judgement တွေလုပ်တာကိုသာ လျှော့ချနိုင်ရင် ဒီ့ထက်ပိုပြီး နေရတာပျော်စရာကောင်းလာမယ်။ ကိုယ့်စိတ်ကပျော်နေရင် positive ဖြစ်နေရင် ပိုပြီးပျော်စရာကောင်းတဲ့ positive တွေကပဲ ကိုယ့်ဘဝထဲရောက်လာမှာသေချာပါတယ်။

No relative judgement ဆိုတဲ့ လောကနိယာမကိုအမြဲသတိရစေချင်ပါတယ်။ ကိုယ်ရရှိနေတဲ့ဘဝကို သူများနဲ့ နှိုင်းယှဉ်ပြီး အားမလို၊ အားမရမဖြစ်ဘဲ အတတ်နိုင်ဆုံး ကြိုးစားပြီး ပျော်ရွှင်စွာ လျှောက်လမ်းနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။

ဒီပို့စ်လေးက အကျိုးရှိတယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေအတွက် share လုပ်ပြီး မျှဝေပေးပါဦးနော်… 💚💚

ကျေးဇူးတင်ပါတယ် 💚

💚29th July 2020💚

With all my Love & Energy

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency
#12UniversalRules