Feature Articles

Real Life Transformation

ပြောင်းလဲချင်လားလို့မေးရင် လူတိုင်းပြောင်းလဲချင်ပါတယ် လို့ ဖြေတတ်ကြပါတယ်…

ဒါပေမဲ့ မွေးတည်းကနေ အခုထိ
⚡️ကိုယ်သိလာတဲ့အရာတွေကိုပဲ အကြီးကြီးထင်ပြီးလုပ်နေမယ် …
⚡️ကိုယ်သိသလောက် ကိုယ့်ရဲ့ ဘုတ်အုပ်ထဲကပဲအမှန်ဆိုပြီး ယူဆနေမယ်..
⚡️ကိုယ်မသိတဲ့နယ်ပယ်တွေ ပြောနေရင် လျှောက်ပြောနေတာ မဖြစ်နိုင်ဘူးလို့ ယူဆနေသ၍တော့ ဒီပုံစံတွေပဲလာမှာပါ.. ဘာပြောင်းလဲခြင်းမှမတွေ့ရပါဘူး…

အောက်ကပုံလေးကို ကြည့်ကြည့်ပါ…

💫တကယ်တော့ ကိုယ်သိတယ်လို့ ယုံကြည်ထားသမျှအရာတွေဟာ တကယ့် သဘာဝတရားတွေရဲ့ 10% တောင်မရှိပါဘူး ..
💫ကိုယ်မသိဘူး၊ မတတ်ဘူးဆိုတာကို ကိုယ်တိုင်သိနေတာလည်း အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်…
💫”We don’t know what we don’t know” ဆိုတဲ့အတိုင်း ကိုယ်မသိနေတဲ့ အရာတွေအများကြီးရှိတယ်ဆိုတာတောင် မသိနေဘူးဆိုတဲ့ အပိုင်းက အကြီးဆုံး အစိတ်အပိုင်းပါ .. ၈၀% ကျော်ရှိပါတယ်..

အမှန်တော့ မရှိနေတာ မဟုတ်ဘဲ ကိုယ့်ရဲ့ ဥာဏ်ပညာနဲ့ awareness level က အဲ့ဒီနေရာကို ရောက်မနေတာ ဖြစ်ပါတယ်..

စိမ်းတို့ အခုလုပ်နေတဲ့ အလုပ်တွေထဲက Energy Healing/ Energy work တွေဆိုရင် လွန်ခဲ့တဲ့ (၁၀) နှစ်ကသာ စိမ်းကို လာပြောရင် ဘာတွေပြောနေတာလဲ ဆိုပြီးပြန်မေးမိမှာပါ.. ဒီလိုနယ်ပယ်တွေရှိနေမှန်းတောင် ကိုယ်ကသိမနေပါဘူး.. အမှန်တော့ သဘာဝတရားက ကိုယ်ရောက်နိုင်တဲ့ ဥာဏ်ထက်အများကြီးကျယ်ပြန့်ပါတယ်..

လူ့ရဲ့သဘောတရားက ပြောင်းလဲချင်တယ်သာတစ်ချိန်လုံးအော်နေတာ ကိုယ်မသိတဲ့နယ်ပယ် ၊ မသိတဲ့စကားလုံးတွေ အယူအဆတွေကြားလိုက်တာနဲ့ judge လုပ်မယ်.. မဖြစ်နိုင်ပါဘူးဆိုပြီး ငြင်းမယ်.. ဝေဖန်မယ်… ကိုယ်လည်း ဘာမှလုပ်မကြည့်ရသေးဘဲ မယုံသလိုတွေ လုပ်နေမယ်ဆိုရင်တော့ ဘာပြောင်းလဲခြင်းမှ ရမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်..

Real Life Transformation ဆိုတဲ့ တကယ့်ပြောင်းလဲခြင်းအစစ်အမှန်ကိုရဖို့အတွက် ကိုယ့်ရဲ့ ဘုတ်အုပ်ထဲကနေပြီးတော့ ဘယ်အထိ တိုးထွက်မှာလဲ.. ကိုယ့်ရဲ့ awareness ကို .. ကိုယ်ရဲ့ ဥာဏ်ပညာကို ဘယ်လောက်ထိ ချဲ့ထွင်မှာလဲ ဆိုတာတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ် …

🍀With All my Love & Energy 🍀
#DrSeinn
#InternationalCertifiedCoach
#Trainer
#EnergyHealer