Feature Articles

Problem is an alarm. It’s the sign that tells you .. you need to be fixed

စိမ်းရဲ့ client တွေနဲ့ coaching session တွေမှာစကားပြောတဲ့အခါ သူတို့ဘဝရဲ့ ပြိုလဲခဲ့ရတာတွေ ၊ ပြဿနာတွေကို ပြောပြလေ့ရှိပါတယ်…

အဲ့အချိန်ကျရင် စိမ်းက ဘာတွေဖြစ်ခဲ့တာလဲ.. ဘာလို့ အဲ့ပြဿနာတွေဖြစ်ခဲ့လဲဆိုတာထက် အဲ့လို ခက်ခဲတဲ့အချိန်တွေ … ပြဿနာလို့ယူဆခဲ့ရတဲ့ အရာတွေကနေ ဘယ်လိုပြန်ရုန်းထခဲ့တာလဲလို့ မေးလေ့ရှိပါတယ်…

လူအတော်များများက Problem တစ်ခုဖြစ်လာရင် ဘာလို့ဖြစ်တာလဲဆိုတဲ့ Why မေးခွန်းတွေထဲမှာပဲ တွေးနေ၊ လည်နေလေ့ရှိပါတယ်…
အဲ့ဒါဟာ ပြဿနာကို ဦးတည်စဉ်းစားရာရောက်တဲ့ Problem focus ဖြစ်နေလို့ အဖြေမရှိဘဲ ပိုပြီးစိတ်ပင်ပန်းစေ၊ negative thoughts တွေပဲများစေပါတယ်… လူတိုင်းဟာ အပြင်ပန်းကြည့်ရင် အဆင်ပြေတယ်လို့ ယေဘူယျသတ်မှတ်လို့ရရင်တောင် တစ်ဦးချင်းစီမှာ မတူညီတဲ့ Individual story တွေရှိပါတယ်..

Sadhguru ကပြောထားတဲ့ စကားလေးတစ်ခုကို အရမ်းကြိုက်ပါတယ်…
“Problem is an alarm. It’s the sign that tells you .. you need to be fixed “ တဲ့ …

အမှန်တော့ ပြဿနာတစ်ခုဖြစ်တယ်ဆိုတာ ကိုယ့်ရဲ့ body- mind- spirit level မှာ ပြန်ပြီး fix လုပ်ဖို့ ပြုပြင်ဖို့လိုနေပြီ.. ကိုယ်တစ်ခုခုလုပ်ဖို့လိုနေပြီ ဆိုတဲ့ လက္ခဏာပြတာကလွဲလို့ ဘာမှမဟုတ်ပါဘူးတဲ့…

🍀 ဥပမာတစ်ခုနဲ့ ရှင်းပြရရင် စိမ်းအိမ်မှာ ဒီမနက် Aircon က system out ပြီး ဘာဂဏန်းတွေပေါ်လာမှန်းမသိ အလုပ်မလုပ်တော့ပါဘူး… Aircon ဘာလို့ဒီလိုဖြစ်တာလဲ ထိုင်တွေးနေလည်း စိတ်ညစ်ပြီး ပူအိုက်တဲ့အပြင် ဘာအဖြေမှရမှာမဟုတ်လို့ servicing ဖုန်းဆက် ခေါ်တဲ့ အလုပ်လုပ်လိုက်ပါတယ်.. ဒီ Problem ဖြစ်တာဟာ Aircon servicing လိုနေပြီလို့ ပြတဲ့ လက္ခဏာပါပဲ.. ပြင်ဖို့ ဆက်လုပ်လိုက်လိုက်ရင် အဆင်ပြေသွားမှာပါပဲ..

လူ့ဘဝကလည်း ဒီလိုပါပဲ…ပြဿနာတွေကြုံရတိုင်း ပြိုလဲတယ်လို့ခံစားရတိုင်း ဘာလို့ဖြစ်တာလဲလို့ ထိုင်တွေးပြီး Suffering တွေ ဝင်နေတာထက် ကိုယ်တစ်ခုခု ပြင်မှရတော့မယ်ဆိုတဲ့ အသိနဲ့ ဘာလုပ်ရမလဲ .. ဘယ်သူ့အကူအညီယူရမလဲဆိုတဲ့ Solution focus ကို သွားတာဟာ Life transformation ရဲ့ အစပါပဲ…

🍀 With All my Love & Energy 🍀
Dr Seinn
Life Coach , Trainer & Energy Healer