Feature Articles

Personal Time

အမြဲစောစောနိုးတတ်တဲ့ စိမ်းက ဒီပို့စ်လေးကို အိပ်ရာထဲကနေရေးနေတာဆိုရင် ယုံကြပါ့မလား☺️

ခုမနက် ၉ နာရီကျော်မှ ကြည်ကြည်လင်လင်နိုးလာရင်း စိတ်ထဲပေါ်လာတဲ့ အတွေးကို sharing လုပ်ချင်လာတာနဲ့ ဒီစာလေးရေးလိုက်တာပါ..

တစ်ဦးချင်း appointment တွေ ၊ training တွေ၊ Energy work Group တွေနဲ့ ခုတလော မနက် ၈ နာရီလောက်ကနေ ည ၁၁ လောက်အထိ ဆက်တိုက်ပါပဲ… ပြီးခဲ့တဲ့ စနေ တနင်္ဂနွေကဆိုရင် international training တစ်ခု join ရလို့ မနက် ၆.၃၀ လောက်ထဲကနေ စရတာ ည ၁၁ မှ အလုပ်ပြီးပါတယ်.. ကိုယ်ချစ်တဲ့ passion ဖြစ်တဲ့ အလုပ်တွေတောင် ဆက်တိုက် တအားများလာတဲ့အခါ လူရော စိတ်ရော ပင်ပန်းပါတယ်…
လုပ်ချင်တာတွေများပြီး ကိုယ့်ရဲ့ me time တွေပျောက်လာတတ်ပါတယ်…

အမှန်တော့ personal time ယူမလို့ စိတ်ထဲတွေးနေတာကြာပေမဲ့ new client တွေ ရဲ့ urgent request တွေရယ် အပတ်စဉ်တွေ့နေကြသူတွေကို မဖျက်ချင်တာရယ်နဲ့ လက်တွေ့မနားဖြစ်တာများပါတယ်.. ကိုယ်ပြန်ပြီး သင်ယူရတဲ့အချိန်တွေလည်းရှိတော့ pattern ကအဲ့အထဲမှာပဲလည်နေတော့တာပါပဲ…

ဒီနေ့တော့ ပြတ်ပြတ်သားသားဆုံးဖြတ်ပြီး အဲ့ pattern ထဲကနေ ထွက်လိုက်ပါတယ်… ဒီီတစ်ရက်တော့ ဘာအလုပ်မှမလုပ်ဘူး.. ဘာ learning မှလည်းမလုပ်ဘူး အပြည့်အဝနားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်… ဒီတစ်နေ့လုံး အိပ်တာရယ်၊ စားတာရယ်၊ ရုပ်ရှင်ကြည့်တာရယ်၊ ဝတ္တုဖတ်တာရယ်ပဲ လုပ်မယ်လို့ တွေးထားပါတယ် …

လူရဲ့ စိတ်သဘောက ကိုယ့်ဘာသာ သတ်မှတ်ထားတဲ့ ပေတံတွေ ၊ ဘောင်တွေနဲ့ အဲ့ထဲပိတ်မိနေတတ်ပါတယ်…
မဖြစ်မနေလုပ်ရမှာပေါ့၊ ကြိုးစားရမှာပေါ့၊ လုပ်ပေးရမှာပေါ့… နားလို့မဖြစ်သေးဘူး ကိုယ့်နောက်ကလူတွေကရှိသေးတယ်ဆိုပြီး နေ့တိုင်း pattern တစ်ခုထဲ ကိုယ့်ဘာသာထည့်ထားရင်း အဲ့ဘောင်ထဲက ထွက်မလာတော့ပါဘူး…
ကြာတော့ ငါပင်ပန်းလိုက်တာ ၊ ငါပဲလုပ်နေရတယ်ဆိုတဲ့ self-pity တွေဖြစ်လာပါတယ်… အမှန်တော့ လုပ်ချင်လို့ကို လုပ်နေကြတာပါ… လွှတ်ချဖို့ကိုမလုပ်တာပါ…
အဲ့ဒါကို မြင်တတ်ဖို့ awarenessရဖို့ အရေးကြီးပါတယ်..

လူဟာ စက်ရုပ်မဟုတ်တဲ့အတွက် normal pattern ထဲကနေ ထွက်ပြီး စိတ်လွတ်ကိုယ်လွတ် ပြည့်ပြည့်ဝဝ break လုပ်ဖို့လိုပါတယ်.. မဟုတ်ရင် နေမကောင်းမှ နားရတယ်တို့ …ငါ့ဘဝကြီးကပင်ပန်းလိုက်တာ..တို့ ဖြစ်လာပါလိမ့်မယ်..,

🍀 တစ်ရက်လောက်ပဲ အပြည့်အဝနားကြည့်ပါ… နောက်ရက်ပေါင်း များစွာအတွက် ပိုပြီးကောင်းမွန်တဲ့ ကြည်လင်တဲ့ energy တွေကိုရရှိမှာပါ …

🍀 With All my Love & Energy 🍀
Dr Seinn
Life Coach ,Trainer & Energy Healer