Money is Energy
လပြည့်နေ့တိုင်းဟာ မြန်မာပြည် ပြက္ခဒိန်မှာ နိုင်ငံတကာ လပြည့်ထက် အမြဲတစ်ရက်စောလေ့ရှိပါတယ်…
မနေ့က မြန်မာပြည်ရဲ့ သီတင်းကျွတ်လပြည့် ညနေဖက်မှာ စိမ်းရဲ့ Facebook Wall မှာ သံဃာ ၃၀ ရှိတဲ့ တောင်ပေါ်ကျောင်းလေးတစ်ခုက ကထိန် အလှူ အတွက် post လေး တစ်ခုတက်လာပါတယ်…
နိဗ္ဗာန်ဆော်ပေးတဲ့ အစ်မကလည်း အမြဲကုသိုလ်အတူပြုနေကျ အစ်မဆိုတော့ လပြည့်နေ့ ကာလဒါနအလှူတစ်ခုလည်း လုပ်ချင်တာနဲ့ သူတို့အလှူရဖို့ ကျန်နေတာလေးတွေ ဖြည့်ပြီးလှူလိုက်ပါတယ်…
ကျသင့်တဲ့ အလှူငွေ ၄ သိန်းကို ချက်ချင်း လွှဲပြီးပြီးချင်း မိနစ်ပိုင်းတောင် မခြားဘဲ စိမ်းရဲ့ အကောင့်တဲ့ကို one-on-one services ထဲက 1 hour session တစ်ခုစာ ငွေလွှဲတစ်ခုက ချက်ချင်းရောက်လာတာပါ.. ရတဲ့ငွေက လှူလိုက်တဲ့ငွေရဲ့ ၂ ဆကျော်ပါ…
2023 January Appointment ကို booking confirmation လုပ်ဖို့ client က service fees ကြိုလွှဲပေးတာပါ…. ကိုယ်လှူတဲ့ ငွေလွှဲတာ transfer done ပြနေတုန်း တချိန်တည်း ငွေဝင်တဲ့ message တက်လာတာ တကယ့်ကို အံ့ဩဝမ်းသာရပါတယ်.. ကြည့်လိုက်တော့လည်း ဝင်တဲ့ငွေက ထွက်သွားတဲ့ငွေရဲ့ ၂ ဆပါ …
ငွေကိုသုံးတဲ့အခါ တွန့်တိုစိတ် ၊ ကုန်သွားမှာ ကြောက်တဲ့စိတ် ၊ ချီတုံချတုံ ဖြစ်နေတဲ့စိတ် (Scarcity Mindset) တွေနဲ့သုံးရင် ငွေဝင်ဖို့ channel တွေကလည်း အဲ့ဒီပုံစံပဲဖြစ်တတ်ပါတယ်…
ပိုက်ဆံဟာ လူတွေထင်နေသလို ဘဏ်ထဲက ကိန်းဂဏန်းတွေမဟုတ်သလို ၊ ငွေစက္ကူလည်း မဟုတ်ပါဘူး … ပိုက်ဆံဟာ Energy တစ်ခုပါ…
Energy ဖြစ်တဲ့အတွက် စီးဝင်မှု (Flow in)၊ စီးထွက်မှု (Flow out) ရှိမှ ပုံမှန်လည်ပတ်နေမှာပါ…
ငွေဝင်တဲ့အခါ ကိုယ့်ဆီ မပင်မပန်း အလွယ်တကူဝင်ချင်တယ်.. အဖက်ဖက်ကနေ channel တွေပွင့်ပြီး ဝင်လာချင်တယ် .. Flow in ကောင်းချင်တယ်ဆိုရင် ကိုယ်သုံးလိုက်တဲ့ Flow out တိုင်းဟာ ပျော်ရွှင်နေဖို့ လွတ်မြောက်နေဖို့လိုပါတယ်…
ဒါဟာ လှူတာတစ်ခုထဲကိုပြောချင်တာမဟုတ်ပါဘူး… နေ့စဉ်စရိတ် စျေးဖိုးကအစ ကျောင်းစရိတ်၊ ကျန်းမာရေးကိစ္စ၊ ကိုယ့်ဘဝအတွက် သင်ယူမှုတွေအတွက် သင်တန်းကြေးတွေ၊ ခရီးထွက်တာ ၊ ကိုယ်လိုအပ်တာတွေဝယ်ယူတာ၊ အိမ်ခြံမြေ ကားတွေ ဝယ်တာ ၊ အလုပ်ကိစ္စစသည်ဖြင့် ငွေသုံးတဲ့ ကိစ္စတိုင်းမှာ အကျုံးဝင်ပါတယ်…
Flow out တွေ ကျုံ့နေရင် Flow in လည်းကျုံ့တတ်ပါတယ်.. Flow out မှာ energy ကောင်းမှ Flow in တွေလည်း energy ကောင်းမှာပါ…
ငွေဟာ energy တစ်ခုပဲ ဖြစ်တဲ့အတွက် Happy Flow Out ဖြစ်မှ Happy Flow In ဖြစ်မှာအသေအချာပါပဲ… အဲ့ဒါကိုပဲ Abundance Mindset
လို့ ခေါ်တာပါ…
With All my Love & Energy