Feature Articles

Master Number

ဒီနေ့ဟာ စက်တင်ဘာ (၂၂) ဖြစ်သလို ဝိဇ္ဇာတွေရဲ့ စောင့်ရှောက််မှုကို ယုံကြည်သူများအတွက် အဘအောင်မင်းခေါင်ရဲ့ ထွက်ပွဲအောင်ပွဲနေ့ဖြစ်ပါတယ်…
22 ဟာ ဂဏန်းပညာရပ် (numerology) မှာ master number ဖြစ်ပါတယ်… High powerful spiritual number ပါ… ဒီလိုနေ့မျိုးဟာ သမထ ၊ ဝိပဿနာအလုပ်တွေ၊ ယုံကြည်ကိုးကွယ်ရာဘာသာရေးပိုလုပ်တာတွေ ၊ အဓိဌာန်လုပ်တာ၊ inner work တွေ manifestation လုပ်တာတွေအတွက် ညောင်စေ့လောက်အားစိုက်ပြီး ညောင်ပင်ကြီးလောက်ရတဲ့နေ့မျိုးဖြစ်ပါတယ်…
Crystal တွေဆောင်တတ်သူတွေဆိုလည်း cleansing, charging & programming လုပ်သင့်တဲ့နေ့ပါ…
ညတည်းက သူငယ်ချင်းတွေ chat မှာ manifest လုပ်ဖို့ တောင်ပြောလိုက်ပါသေးတယ်…

ညက အိပ်တာအတော်နောက်ကျပေမဲ့ မနက်စော (၅)နာရီပဲကြည်ကြည်လင်လင်နိုးလာပြီး တရား(၁) နာရီထိုင်ပါတယ်… ပြီးတော့ ဘုရားသောက်တော်ရေတွေကပ်ရင်း စိတ်ထဲမှာ ဒီနေ့ ဘာကို manifest ရမယ်ဆိုတဲ့ universe. ရဲ့ message (inner guidance ) ကို ရပြီး ကိုယ်တစ်ယောက်တည်းမဟုတ် ထုံးစံအတိုင်း ပဌာန်းဆက်လူအများသိအောင်ပြောပြဦးဆိုလို့ မနက်စောစော မင်္ဂလာရှိတဲ့အချိန် လာပြောပြတာပါ…

ရတနာပုံဆိုတဲ့ သီချင်းကိုသိကြတယ်မလား…

🎵🎵ဇဗ္ဗူလက်ယာတောင်ကျွန်း ဆုသွန်းမယ် အဖုံဖုံ ဘေးဘယာအစုံ ဝေးကြကုန် ..
ရတနာပုံ သွန်းဖြိုး ရွေမိုးတွေက ဝေဖြာပုံ သုံးမကုန် ဖြုန်းမကုန် အလုံးစုံ ရည်မှန်း အလှူအတန်းပေးလို့မကုန် ….
ကျန်း ကျန်း ကျန်းမာစေကုန်… ချမ်း ချမ်း ချမ်းသာစေကုန် …. 🎵🎵

သီးချင်းစာသားတွေဟာ ဘယ်လောက် vibration ကောင်းလဲ.. ဘယ်လောက် energy မြင့်လဲ…
ဒီနေ့အဲ့ သီချင်းနဲ့ attune လုပ်ကြပါ.. manifest လုပ်ကြပါ.. သီချင်းစာသားတွေကို သေချာခံစားရင်း သီးချင်းနားထောင်တဲ့အခါ ပျော်ရွှင်ကြည်နူးတဲ့စိတ်နဲ့ တကယ် ရွှေမိုး ငွေမိုးရွာချသလို၊ လူတွေ ပြုံံးပျော်ပြီး အလှူအတန်းတွေလုပ်နေပုံ ၊ ပေါများကြွယ်ဝနေပုံကို မြင်ယောင်ကြ visualize လုပ်ကြပါ..
သီချင်းကိုယ်တိုင်ရဲ့ sound frequency ကိုက မြင့်ပြီးသားမို့ အလွယ်တကူ အာရုံမှာ ပုံရိပ်ဖော်လို့ရမြင်လို့ရမှာပါ.. ဒီနေ့ အဲ့သီချင်းကိုအသုံးပြုပြီး သေချာ attune လုပ် ၊ manifest လုပ်ကြပါ…

စိမ်းတော့ မနက်တည်းက ဘုရားကျောင်းဆောင်ရှင်း၊ ပန်းတွေရေလဲ ၊ အိမ်ကအမှိုက်တွေရှင်းပြီး Declutter လုပ်နေတုန်းရော၊ crystal လေးတွေ clean လုပ်နေတုန်းရော အဲ့သီချင်းကို ဖွင့်ထားတာ ကြက်သီးထလောက်ပြီး ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ပျော်လာတဲ့အထိ attuning ရပါတယ်…

လောကကြီးဟာလေ သိပ်ထူးဆန်းပါတယ်… လွန်ခဲ့တဲ့ ၁ လက social media မှာ လူတစ်ယောက်က အဲ့သီချင်း share ထားတာ ကိုတွေ့ပြီး တစ်ခါနားထောင်ဖြစ်ပါတယ်..အရင်ကအဲ့သီချင်းကိုမေ့တောင်မေ့နေတာပါ… နားထောင်ပြီး နမိတ်ကောင်းတယ်ဆိုတာလောက်ဖြစ်ပြီး အမှုမဲ့အမှတ်မဲ့ပါပဲ…
မနေ့ညက အဓိဌာန်တစ်ခုလုပ်ရင်း ရှမ်းဆက်တွေကိုအမျှပေးတဲ့ အချိန် အိမ်နားမှာ ရှမ်းအိုးစည်ဆိုင်းဝိုင်းလို တီးလုံးကို ထူးထူးဆန်းဆန်းကြားရပါတယ်…. အရမ်းအံ့ဩပြီး သေချာတောင်စူးစိုက်မေတ္တာပို့လိုက်ပါသေးတယ်… ပြီးတော့ ဒီ ရတနာပုံသီချင်း ဆက်ကြားရတဲ့ အချိန်မှာ ဟယ် ဒီသီချင်းကြားရပြန်ပြီပေါ့… အဲ့ထိဘာမှန်းမသိသေးပါဘူး…
ဒီမနက်မှ လူတွေကို Spiritual powerful ဖြစ်တဲ့ ၂၂ ရက်နေ့မှာ ဒီသီချင်းနဲ့ manifest လုပ်ခိုင်းတာကိုသိတာပါ….

အိမ်လေးရှင်း.. ကိုးကွယ်ရာဘာသာတရားရဲ့ နေရာလေးရှင်း… ကိုယ်လက်သန့်စင်ပြီး ဒီသီချင်းလေးနဲ့ manifest လုပ်ကြည့်ပါနော်… အားလုံးရတနာပုံဆိုက်ချင်တယ်.. ဘေးကင်းချင်တယ်.. ပျော်ချင်တယ်မလား… ဖြစ်ချင်တာတွေကိုပဲ တွေးရအောင်..ကျက်သရေရှိတာတွေပဲ ပြောကြလုပ်ကြရအောင်… အဲ့ energy ကိုပဲ attune လုပ်ရအောင်နော်…

ဒါဟာ universe ရဲ့ message ဖြစ်သလို ၃၁ ဘုံကိုယုံကြည်သူ၊ သံသရာကို ယုံကြည်သူတွေအတွက် ဒါဟာ အဘနဲ့ ပဌာန်းဆက်တွေကပေးတဲ့ စောင့်ရှောက်မှုတစ်ခုလည်းဖြစ်ပါတယ်…Universe ကိုရော ၊ ဝိဇ္ဇာသူတော်စင်တွေ ၊ ပဌာန်းဆက်တွေကိုရော ၊ ပဌာန်းဆက်တွေနဲ့ ကုသိုလ်ပြုဖို့ မေတ္တာ အမျှတွေပေးဖို့ သင်ကြားပေးခဲ့တဲ့ ချစ်ခင်ရတဲ့မေတ္တာဆရာမအန်တီကိုရော ရင်ထဲကနေကျေးဇူးတင်ပါတယ် 🙏🙏🙏

ဒီစာကို မနက်ပိုင်းရေးပါဆိုလို့လာရေးတာပါ.. စိမ်းတာဝန်ကျေပါပြီ.. ခဏနေ ဘုရားရှိခိုး အဓိဌာန်လုပ် ရွတ်စရာရှိတာရွတ်တော့မှာပါ…
မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကပ် (၃)ပါး ကင်းပြီး ရတနာပုံဆိုက်ကြပါစေ ✨✨✨✨✨
Be abundant ပါ 💫💫💫

💚With All my Love & Energy 💚
Dr Seinn
Life Coach & Trainer