Feature Articles

Masculine Energy & Feminine Energy

ဒီနေ့တော့ Spiritual ပိုင်းကို စိတ်ဝင်စားပြီး practice လုပ်နေတဲ့သူတွေအတွက် Masculine Energy ( အဖိုဓာတ်) နဲ့ Feminine Energy ( အမဓာတ်) တွေရဲ့အကြောင်းကို sharing လုပ်ချင်ပါတယ်..

အမျိုးသမီးဖြစ်စေ ၊ အမျိုးသားဖြစ်စေ လူတစ်ယောက်မှာ Energy ပုံစံ ၂မျိုးလုံး ( Feminine Energy and Masculine Energy)ကို တွေ့ရနိုင်ပါတယ်…

Masculine Energy ဆိုတဲ့ အဖိုဓာတ်ဟာ ထွန်းလင်းတောက်ပပြီး အရှိန်အဝါကြီးတဲ့ နေမင်း ကို ကိုယ်စားပြုပါတယ်..

🌞Masculine Energy လွှမ်းမိုး သူတွေမှာ

သွက်လက်ခြင်း၊ ဆုံးဖြတ်ချက်ပြတ်သားခြင်း၊ စွန့်စားလိုခြင်း၊ အာရုံစူးစိုက်နိုင်ခြင်း၊ ရည်ရွယ်ချက်ခိုင်မာပြီး တစိုက်မတ်မတ်ရအောင်ပြုလုပ်ခြင်း၊ စည်းကမ်းကြီးခြင်း၊ သေချာတဲ့အရာကိုပဲ လုပ်လိုခြင်း ၊ ပြောစရာရှိရင် သွယ်ဝိုက်မနေဘဲ ဒဲ့ပြောတတ်ခြင်း ၊ ရဲရင့်ထက်မြက်ခြင်း၊ သူတပါးအပေါ်ချုပ်ကိုင် လွှမ်းမိုးလိုခြင်း စတာတွေကို တွေ့ရပါတယ်…

🌞စနစ်တကျ plan တွေနဲ့ပဲလုပ်ချင်တာ၊ System တွေ Structure တွေကိုကြိုက်တဲ့ သူတွေဖြစ်ပြီး ဒေါသထွက်လွယ် သွေးဆူလွယ်သူတွေလည်းဖြစ်ပါတယ်..

🌞 Masculine Energy လွှမ်းမိုးသူတွေဟာ လက်တွေ့မြင်မှယုံကြည်သူ၊ ကိုယ်သိထားတဲ့ data တွေနဲ့ပဲ ချိန်ထိုးတတ်သူတွေဖြစ်ပြီး Intuition တွေ Inner Guidelines တွေကို သိပ်မယုံတတ်သလို Energy work တွေ Spiritual Practice ကို ယုံယုံကြည်ကြည်လိုက်လုပ်ဖို့ ခက်ခဲတဲ့အထဲမှာပါပါတယ်…

Feminine Energy ဆိုတဲ့ အမဓာတ်ကတော့ နူးညံ့အေးမြတဲ့ လမင်း ကို ကိုယ်စားပြုပါတယ်..

🌝 Feminine Energy လွှမ်းမိုးသူတွေမှာ လွတ်လပ်မှုကိုကြိုက်ခြင်း၊ ဘဝမှာ မလုပ်ဖူးတဲ့ အသစ်တွေ တီထွင်ဖန်တီးမှုတွေကိုနှစ်သက်ခြင်း၊ စိတ်ရှည်ခြင်း ၊ နူးညံ့ခြင်း၊ နှလုံးသားနဲ့ လိုက်ပြီး ခံစားတတ်ခြင်း၊ ပြုစုပျိုးထောင်မှုကို စိတ်ဝင်စားခြင်း ၊ နူးညံ့ပြီး ယဉ်ယဉ်ကျေးကျေးပြောတတ်ခြင်း စတာတွေတွေ့ရပါတယ်..

🌝 ပြောဆိုတဲ့ အခါ လိုရာမရောက်ဘဲ သွယ်ဝိုက်နေတာ၊ ကိုယ်ထင်တဲ့အတိုင်း သူများပြောသမျှ ခံစားနေတာ၊ အားနာတတ်တာ ၊ အယုံလွယ်တာတွေကိုတွေ့ရပြီး ဘယ်ကိစ္စမဆို emotional ဖြစ်လွယ်သူတွေလည်းဖြစ်ပါတယ်

🌝 Feminine Energy လွှမ်းမိုးသူတွေကတော့ Intuition တို့ Spiritual connection တို့ကို ယုံကြည်သူတွေဖြစ်ပြီး Energy work တွေ Spiritual practice တွေကို စိတ်ဝင်တစား ယုံယုံကြည်ကြည်လိုက်လုပ်တတ်ကြပါတယ်…

Duality ဆိုတဲ့ အပူအအေး ၊ အလင်းအမှောင်၊ အနိမ့်အမြင့် ၊ အတက်အကျ ၊ အဖြူအမည်း စတဲ့ ဆန့်ကျင်ဖက်တွေ ယှဉ်တွဲနေတဲ့ လောနိယာမအရ လူတစ်ယောက်မှာ အဲ့ energy ပုံစံ ၂ မျိုးလုံးဟာ ရောယှက်နေတတ်ပါတယ်…

ဒါပေမဲ့ လူအများစုမှာ Energy ပုံစံ တမျိုးက ပိုပြီး လွှမ်းမိုးတတ်ပါတယ်.. တချို့တွေကတော့ ကြုံတွေ့ရတဲ့ ကိစ္စ နဲ့ အခြေအနေပေါ်မူတည်ပြီး Feminine Energy များတဲ့အခါများလိုက် ၊ Masculine Energy များတဲ့အခါ များလိုက်ဖြစ်တတ်ပါတယ်..

Balancing ဆိုတဲ့ မျှတနေတဲ့ အနေအထားဟာ လူတစ်ယောက်ရဲ့ body , mind , spirit တွေ ချိတ်ဆက်အလုပ်လုပ်ဖို့အတွက် အင်မတန်အရေးကြီးပါတယ်.. အဲ့အတွက် Masculine and Feminine Energy ဟာလည်း လူတစ်ယောက်မှာ မျှမျှတတရှိနေရင် အကောင်းဆုံးပါပဲ..

အဲ့လိုမဟုတ်ဘဲ အဲ့ Energy နှစ်ခုထဲက တစ်ခုခုက တရားလွန် လွှမ်းမိုးလာပြီး balance ပျက်သွားရင် ဘယ်လိုပုံစံမျိုးတွေဖြစ်လာနိုင်လဲ ဆိုတာ အပိုင်း (၂) မှာ ဆက်ပြီးပြောပြသွားပါမယ်…

ခု ဒီ post လေးကို ဖတ်ပြီး ကိုယ့်မှာ ဘယ် energy ပိုများနေလဲ ..

🍀 Masculine Energy (အဖိုဓတ်) လား

🍀Feminine Energy (အမဓာတ်) လားဆိုတာ comment လေးမှာ ပြောပြပေးခဲ့ပါဦးနော် ✨

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer