Feature Articles

Love with Boundary

ပြီးခဲ့တဲ့ရက်တွေက သားလေးနဲ့ စကားပြောဖြစ်ချိန်အတော်များပါတယ် …

အဲ့ဒီမှာ သူငယ်ချင်းတွေအကြောင်းပြောရင်း လူ့သဘာဝမျိုးစုံအရ သည်းခံရင် အနိုင်ယူတတ်သူ၊ စိတ်အားဖြင့် နှုတ်အားဖြင့် bully လုပ်တတ်သူတွေ၊ ကိုယ်ပေးချင်မှန်းမပေးချင်မှန်းမသိ အတင်းတောင်းဆို (demanding ဖြစ်သူတွေ) အကြောင်းလည်းပါတာပေါ့…

စိမ်းက သားကို ဒီလိုပြောပြဖြစ်ပါတယ်…

လူတွေအပေါ် ချစ်ခင်တယ် မေတ္တာထားတယ်ဆိုတာ
ရှိသမျှ ကိစ္စတိုင်းကို သည်းခံခိုင်းနေတာမဟုတ်ဘူး… ကိစ္စတစ်ခုမှာ ကိုယ်ကမှားတယ် ကိုယ့်ကြောင့်သူများထိခိုက်တယ်ဆိုရင် သေချာတောင်းပန်ရမယ်… ကိုယ်လုပ်ပေးရမယ့် တာဝန်ရှိလည်း လုပ်ပေးရမယ်..

ကိုယ်လည်း ဘာအပြစ်မှ မလုပ်ထားဘဲ သက်သက်မဲ့ အနိုင်ကျင့်နေတာ၊ လွန်လွန်ကဲကဲပြောဆိုတာ၊ ကိုယ်မတတ်နိုင်တာတွေ တောင်းဆိုတာ၊ သူတို့ပြောတာမလုပ်ပေးရင်တော့ ဘယ်လိုဘာညာဆိုပြီး ခြိမ်းခြောက်တာမျိုးကတော့ ဘယ်သူ့ကိုမှ ဂရုကိုစိုက်စရာမလိုဘူး… ကိုယ်လုပ်ပေးရမယ့် တာဝန်မရှိဘဲလည်း လူတိုင်းအတွက် ကယ်တင်ရှင် ( Rescuer) လုပ်စရာမလိုပါဘူးလို့… ပြောပြဖြစ်ပါတယ်…

စိမ်းတို့ society မှာ လူတိုင်းကို မေတ္တာရှိရမယ်၊ သည်းခံရမယ်… ဒါလောက်တော့ လုပ်ပေးသင့်တာပေါ့ … ဆိုပြီး အသင်ခံလာရတာတွေများပါတယ်…

မေတ္တာရှိတာကောင်းပါတယ်… ဒါပေမဲ့ ရှိသမျှ ကိစ္စတိုင်းကို သည်းခံပြီး ချစ်ပြနေတာ… ကိုယ့်အင်အားကိုကျော်လွန်ပြီး လိုက်လျောနေတာတွေဟာ ကြာလာတော့ လူတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်တန်ဖိုးထားတဲ့ Self- Esteem တို့ Self-Love တို့ကို ကျလာစေပါတယ်..

Toxic relationship တွေထဲမှာလည်း မြောပြီးကြာနေတတ်ပါတယ်..

စိမ်းကတော့ ကိုယ်ဘယ်အခြေအနေဆို လက်ခံတယ် ၊ လက်မခံဘူးဆိုတာကို သေချာသတ်မှတ်ပြီး ချစ်ခင်တဲ့ Love with Boundary ကိုပဲ အယုံအကြည်ရှိပါတယ်…

လူတွေပြောနေကြစကားရှိပါတယ်.. “လုပ်လို့ရသူကိုပဲလုပ်တာပါ” ဆိုတာ… တကယ်လည်းမှန်ပါတယ်.. အဲ့ထဲမှာ ကိုယ်မပါဖို့ boundary တွေ limit တွေထားပြီး ချစ်တတ်ဖို့လိုပါတယ်…

🍀With All my Love & Energy 🍀
#DrSeinn
#InternationalCertifiedLifeCoach
#Trainer
#EnergyHealer