Feature Articles

Letting Go

ဒီတစ်ခါ Covid 3rd wave က လူတွေအတော်စိတ်နှလုံးတွေ ညှိုးနွမ်းရ ၊ စိတ်ပင်ပန်းရ၊ လူပင်ပန်းရတဲ့နေ့ရက်တွေပါပဲ…ကိုယ့်အတွက်စိတ်ပူရတာရော၊ ကိုယ့်အိမ်ကမိသားစုတွေရောကို 🍀 ပြောရဆိုရတာ 🍀 စိတ်ပူရတာ 🍀 လိုတာတွေ အချိန်နဲ့အမျှ ရှာဖွေနေရတာ 🍀 အရိပ်တကြည့်ကြည့်နဲ့ ပြုစုနေရတာတွေကအချိန်ကြာလာတော့ စိတ်ကဆောင်လို့သာ မာနေပေမဲ့ အချိန်မရွေးပြိုလဲသွားနိုင်တဲ့ အခြေအနေပါ… တချို့ တအိမ်လုံး နေမကောင်းဖြစ်နေအိမ်တွေဆို နားချင်ရင်တောင် မနားရဘဲ စိတ်ရောလူရော ပင်ပန်းနေကြတဲ့သူတွေလည်းအများကြီးပါ.. အပြင်ပန်းကြည့်တော့သာ သန်မာချင်ယောင်ဆောင်ထားလို့သာ သန်မာတယ်ထင်ရပေမဲ့ လူတိုင်းနီးပါးရဲ့ စိတ်တွေဟာ ဘယ်အချိန် ထပေါက်မယ်မှန်းမသိတဲ့ pressure cooker လို ၊အပ်နဲ့ထိုးလိုက်တာနဲ့ ထပေါက်မဲ့ ပူစီဖောင်းလို အခြေအနေမျိုးပါ… လူဟာ လူပဲ ဖြစ်တဲ့အတွက် အမြဲ သန်မာနေစရာ ၊ strong ဖြစ်နေစရာ ကြံ့ခိုင်နေစရာမလိုပါဘူး… သိပ်ပင်ပန်းလာတဲ့အချိန်မှာ ငိုချလိုက်ချင်ပေမဲ့ အတင်း strong ဖြစ်ရမယ်ဆိုပြီး ထိန်းချုပ်ထားတာဟာ ပိုပင်ပန်းသလို အနတ္တသဘောကို ဆန့်ကျင်ရာလည်းရောက်ပါတယ်… လူဖြစ်တဲ့အတွက် ပျော်တဲ့အချိန်ရှိသလိူ ဝမ်းနည်းချိန်၊ စိတ်ညစ်ချိန်၊ ပူလောင်ချိန်၊ စိတ်တွေကျပြီး ထွက်ပြေးချင်စိတ်ပေါက်လာချိန် လူတိူင်းရှိပါတယ်..

လူဟာ လူအတိုင်း ခံစားပြီး၊ အဲ့ခံစားချက်ကို လက်ခံပြီး 𝐋𝐞𝐭𝐭𝐢𝐧𝐠 𝐠𝐨 လုပ်ဖို့ လွှတ်ချဖို့ သိပ်လိုပါတယ်…

🍀🍀အဲ့လိုလွှတ်ချမှသာ ကိုယ့်ရဲ့ ပြင်းထန်တဲ့ အစွန်းရောက်နေတဲ့ ခံစားချက်တွေ ၊ ပူလောင်နေတာတွေ သက်သာပြီး ကိုယ့်ရဲ့ center (မျှခြေ) အခြေအနေကို ပြန်သွားနိုင်မှာပါ… စိမ်းကတော့ ဘယ်လို 𝐋𝐞𝐭𝐭𝐢𝐧𝐠 𝐠𝐨 လုပ်လဲ ဆိုရင်စိတ်သိပ်ပင်ပန်းလာတဲ့အခါ စိတ်လွှတ်ပြီး ငိုချလိုက်တယ်… ရင်ဖွင့်လို့ရသူကိုရင်ဖွင့်တယ်…တစ်ယောက်တည်းဘာမှမလုပ်ဘဲ ခဏငြိမ်နေတယ်… အဲ့လို လွှတ်ချပြီးလို့ ပေါ့သွားရင်

🍀 meditation လုပ်တာ🍀 ရုပ်ရှင်တစ်ခုခုကြည့်တာ🍀 ကိုယ်မသိသေးတာတွေ ရှာပြီးလေ့လာတာ🍀 သူငယ်ချင်းတွေနဲ့ ရယ်စရာတွေလျှောက်ပြောတာမျိုးနဲ့ အာရုံပြောင်းပြီး ကိုယ့်ရဲ့ center ကို ပြန်သွားပါတယ်…

အချိန်တွေ ကြာလာတာနဲ့အမျှ ထိခိုက်မခံတော့တဲ့ စိတ်တွေကို လွှတ်ချဖို့ မေ့နေသူတွေရော၊ အတင်းကြိုးစားသန်မာနေရသူတွေအတွက်ရောအတွက် စိမ်း က 🍀 𝙇𝙚𝙩𝙩𝙞𝙣𝙜 𝙜𝙤 𝙨𝙚𝙨𝙨𝙞𝙤𝙣 🍀 ဆိုတဲ့ ဒီpost လေးကို ဖန်တီးထားပါတယ်…

ဒီ post လေးရဲ့အောက်မှာ စိတ်ထဲက ခံစားချက်တွေ လွှတ်ချပြီး လွတ်လပ်စွာ 𝐋𝐞𝐭𝐭𝐢𝐧𝐠 𝐠𝐨 လုပ်လို့ရပါတယ်.. 🍀🍀လက်ရှိကာလတွေမှာ ကိုယ့်ရဲ့ခံစားချက်တွေကို ဘယ်လို 𝐋𝐞𝐭𝐭𝐢𝐧𝐠 𝐠𝐨 လုပ်ပြီး ကိုယ့်ရဲ့ center ကိုဘယ်လိုနည်းတွေနဲ့ပြန်သွားကြမလဲဆိုတာကို commentမှာ sharing လေးလုပ်ပြီး … ကောင်းတဲ့ energy တွေနဲ့ connect လုပ်ပြီး အတူတူ ဆက်ရှင်သန်ကြရအောင် 🍀🍀🍀

💚With All my Love & Energy 💚

Dr Seinn Life Coach & Trainer

Photo : Pinterest