Feature Articles

Law of Vibration

လောကနိယာမထဲမှာ Law of Vibration ဆိုတာလည်းတစ်ခုအပါအဝင်ဖြစ်လို့ သက်ရှိသက်မဲ့ အရာရာတိုင်းမှာ သက်ဆိုင်ရာ တုန်ခါလှိုင်း (vibration ) တွေရှိတယ်… ကိုယ်က ထုတ်လိုက်တဲ့ vibration တွေအတိုင်း ကိုယ့်ဘဝအပေါ်တိုက်ရိုက်သက်ရောက်မှုရှိတယ်ဆိုတာ အတော်များများသိပြီးသားဖြစ်မှာပါ…

ဒီနေ့တော့ ကိုယ့်ရဲ့ vibration နဲ့ပတ်သက်ပြီး ဘယ်လိုအရာတွေက ကိုယ့်ကို vibration ကျစေလဲ… ဘယ်လိုအရာတွေက vibration ကောင်းစေလဲဆိုတာ သိဖို့အတွက် ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ Self- Check List လေးပြောပြပေးပါမယ်…

🍀အမှတ် ၀ ကနေ ၁၀ ပေးမယ်ဆိုရင် ကိုယ့်ရဲ့ vibration quality ကို အမှတ်ဘယ်လောက်ပေးလို့ရမလဲ …

🍀ကိုယ့်ရဲ့ vibration ကိုကောင်းစေတဲ့ အရာတွေ (အပြုအမူ ၊ အလေ့အကျင့်၊ ပတ်ဝန်းကျင်) က ဘယ်လိုအရာတွေလဲ …

🍀ကိုယ့်ကို vibration ကျစေတဲ့ အရာတွေ (အပြုအမူ၊ အလေ့အကျင့်၊ ပတ်ဝန်းကျင်) က ဘယ်လိုအရာတွေလဲ …

🍀တကယ်လို့ vibration ကျနေပြီလို့ energy မကောင်းတော့ဘူးလို့ ခံစားရရင် ဘယ်လို ဖြတ်ကျော်ပြီး ပြန်ကောင်းအောင်လုပ်ခဲ့လဲ…

🍀Vibration ပြန်ကောင်းဖို့ ဘယ်သူတွေကနေ အကူအညီကောင်းကောင်းရခဲ့ဖူးလဲ…

🍀Vibration မကောင်းတော့တဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ဖို့ လုပ်ရမဲ့အရာတွေပြင်ရမဲ့ အရာတွေရှိတယ်ဆိုရင် အဲ့အရာတွေက ဘာတွေဖြစ်မလဲ…

🍀Vibration မကောင်းတဲ့ ပတ်ဝန်းကျင်ကနေ ချက်ချင်း ရုန်းထွက်ဖို့ အဆင်မပြေသေးဘူးဆိုရင် ကိုယ့်ရဲ့ energy level ကို ထိန်းဖို့ ဘာတွေလုပ်ဖို့လိုမလဲ… ဘာတွေပြုပြင်ဖို့လိုမလဲ..

🍀ကိုယ့်ရဲ့ vibration ကို သိသိသာသာမြင့်စေတယ်လို့ ခံစားရတဲ့ အရာမျိုးတွေရှိရင် အဲ့ဒါ ဘယ်လိုကိစ္စတွေ အပြုအမူတွေ ဖြစ်မလဲ…

🍀ခုလက်ရှိ ကိုယ်နေထိုင်နေတဲ့ ပုံစံ ၊ ထားနေတဲ့ စိတ်တွေက ကိုယ့်ရဲ့ vibration အတွက် အဆင်ပြေလား… မပြေဘူးဆိုရင် ဘာဆက်လုပ်ဖို့လိုမလဲ…

🍀ကိုယ်တိုင်ကရော life transformation ဖြစ်ဖို့ ကောင်းမွန်တဲ့ vibration တွေရအောင် ဘာအလေ့အကျင့်တွေ လေ့လာမှုတွေ နေ့စဉ်ပြုလုပ်နေပါသလဲ..

🍀ကိုယ်က vibration ကောင်းအောင်နေမယ်လို့ ဆုံးဖြတ်ထားပေမဲ့ ကိုယ့်ကို ပြန်ဆွဲချနေတဲ့ အရာတွေက ဘာတွေလဲ…

🍀ဘဝမှာ လွတ်လွတ်မြောက်မြောက်နဲ့ ရှေ့ဆက်ဖို့ ဒီနေ့ စလုပ်ရတော့မယ်ဆိုရင် တဆင့်ပြီး တဆင့် ဘာတွေကို ဘယ်လိုလုပ်သွားရမလဲ…

ဒီမေးခွန်းလေးတွေကို စာအုပ်နဲ့ သေချာလေး ချရေးပြီး Journaling လုပ်ပြီး ဖြေကြည့်ပါ… ဒီတိုင်းတွေးနေတာထက် Journaling လုပ်တာ ပိုပြီး တိကျမှန်ကန်တဲ့ အဖြေတွေကိုရစေပါတယ်.. ဒီမေးခွန်းလေးတွေ ဖြေတဲ့အခါ ကိုယ့်ရဲ့ တကယ့်အစစ်အမှန် reality ကိုရဲရဲဝံ့ဝံ့ သုံးသပ်နိုင်ရပါမယ်… ကိုယ့်စိတ်ကိုယ်လှည့်စားနေမယ်.. Fake နေမယ်ဆိုရင်တော့ ကိုယ့်ဘဝအတွက် အထောက်အပံ့ဖြစ်စေမဲ့ အဖြေကနေ လွဲချော်ကုန်ပါလိမ့်မယ်…

ဒီမေးခွန်းတွေသေချာဖြေဆိုမယ်ဆိုရင် နေ့စဉ်ကောင်းမွန်တဲ့ vibration များနဲ့ရွေးချယ်နေထိုင်နိုင်ပြီး ကောင်းမွန်တဲ့ vibration တွေကို ကိုယ့်ဘဝထဲ ရွေးချယ်ဆွဲခေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…

✨လစဉ် လူထောင်ပေါင်းများစွာ join နေကြတဲ့ Energy Work Program ကို စက်တင်ဘာလအတွက် စာရင်းပေးသွင်းနိုင်ပါပြီ

✨လာမဲ့ တနင်္ဂနွေ (28.8.2022) ညနေ ၆ နာရီ မှာပြုလုပ်ပေးမဲ့ စိမ်းရဲ့ Solution Focus (Free Master Class) ကို အခမဲ့တက်ရောက်ဖို့ ဒီ link ကတဆင့် စာရင်းပေးသွင်းလို့ရပါပြီ …

Group link – https://www.facebook.com/groups/2231072663714634/

✨Solution Focus (Free Master Class) အတွက် အသေးစိတ် သိရှိရန် ….

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedCoach

#Trainer

#EnergyHealer