Feature Articles

Intuition

“ကိုယ်ဒီလောက် ကောင်းရဲ့သားနဲ့ တဖက်လူက ဘာလို့အကောင်းမပြောတာလဲ “
“ ကိုယ့်ဘာသာကောင်းကောင်းမွန်မွန် နေနေတာကို သူ့လည်း ဘာမှမလုပ်ဘဲနဲ့ ကိုယ့်ကို ကြည့်မရသလိုပဲ ခံစားရတယ်”
“ကိုယ်သာ စိတ်ထဲကအတိုင်းလုပ်ရင် ဘယ်သူက ဘယ်လိုထင်သွားမလဲ… လူတွေကဘာပြောမလဲ”

စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ်ထက် တဖက်ကို ပိုပြီးစိတ်ဝင်စားတတ်ပါတယ်..
ကိုယ့်ကိစ္စထက် သူများက ဘယ်လိုထင်မလဲ ဘယ်လိုမြင်မလဲ ဆိုပြီးတွေးတာရော၊ သူများတွေပြောသမျှယောင်ပြီးလိုက်လုပ်တာ၊ ကိုယ့်စိတ်ထဲကဖြစ်ချင်တာ တမျိုး သူများစကားတွေ အတွေးတွေ အတိုင်း နားယောင်ပြီး ကိုယ့်လမ်းကြောင်းကို မယုံကြည်တော့တာ တွေဝေတာတွေဟာ သူများအမှိုက်တွေ ကိုယ့် စိတ်ထဲလာအထည့်ခံတာနဲ့အတူတူပါပဲ…

ကိုယ်ဘာတွေဘယ်လိုကောင်းအောင်လုပ်ထားပါစေ … ဘယ်လောက်စေတနာမေတ္တာမှန်နေပါစေ.. ကမ္ဘာပေါ်က ရှိသမျှလူက ကိုယ့်ကိုချစ်ခင်နေမယ်၊ အဆင်ပြေနေမယ်ဆိုတာ မရှိနိုင်ပါဘူး.. ဒါလောကသဘာဝပါပဲ..

စိမ်းကရော…

စိမ်းကတော့ ဘယ်သူဘာပြောပြော ကိုယ့်ကိုယ်ကိုယ်
ရော သူများကိုရော ဒုက္ခပေးမဲ့အရာမဟုတ်ရင် ကိုယ်လုပ်ချင်တာပဲကိုယ်လုပ်ပါတယ်..
တလောကလုံးနဲ့ ဆန့်ကျင်နေရင်တောင် ကိုယ့် intuition နောက်ကိုပဲလိုက်ပါတယ်…
Data တွေထက် Intuition ကိုပဲ ယုံပါတယ်..
စိမ်းရဲ့ ကိုယ်ပိုင်အတွေ့အကြုံအရတော့ ယုတ္တိကျကျ အချက်အလက်တွေနဲ့ တသက်လုံးထိုင်စဉ်းစားရင်တောင် ဖြစ်နိုင်ပါ့မလားဆိုတဲ့အရာတွေကို အဲ့ စစ်မှန်တဲ့ intuition ကပဲ ခေါ်ဆောင်ပေးသွားတာပါ…

🍀 Listen to your heart …
🍀 Follow your intuition…

🍀 With All my Love & Energy 🍀
Dr Seinn
Life Coach , Trainer & Energy Healer