Feature Articles

Intention Setting

ဒီနေ့ကတော့ မြန်မာပြက္ခဒိန်အရ မင်္ဂလာရှိတဲ့ တပေါင်းလပြည့်နေ့ဖြစ်ပါတယ်… (တကယ်လပြည့်မှာကတော့ March 7 ညမှ လကပြည့်မှာပါ)

တပေါင်းလပြည့်နေ့ဟာ မြတ်စွာဘုရားရှင်က မိဘများရှိရာ ကပိလဝတ်ပြည်သို့ ဘုရားဖြစ်တော်မူပြီးသည့် အချိန်တွင် ပထမဆုံး ပြန်လည်ကြွရောက်ရန်အစချီတော်မူသောနေ့ (မြတ်ဗုဒ္ဓ ပြည်တော်ဝင်နေ့) ဖြစ်သလို သာသနာတော်သမိုင်းအရလည်း သိကြားမင်း ၊ ဥက္ကလာပမင်းကြီး၊ တပုဿနှင့်ဘလ္လိက ညီနောင် နှစ်ဦးပေါင်းစည်း၍ ရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ထားသောနေ့လို့လည်း ဆိုကြပါတယ်…

ဒီတပေါင်းလပြည့်နေ့မှာ စိမ်းအနေနဲ့ မနက်စောစောဘုရာရှိခိုး ပဌာန်းကျမ်းကြီးပူဇော်နေရင်း ကုသိုလ်တွေပြုပြီးတဲ့အခါ ဘယ်လို ဆုပန်လဲ ဆိုတာကို မျှဝေချင်စိတ်လေးပေါ်လာတာနဲ့ ဒီပို့စ်လေးနဲ့ sharing လုပ်လိုက်ရပါတယ်…

စိမ်းကတော့ ဆုတောင်းတယ်ဆိုတာထက်ဆုပန်တယ်ဆိုတဲ့ စကားလေးကို ပိုသဘောကျပါတယ်… အရင်ကတော့ အလွယ်တကူ ဆုတောင်းတယ်ဆိုတာပဲ သုံးလေ့ရှိတယ်… ငယ်ငယ်ကလည်း ဒါကိုပဲ ကြားခဲ့သိခဲ့တာကိုး… စာမေးပွဲအောင်ပါစေ၊ ဂုဏ်ထူးရပါစေ ၊ ချစ်သူနဲ့အဆင်ပြေပါစေ၊ အလုပ်ရပါစေ၊ ပိုက်ဆံချမ်းသာပါစေ၊ ကျန်းမာရေးကောင်းပါစေ စသည်ဖြင့် ငယ်ငယ်ကတည်းက အတော်များများ ဆုတောင်းဖူးကြမှာပါ…

အဲ့ဒီတော့ တစ်ခုခုလိုချင်လို့ ဆန္ဒပြုတာ ၊ ဆုပန်တာဆိုတာဟာ Energy သဘောအရ ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက် Intention Setting ချလိုက်တဲ့သဘောပါပဲ…

ဂေါတမမြတ်စွာဘုရားတောင် သုမေဓာ ရှင်ရသေ့ ဘဝက ဒီပင်္ကရာ ဘုရားရှင်ရှေ့မှောက်မှာ ဘုရားဖြစ်ဖို့ ဆုပန်ခဲ့တာပါ… ဘယ်အထိ ဖြစ်ချင်တာဆိုတဲ့ Intention ချလိုက်တဲ့သဘော… Intention ကြီးရင်ကြီးသလိုလည်း ပါရမီတွေဖြည့်ရပါတယ်.. မြတ်စွာဘုရားဟာ ကိုယ့်အကျိုးထက် သတ္တဝါအနန္တကိုသံသရာလွတ်ရာလွတ်ကြောင်းကယ်ဖို့အတွက် ဘုရားဆုပန်တာဖြစ်လို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရတယ်ဆိုတာလည်း သိကြပြီးသားပါ..

Intention ကြီးရင်ကြီးသလောက် အဲ့ Intention ကို ပြည့်မှီနိုင်တဲ့ ပါရမီစွမ်းတွေဖြည့်ဆည်းရပါတယ်.. ပေးဆပ်မှုတွေပြုလုပ်ရပါတယ်… Spiritual ဆန်ဆန်ပြောရရင်တော့ Energy upgrade တွေလုပ်ရတယ်ပေါ့…

ဆိုလိုချင်တာ ကိုယ်ဖြစ်ချင်တာ ၊ ဆန္ဒရှိတာကို ဆုပန်လို့ရတယ်ဆိုတာပါပဲ… ဆုပန်တာဟာ လောဘမဟုတ်ပါဘူး… အဓိပတိလေးပါးမှာလည်း ဆန္ဒာဓိပတိဆိုတာ ရှေ့ဆုံးကလာတာပါ… ဘာဖြစ်ချင်မှန်းတောင်မသိဘဲ Clear Intention မရှိဘဲ ဘာမှမဖြစ်ပါဘူး…

ပါမောက္ခချုပ်ဆရာတော်ကြီးကလည်း ဆုပန်တာ ဆုတောင်းတာ လောဘမဟုတ်ဘူး .. ဆန္ဒပဲ… ဒါပေမယ့် အဲ့ဒီဆန္ဒကို အတင်းကြီးကိုယ့်သဘောအတိုင်း ဖြစ်ကိုဖြစ်ရမယ်… ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်ဆန္ဒပြည့်ဖို့ပဲလိုတယ်ဆိုတဲ့ စိတ်မလျှော့နိုင်တဲ့ လောဘ၊ ဆန္ဒမပြည့်မြောက်သေးတဲ့အခါ မကျေနပ် အလိုမကျတဲ့ ဒေါသ တွေကမှသာ အကုသိုလ်ဖြစ်တာပါလို့ ပြောဖူးတာမှတ်မိပါတယ်..

ဆန္ဒနဲ့လောဘက အလွှာပါးလေးပဲ ခြားထားမို့ သတိထားစရာပါ… စိမ်းအမြဲပြောသလိုပဲ Intention ချပြီးရင် အဲ့ဒီ Intention ကို ရောက်မယ့် အကြောင်းတရားထိုင်ဖြည့်နေရုံပဲ… ကျန်တာ ကိုယ့်အလုပ်မဟုတ်ဘူး… အနတ္တသဘောအရ အကြောင်းအားလျော်သော အကျိုးတွေဖြစ်လာမှာပါပဲ…

စိမ်းက ဒီတိုင်းကြီး အလွတ်သဘော ဆုတောင်းနေတာထက် ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကို သစ္စာပြုပြီး ဆုပန်ရတာကို ပိုအားရှိတယ်လို့ခံစားရပါတယ်… Faith ပေါ့… ကိုယ်လုပ်တဲ့အလုပ်တွေ (လက်ရှိဘဝရော ၊ အတိတ်ဘဝပေါင်းများစွာမှာလုပ်ခဲ့တဲ့ကုသိုလ်တွေ) ကို သစ္စာပြုပြီး ဤမှန်ကန်သော သစ္စာတရားကြောင့်ဆိုပြီး Powerful Energy တစ်ခုကိုဆွဲယူလိုက်တဲ့သဘောပါပဲ…

အဲ့ဒီ သဘောတရားကို လစဉ်ပြုလုပ်တဲ့ Energy work ထဲက Money & Prosperity Healing မှာ သုံးဖူးပါတယ်… အင်မတန် powerful ဖြစ်တယ်ဆိုတာ အတူတူလိုက်လုပ်တဲ့သူတွေအားလုံး ခံစားမိပါတယ်.. Spiritual အားကောင်းသူတွေဆို Money Healing Session မှာ လိုက်လုပ်နေရင်း အတိတ်ဘဝက ကုသိုလ်ထုပ်တွေ ပြန်မြင်တာ၊ intuition ရတာတွေအများကြီးပါပဲ… Powerful Energy filed ထဲရောက်နေချိန် ကိုယ်တကယ်လုပ်ခဲ့တဲ့ ကုသိုလ်စေတနာကို သစ္စာပြုတာမို့ တကယ်လည်း အကျိုးပေးမြန်ပါတယ်…

စိမ်း နေ့တိုင်း ကုသိုလ်တွေလုပ်ပြီး ဆုနှစ်မျိုးပန်လေ့ရှိပါတယ်…

🍀တစ်ဆုကတော့ နိဗ္ဗာန်ရောက်ကြောင်းအတွက် အားကြီးအားကောင်းသော အထောက်အပံ့ဖြစ်ပါစေ (ဒါကလည်း ၂၀၁၆ အောင်သုခတရားစခန်းဝင်ပြီးမှ တရားအရသာကိုသိ သဘောပေါက်ပြီးနိဗ္ဗာန်ကို တကယ်လိုချင်သွားတာပါ.. အရင်က နက်နက်နဲနဲလိုချင်မနေပါဘူး )

🍀နောက်တစ်ဆုကတော့ ဒီဘဝမှာလည်း လောကီ လောကုတ္တရာ နှစ်ဖြာမှာ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ထိပ်ဆုံးအထိ ပေါက်မြောက်အောင်မြင်ရပါ​စေ ဆိုတာပါပဲ … ( ကိုယ်စွမ်းသလောက် ကိုယ်ပါရမီရှိသလောက် ဖြစ်တဲ့အတွက် သူများနဲ့ နှိုင်းယှဉ်ဖို့မလိုပါဘူး)

စိမ်းပြောသလိုပဲ လက်ရှိအခြေအနေမှာ တောထွက်ပြီး တရားအားထုတ်မှာလည်းမဟုတ်၊ တောရကျောင်းသွားပြီး ရဟန်း သီလရှင်လည်း အပြီးမဝတ်နိုင်သေးသလို လူ့ဘဝထဲ လောကီကိစ္စတွေနဲ့ ဆက်ကျင်လည်ရဦးမှာဖြစ်တဲ့အတွက် လမ်းလျှောကိသလို ဘယ်ခြေ ၊ ညာခြေ အပြိုင်လှမ်းဖို့လိုပါတယ်…

အဲ့အတွက် လောကီ ကိစ္စ အဖြာဖြာ (ကျန်းမာရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ စီးပွါးရေး၊ လူမှုရေး၊ အလုပ်အကိုင်) တွေမှာလည်း ကိုယ်လုပ်သမျှ ကံအထောက်အပံ့ ဥာဏ်အထောက်ပံ့တွေ ပေါက်မြောက်နေရင် သိဒ္ဓိပြည့်ဝနေရင် အကောင်းဆုံးပါပဲ.. ဝီရိယကတော့ ကိုယ်အားထုတ်ရမှာပေါ့လေ..

ဒီပို့စ်လေးကနေ ဆုပန်တယ် Intention ချတယ်ဆိုတဲ့ အဓိပ္ပါယ်တွေကိုလည်း ပိုပြီး လေးလေးနက်နက် နားလည်သွားမယ်လို့ မျှော်လင့်ပါတယ်…

ဒီတပေါင်းလပြည့် ကုသိုလ်လေးအနေနဲ့ စိမ်းရဲ့ client တချို့ကနေပြီး Energy work ကို အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်ဖို့ အဆင်မပြေသူများအတွက် March လ ၉ ရက်နေ့ညမှာစတင်မယ့် Energy Work (March Batch) မှာ ပညာဒါန (၅)ဦးတိတိကုသုလ်ပြုပြီး ပညာပါရမီတွေဖြည့်ထားပါတယ်.. ဒီlink လေးမှာ အသေးစိတ်ကြည့်ပြီး ပါဝင်လို့ရပါတယ်ရှင်..

https://m.facebook.com/story.php?story_fbid=734350838358205&id=101067308353231

Namaste ✨🙏

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer