Feature Articles

Inner journey

စိတ်အလုပ်လုပ်တယ် .. Inner work တွေ… Spiritual practice တွေလုပ်တယ်ဆိုတာ မျက်စိတမှတ် လက်တဖျစ်အတွင်း ကုဋေကုဋာဖြစ်ပျက်နေတဲ့စိတ်ကို အကုသိုလ် (negative energy) တွေ တဖြည်းဖြည်းနည်းလာပြီး ကုသိုလ်စိတ် (positive energy) မှာ ထားတတ်ဖို့ လေ့ကျင့်တဲ့ အလုပ်တွေပဲဖြစ်ပါတယ် …

ကိုယ့်ရဲ့ inner journey ကို သွားဖို့ ဘယ်လိုအကြောင်းတရားတွေဖြည့်ဖို့လိုအပ်မလဲ …..

🍀 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐭𝐨 𝐖𝐢𝐬𝐝𝐨𝐦 (ဥာဏ်ပညာ)

ကိုယ်သိထား ၊ တတ်ထား ၊ ဖတ်ထားတာတွေကို သိရုံသိတဲ့အဆင့်ကနေ ဥာဏ်ပညာအဆင့်ရောက်အောင် ကူးပြောင်းဖို့လိုပါတယ်… ဥာဏ်ပညာဆိုတာ ဘယ်တက္ကသိုလ်ကဘာဘွဲ့ရထားတယ်.. ဘာတွေသင်ယူထားတယ်ဆိုတာထက် မှန်တယ်/ မှားတယ်.. ကောင်းတယ်/ဆိုးတယ်.. ကုသိုလ်/ အကုသိုလ်ကို ကောင်းစွာခွဲသိမြင်နိုင်တာဖြစ်ပါတယ်… ဘာတွေ သိတယ်.. ဘာသင်တန်းတွေတတ်ထားတယ်ဆိုတာထက် အဲ့လိုသိထားသမျှကို ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ ရင်ထဲကလာတဲ့ ကိုယ်ပိုင်ဥာဏ်နဲ့ ပိုင်းခြားသုံးသပ်နိုင်တဲ့ wisdom ရှိမှသာ ရှေ့ဆက်ရမဲ့ ဘဝတလျှောက် အဆင်ပြေမှာပါ… သိရုံသိနေဖို့ထက် ကိုယ့်ဘဝမှာ လက်တွေ့သုံးဖို့ (apply လုပ်ဖို့) လိုပါတယ်…

🍀 𝐄𝐦𝐛𝐨𝐝𝐢𝐦𝐞𝐧𝐭 ( အကျင့် / ခန္ဓာသိ)

ခုနပြောတဲ့ wisdom level ကိုရောက်ဖို့ အရေးကြီးတာတော့ ခန္ဓာသိသိအောင်လုပ်ထားတဲ့ အကျင့်ပါပဲ… ဘယ်ဘာသာဝင်မဆို သက်ဆိုင်ရာဘာသာတရားတွေက ဆုံးမထားတဲ့ ဓမ္မတွေကို ရွတ်နေရုံမဟုတ်ဘဲ လက်တွေ့ကျင့်ကိုကျင့်ရတော့မဲ့အချိန်ပါ… ဥပမာ ခင်ပွန်းကြီး ၁၀ပါးကျေးဇူးကိုရှိခိုး..ပါးစပ်ကတွင်တွင်ပြောပေမဲ့ အိမ်ကမိဘကို အော်ဟစ်ပြောဆိုမိနေတာတွေ၊ မေတ္တာသုတ်တွေတော့ရွတ်ပြီး ရှိသမျှလူ ရန်ရှာနေတာတွေ က အဆင်မပြေနိုင်ပါဘူး… ဘယ်ဘာသာဝင်မဆို တကယ်လက်တွေ့ကျင့်ကြံအားထုတ်တဲ့ အကျင့်နဲ့တွဲတဲ့ ရွတ်ဖတ်မှုတွေလိုပါတယ်… အကျင့်ရှိမှသာ ခန္ဓာသိသိမှာသာ ခုနပြောတဲ့ wisdom ဆိုတဲ့ ဥာဏ်ပညာ level ကိုရောက်မှာဖြစ်ပါတယ်… အနိစ္စ၊ ဒုက္ခ၊ အနတ္တကို စာလိုကြားဖူးတာနဲ့ ဒီတိုင်းပြောနေတာနဲ့ ခန္ဓာသိသိတာနဲ့ မတူနိုင်ပါဘူး… အဲ့သဘောပါပဲ…

Spiritual practice တွေမှာလည်း သူများပြောတာကို နားထောင်တာ….. ဒီတိုင်းဖတ်ထားတာ ပြန်ပြောပြတဲ့သူနဲ့… ကိုယ်တိုင်ကြုံတွေ့ထားတဲ့ Embodied ဖြစ်ထားတဲ့ အရာတွေကို ပြောပြတဲ့ sharing လုပ်တဲ့ energy ဟာ အင်မတန်ကွာခြားပါတယ်… Embodied ဖြစ်တဲ့အခါ spiritual sharing တစ်ခုခုကို နားထောင်ရ သိလိုက်ရတဲ့အခါလည်းကိုယ့်အတွေအကြုံနဲ့ယှဉ်ပြီး ပိုသဘောပေါက်လွယ် ၊ အဖြေရလွယ်၊ ဥာဏ်ဖြစ်လွယ်ပါတယ်…

🍀 𝐂𝐨𝐧𝐬𝐜𝐢𝐨𝐮𝐬𝐧𝐞𝐬𝐬/ 𝐌𝐢𝐧𝐝𝐟𝐮𝐥𝐧𝐞𝐬𝐬 ( သတိကပ်မှု)

လောကီ/ လောကုတ္တရာအတွက်အရေးအကြီးဆုံးလို့တောင်ပြောလို့ရပါတယ်… မြတ်စွာဘုရားရဲ့နောက်ဆုံးစကားကတောင် မမေ့မလျော့ မပေါ့မဆ သတိနဲ့သာနေကြပါလို့ မှာကြားခဲ့တာပါ…

မသိစိတ်ဟာ ၉၀% အင်အားကြီးမားလို့ ကိုယ်သတိမထားမိခင်မှာတင် ပြောမိတာ လုပ်မိတာ ဝယ်မိတာ သုံးမိတာတွေ လူတိုင်းရှိဖူးမှာပါ.. ပြန်တွေးမှ မလုပ်သင့်ဘူးတွေးမိတဲ့အတွေးမျိုးတွေလည်းကြုံဖူးမှာပါ…

တရားထိုင်တယ်ဆိုတာလည်း စိတ်ကို သတိကပ်အောင်လုပ်တဲ့ လေ့ကျင့်မှုပါပဲ…. တရားမထိုင်နိုင်သေးလည်း ကိစ္စမရှိပါဘူး.. တခြားတွေ စိတ်ရောက်နေတာ ၊ အလုပ်၂ ခု / ၃ ခုတပြိုင်တည်းလုပ်ပြီး ဗျာများနေတာထက် ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ သေချာအာရုံစိုက်ပြီး အဲ့နေရာမှာပဲ စိတ်ကိုထားပြီး consciousness ကိုလေ့ကျင့်လို့ရပါတယ်… ထမင်းစားရင်စားနေတဲ့ထမင်း၊ ပန်းကန်ဆေးရင် ဆေးတဲ့နေရာ၊ ရုပ်ရှင်ကြည့်ရင်ရုပ်ရှင်ထဲ၊ စာလုပ်နေရင် စာထဲပဲ အာရုံစိုက်ဖို့လိုပါတယ်.. သတိကပ်တာဟာ တွေဝေမိန်းမောမသိတဲ့ မောဟကိုလည်းလျော့စေလို့ ကုသိုလ်စိတ်ဖြစ်စေပါတယ်…

🍀 𝐊𝐧𝐨𝐰𝐢𝐧𝐠 𝐲𝐨𝐮𝐫𝐬𝐞𝐥𝐟/ 𝐒𝐞𝐥𝐟-𝐚𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 (ကိုယ့်ဘာသာသိခြင်း)

ကိုယ်ဖြစ်ချင်တာ၊ ကိုယ်မဖြစ်ချင်တာ၊ ကိုယ်ကြိုက်တာ၊ မကြိုက်တာတွေကို ကောင်းကောင်းသိဖို့ လိုပါတယ်… တနည်းအားဖြင့် သူများတွေရဲ့အသံ၊ ပြင်ပကအသံမဟုတ်ဘဲ ကိုယ့်ရင်ထဲကအသံ (inner voice )ကို နားထောင်ဖို့လိုပါတယ်…ကိုယ့်ကိုလမ်းပြနိုင်တဲ့ ကိုယ့်ရင်ထဲက တကယ်ဖြစ်ချင်တဲ့ inner voice ပဲပြောပြော intuition ဆိုတဲ့ ဝမ်းတွင်းပါအသိစိတ်ပဲပြောပြော လူတိုင်းမှာရှိပါတယ်…

ကိုယ့်ရဲ့ inner voice ကို မကြားတာ မသိတာက ကိုယ်က ကိုယ့် inner world ကို ဂရုမစိုက်တာ၊ နားမထောင်တာ၊ အပေါ်ယံ ဟန်ဆောင်ဖုံးကွယ်မှုတွေ ကိုယ့်ဘာသာလုပ်ထားတာ၊ စိတ်ကိုလှည့်စားထားတာ၊ သူများအမြင်တွေကိုပဲ အာရုံစိုက်နေတာ၊ အပြင်က အသံတွေ သတင်းတွေကိုပဲ နားထောင်နေတာကြောင့်ပါ…

ကိုယ့်ကိုယ်ကိုယ်ကောင်းကောင်းသိပြီး ကိုယ့်ရဲ့ inner-self နဲ့ကိုယ်နဲ့ connection ဖြစ်ဖို့အတွက် ခုနပြောတဲ့ consciousness (သတိကပ်မှု) နဲ့ ငြိမ်သက်တဲ့အချိန်( silence) လိုအပ်ပါတယ်.. တရားစခန်းတွေမှာ မလိုဘဲစကားမပြောရတာ ၊ ဝစီပိတ်ကျင့်ရတာဟာ အပြင်သံတွေထက် ကိုယ်ရဲ့ရုပ်နာမ်ရဲ့ ပြောင်းလဲမှုတွေ နဲ့ ကိုယ့်တရားကို ကိုယ့်ဘာသာကောင်းကောင်းသိဖို့ silence လုပ်တာပါပဲ..

🍀 𝐒𝐞𝐧𝐬𝐞 𝐨𝐟 𝐨𝐰𝐧𝐞𝐫𝐬𝐡𝐢𝐩/ 𝐑𝐞𝐬𝐩𝐨𝐧𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲(တာဝန်ယူခြင်း)

လောကကြီးမှာ ဘယ်လိုဆုံးဖြတ်ချက်မဆို၊ ရွေးချယ်မှုမဆို ၁၀၀% အကောင်း ၊ ၁၀၀% အဆိုးဆိုတာ မရှိနိုင်ပါဘူး…

လောကနိယာမအရ အလင်း/အမှောင်၊ အပူ/အအေး၊ အနိမ့်/အမြင့်၊ အတက်/အကျ၊ အဖြူ/အမည်း စတဲ့ ဆန့်ကျင်ဖက်တွေဟာ မျှတစွာ ယှဉ်တွဲတည်ရှိပြီးသားပါ… အဲ့အတွက် ဘယ်အရာမဆို အကောင်း အဆိုး ဒွန်တွဲနေတာဖြစ်လို့ ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်း ဆုံးဖြတ်ချက်တိုင်းရဲ့ ကောင်းခြင်း ဆိုးခြင်း မှန်သမျှကို တာဝန်ယူရမဲ့သူဟာ ကိုယ်ပဲဖြစ်ပါတယ်…

ခုပြောပြထားတာဟာ ကိုယ့်ရဲ့ inner journey/ spiritual journey ကို လျှောက်လှမ်းဖို့ နေ့စဉ်လုပ်သွားရမယ့် အကြောင်းတရားတွေဖြစ်ပါတယ်…

စိတ်အလုပ်ဆိုတာ တစ်ရက်၊ တစ်လ ၊ တစ်နှစ်ဆိုပြီးလုပ်ရတာမဟုတ်ပါဘူး …. တသက်လုံး လေ့ကျင့်ရတာဖြစ်ပါတယ်… နည်းနည်းချင်းအစပြုပြီး နေ့စဉ်လေ့ကျင့်ဖို့လိုပါတယ်..

ဘယ်အချိန်စလုပ်ရမှာလဲဆို ၂၀၂၀ ထဲက ကပ်ရောဂါအပါအဝင် ကမ္ဘာကြီးပေါ် က မမျှော်လင့်ထားတဲ့ အဆိုးလောကဓံဖြစ်ရပ်တွေတစ်ခုပြီးတစ်ခုဖြစ်နေတာကိုသာ သတိထားမိမယ်ဆိုရင် ၊ အဲ့အရာတွေကို Spiritual ဘက်ကနေကြည့်မယ်ဆိုရင် Universe က ကိုယ့်ရဲ့ Inner Work တွေလုပ်ဖို့လူတွေကို message ပေးနေတာပါပဲ… အဆိုး လောကဓံပိုများနေတဲ့ ခုလိုအချိန်မှာ အကောင်းဆုံး ရင်ဆိုင်ဖြတ်ကျော်နိုင်ဖို့ ကိုယ့်ရဲ့ inner journey ကိုလုပ်ကိုလုပ်ရမဲ့အချိန်ပါပဲ…

𝐓𝐡𝐞 𝐓𝐢𝐦𝐞 𝐢𝐬 𝐍𝐨𝐰 !

✨ The post from 2years ago (20th Aug 2021) ✨

🍀With All my Love & Energy 🍀

#DrSeinn

#InternatinalCertifiedCoach

#Trainer

#EnergyHealer

#InnerJourney

#SpiritualPractice