Feature Articles

Information overload

ယခုလက်ရှိမှာ လူတော်တော်များများရင်ဆိုင်နေရတဲ့အခက်အခဲတစ်ခုကတော့ သတင်းအချက်အလက်ဖောင်းပွခြင်းဆိုတဲ့ information overload ပဲဖြစ်ပါတယ်… Social media ပေါ်မှာ အထူးသဖြင့် Facebook ပေါ်မှာ ရေးတင်တဲ့ post တွေ ၊ အချင်းချင်း share ကြတာတွေအပြင်၊ private message တွေမှာ အချိန်နဲ့အမျှတက်နေတဲ့ သတင်းပေါင်းစုံဟာ အရမ်းကိုများပြားလွန်းပြီး သတင်း အမှန်လား ၊ အမှားလားဆိုတာလည်း ခွဲရခက်လာပါတယ်…အဲ့လို သတင်းပေါင်းစုံကို တချိန်တည်းတပြိုင်တည်းလက်ခံနေရတာဟာ စိတ်လှုပ်ရှားတာ၊ စိတ်ဖိစီးတာ၊ ပူပန်တာ၊ စိုးရိမ်သောကရောက်တာတွေအပြင် အချိန်ကြာလာတာနဲ့အမျှ စိတ်အတက်အကျတွေများလာပြီး စိတ်ပင်ပန်းဆင်းရဲစေလာပါတယ်… အကျိုးဆက်အနေနဲ့ ကိုယ်လုပ်ရမယ့်အရာတွေအတွက် ဆုံးဖြတ်ချက်တဲ့နေရာမှာ ခက်ခဲစေတာအပြင် ဆုံးဖြတ်ချက်အမှားတွေချမိတာမျိုးအထိဖြစ်နိုင်ပါတယ်…Information overload ကြောင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ energy မထိခိုက်အောင် ဘာတွေလုပ်လို့ရလဲ ?? ✅ အချိန်သတ်မှတ်ပါ Social media ကို တောက်လျှောက်ကြည့်နေတာမဟုတ်ဘဲ အချိန်သတ်မှတ်ဖို့လိုပါတယ်.. စိမ်းဆိုလည်း ဖုန်းကိုင်လိုက်ရင် သတိတောင်မထားမိဘဲ ၂နာရီ ၃နာရီလောက်တောင် ကြာသွားတတ်တာမျိုးရှိတာမို့ တစ်ခါကြည့်ရင် ဘယ်လောက်ပဲကြည့်မယ်ဆိုတာမျိုး ကိုယ့်ဘာသာ သတ်မှတ်ဖို့လိုပါတယ်.. လိုအပ်ရင် Timer လေးပေးထားလို့ရပါတယ်.. ✅ Negative energy ရစေတာများကိုရှောင်ပါ ပေါ်လာတဲ့ post တွေထဲမှာ ကိုယ့်အတွက် energy ကျစေမယ့်အရာတွေဆို အဆုံးထိဆက်ဖတ်မနေဘဲ ကျော်တာမျိုး လုပ်ပါ … တချို့အရာတွေကို unfollow လုပ်တာမျိုး၊ restrict လုပ်တာမျိုး လုပ်သင့်ပါတယ်.. ✅ Notification အသံတွေကိုပိတ်ထားပါကိုယ်ကဖုန်းမကြည့်ပေမယ့် message တက်လာသံကြားရင် သူသူကိုယ်ကိုယ် ဖုန်းကောက်ကိုင်မိတဲ့သူချည်းပါပဲ.. အဲ့ဒါကြောင့် ဖုန်းကို silent ထားတာမျိုး ၊ noti off ထားတာမျိုးတွေကအဆင်ပြေစေပါတယ်.. ✅သတင်းအရင်းအမြစ်ကိုဆန်းစစ်ပါ သတင်းတစ်ခုရလာပြီဆိုရင် ချက်ချင်းဖတ်ဖို့ ဖြန့်ဖို့ထက် ဘယ်လိုလူဆီကတက်တာလဲ ဘယ်လိုအရင်းအမြစ်ကတက်လာတာလဲဆိုတာ အချိန်စက္ကန့်ပိုင်းလောက်လေးပေးပြီးသုံးသပ်ပါ ..✅စိတ်ကိုအလှည့်အပြောင်းပေးပါလူတစ်ယောက်ရဲ့ စိတ်တွေ energy တွေဆိုတာသူ့ရဲ့ခံနိုင်ရည် သူ့ရဲ့ limit ရှိတဲ့အတွက် ဖုန်းပေါ်မှာချည်း သတင်းတွေ post တွေကို အချိန်ပေးနေတာထက် တခြား အိမ်အလုပ်တွေလုပ်တာမျိုး၊ meditation လုပ်တာမျိုး၊ ရုပ်ရှင်ခဏကြည့်တာမျိုး၊ သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုး ၊ game ခဏဆော့တာမျိုး၊ ဟာသတွေဖတ်တာကြည့်တာမျိုးတွေလည်းလုပ်သင့်ပါတယ်… အားလုံးရဲ့ကောင်းမွန်တဲ့energy နဲ့ ကောင်းတဲ့ဖြစ်ရပ်တွေကို အမြန်ဆုံး ဆွဲခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်

💚စိမ်းရဲ့ Post တွေ video တွေကို အမြဲ Update ကြည့်နိုင်ဖို့အတွက် ဒီ Telegram link – https://t.me/drseinnlifecoachandtrainer ကို Join ပေးလို့ရပါတယ်…

You tube channel မှာလည်း Dr Seinn ကို search လုပ်ပြီး subscribe လုပ်ထားလို့ရပါတယ်…

💚With all my Love & Energy 💚

Dr Seinn Life Coach & Trainer