Feature Articles

How to manifest your dreams

Manifestation လုပ်ချင်တာ ဘယ်လိုလုပ်ရမလဲ… ဘယ်လိုနည်းလမ်းတွေသုံးရမလဲ…energy ကိုဘယ်လိုထားရမလဲဆိုတာ စိမ်းကို အမေးဆုံး ၊ အဖြေရဆုံးမေးခွန်းတွေပါ… အဲ့အတွက် ကိုယ်လိုချင်တဲ့ စိတ်ကူးအိပ်မက်တွေကို manifest လုပ်ဖို့ လိုအပ်တဲ့ Energy နဲ့ အသုံးဝင်တဲ့ နည်းလမ်းအချို့ကို ဒီနေ့ပြောပြပါမယ်…

🍀 𝐏𝐨𝐰𝐞𝐫 𝐨𝐟 𝐋𝐨𝐯𝐞 & 𝐉𝐨𝐲တချို့တွေက manifest လုပ်တဲ့အချိန်ပဲ 𝐋𝐨𝐯𝐞 & 𝐉𝐨𝐲 အရေးကြီးတယ်… ကျန်တဲ့အချိန် အဆင်ပြေသလိုနေလို့ရတယ်လို့တွေးလေ့ရှိပါတယ်.. လူတစ်ယောက်ရဲ့ ခံစားချက်တွေ၊ အတွေးတွေဟာ သူ့ဆီကထွက်နေတဲ့ လှိုင်း (electromagnetic wave) တွေအဖြစ် အမြဲထုတ်လွှတ်နေတာပါ…. သူ့ရဲ့ energy ပေါ့… Universe (စကြဝဠာ) ကို ဆက်သွယ်တဲ့အခါ fear-based ဖြစ်နေတဲ့ ကြောက်တဲ့၊ မကျေနပ်တဲ့ ခံစားချက်တွေနဲ့ဆက်သွယ်လို့မရပါဘူး… ချစ်ခြင်းမေတ္တာနဲ့ပျော်ရွှင်မှု (𝐋𝐨𝐯𝐞 & 𝐉𝐨𝐲) နဲ့ပဲ connect လုပ်လို့ ဆက်သွယ်လို့ ရပါတယ်…အဲ့အတွက် ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ကိုယ်လုပ်ရမဲ့အလုပ်တွေ ကို ပျော်ရွှင်စိတ်၊ ချစ်ခင်စိတ်နဲ့ လုပ်ဖို့လိုပါတယ်… အိမ်အလုပ်လုပ်တာတောင် ဘယ်လိုဖြစ်ဖြစ်လုပ်ရမဲ့အတူတူ ပင်ပန်းလိုက်တာ သေတော့မှာပဲဆိုတဲ့စိတ်နဲ့ ငြီးငြူပြီးလုပ်တာရယ်၊ ကြည်လင်တဲ့စိတ်နဲ့ လုပ်တာ၊ သီချင်းတွေဖွင့်ပြီးပျော်ပျော်ရွှင်ရွှင်လုပ်တာ energy မတူပါဘူး…

🍀 𝐏𝐨𝐰𝐞𝐫 𝐨𝐟 𝐉𝐨𝐮𝐫𝐧𝐚𝐥𝐢𝐧𝐠

လူ့ရဲ့စိတ်တွေ အတွေးတွေကို monkey mind (မျောက်စိတ်) လို့တင်စားလေ့ရှိပါတယ်… ဟိုဆိုဒီရောက် ဒီဆိုဟိုရောက်ပေါ့.. မျက်စိတမှိတ် လက်တဖျစ်အတွင်းမှာစိတ်ဟာ ကုဋေကုဋာပေါင်းဖြစ်ပျက်နေတာပါတဲ့.. အဲ့အတွက်ကိုယ်လိုချင်တာတွေကို လျှောက်တွေးနေတာထက်စာရင် ရည်ရွယ်ချက်ရှိရှိ ရှင်းရှင်းလင်းလင်း တိတိကျကျ ရနေပြီဆိုတဲ့ ပျော်ရွှင်တဲ့စိတ်နဲ့ စာအုပ်ထဲချရေးထားလေလေ ကိုယ့်အိပ်မက်တွေနဲ့ နီးစပ်လေလေပါပဲ… ချရေးနေတဲ့အချိန်မှာ ပျော်ရွှင်တဲ့ ခံစားချက် (feeling) အရေးကြီးပါတယ်…

🍀 𝐏𝐨𝐰𝐞𝐫 𝐨𝐟 𝐕𝐢𝐬𝐮𝐚𝐥𝐢𝐳𝐚𝐭𝐢𝐨𝐧

စိတ်ဟာ တန်ခိုးကြီးပါတယ်… ခုအိမ်မှာထိုင်ပြီး ကမ္ဘာပေါ်ကကြိုက်တဲ့နေရာကို စိတ်နဲ့သွားလို့ရပါတယ်… စိတ်ကူးယဉ်လို့ရပါတယ်… သမထအားကောင်းသူတွေဆို တရားထိုင်တဲ့အချိန် သမာဓိကြောင့်ရလာတဲ့ အလင်းနမိတ်ကိုသုံးပြီး နတ်ပြည် ဗြဟ္မာ့ပြည်တွေ တောင် သွားလို့ရတယ်ဆိုတာလည်းကြားဖူးကြမှာပါ… 𝐕𝐢𝐬𝐮𝐚𝐥𝐢𝐳𝐚𝐭𝐢𝐨𝐧 ဆိုတာ ကိုယ်လိုချင်တဲ့ အရာကို အခုကိုယ့်ဆီရောက်နေပြီဆိုပြီး မျက်စိမှတ်ပြီး စိတ်ထဲမှာ မြင်ယောင်ကြည့်တာပါပဲ… ကိုယ့်စိတ်ငြိမ်သက်အေးချမ်းချိန်မှာလုပ်ရလို့ မနက်အိပ်ရာထချိန်တို့ ညအိပ်ခါနီးအချိန်တို့မှာ ဆယ်မိနစ်လောက်အချိန်ပေးပြီး visualizing meditation မျိုးလုပ်လို့ရပါတယ်.. လုပ်တဲ့အခါ fear-based စိတ်နဲ့မဟုတ်ဘဲ love and joy နဲ့ လုပ်ဖို့အရေးကြီးပါတယ်… စိမ်းရဲ့ အနတ္တဆိုတဲ့ video မှာပြောခဲ့သလိုပါပဲ Universe ဆီက ကိုယ်လိုချင်တာတွေကို manifest လုပ်တဲ့အခါမှာ လောဘတကြီး ( Greedy mindset ) နဲ့ မဟုတ်ဘဲ universe ကို ကောင်းကောင်း Surrender လုပ်တတ်ဖို့လိုပါတယ် …

🍀 𝐏𝐨𝐰𝐞𝐫 𝐨𝐟 𝐀𝐜𝐭𝐢𝐨𝐧

Manifestationဆိုတာ မှော်လို ဟပ်ချလောင်း စိတ်ကူးပြီး ထိုင်ဖြစ်တာမျိုးမဟုတ်ပါဘူး… ကိုယ့်ရဲ့ frequency နဲ့ ကိုယ်လိုချင်တဲ့ အိပ်မက်ရဲ့ frequency ချိတ်မိအောင် ( frequency matching) ဖြစ်အောင် ကိုယ့်ရဲ့ energy နဲ့ စိတ်တန်ခိုးကိုသုံးပြီး ဆွဲခေါ်တာပါ… အဲ့လိုဆွဲခေါ်ထားတဲ့ ကိုယ့်အိပ်မက်ကိုရောက်ဖို့အတွက် action လိုပါတယ်… ရေကူးပြိုင်ပွဲမှာ ဆုရဖို့ manifest လုပ်ထားပြီး တရက်မှ မလေ့ကျင့်ထားရင် ဆုမရနိုင်ပါဘူး…

🍀 𝐏𝐨𝐰𝐞𝐫 𝐨𝐟 𝐌𝐞𝐧𝐭𝐨𝐫 𝐨𝐫 𝐂𝐨𝐚𝐜𝐡

ခရီးလမ်းတွေဟာ တစ်ယောက်တည်းလျှောက်တာနဲ့ ကိုယ့်ကိုကူညီလမ်းပြပေးနိုင်သူနဲ့အတူလျှောက်တာ ခရီးရောက်တာခြင်းမတူပါဘူး… Coach တစ်ယောက်ဟာ ကိုယ်မမြင်နိုင်တဲ့ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းတွေပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာပြန်ဆွဲချနေတဲ့အရာတွေပဲဖြစ်ဖြစ် ကိုယ်မြင်မနေတဲ့ ကိုယ့်ရဲ့ blind spot ကို ဖော်ထုတ်ကူညီပြီး ကိုယ့်ရဲ့ ခရီးလမ်းဆုံး (destiny )ကို အမြန်ရောက်အောင်ကူညီပေးနိုင်ပါတယ်…

🍀 𝐏𝐨𝐰𝐞𝐫 𝐨𝐟 𝐓𝐫𝐮𝐬𝐭

Manifestation လုပ်တဲ့အခါ universe ဒါမှမဟုတ် ကိုယ့်ရဲ့အစောင့်အရှောက်တွေကို ယုံကြည်ဖို့အရေးကြီးပါတယ်… ဘယ်လိုအခက်အခဲရှိရှိ Energy အပြည့်နဲ့ လုပ်စရာရှိတာလုပ်ရမှာကိုယ့်အပိုင်းပါ… ကိုယ်တောင်းဆိုဆက်သွယ်တာကို ပေးရမှာ universe ရဲ့အပိုင်းပါ… ဖြစ်ပါ့မလား ..ရပါ့မလား ..မရရင်ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်ဟာ တဖက်ကို မယုံကြည်ရာရောက်ပါတယ်… ကိုယ်မှန်းထားတဲ့အချိန်အတွင်း ရသည်ဖြစ်စေ မရသည်ဖြစ်စေ သွားနေတဲ့ ခရီးစဉ်ကို ယုံကြည်ဖို့လို့ပါတယ်.. Manifestation ဆိုတာ stress နဲ့လုပ်ရတာမဟုတ်ပါဘူး… စိတ်အေးလက်အေး သက်သက်သာသာ love and joy နဲ့ လုပ်ရတာပါ… ကိုယ့်စိတ်ကို အတင်းကြီး control မလုပ်ထားဘဲ အနတ္တကိုလက်ခံတဲ့စိတ် (Surrender Mindset )ရှိဖို့ အင်မတန်အရေးကြီးပါတယ်….ကိုယ်ကမသိပေမဲ့ ဒါမရရင်လည်း ကိုယ့်အတွက်ပိုကောင်းတာတွေကရှိနေမှာပါ.. Trust the process ပါ…..

ခုပြောသွားတဲ့အချက်တွေက ကိုယ့်ရဲ့ Manifestation Journey အတွက် အများကြီး အသုံးဝင်မယ်လို့မျှော်လင့်ပါတယ် …#DrSeinn#Manifestation

💚 With All my Love & Energy 💚

Dr Seinn Life Coach & Trainer