Feature Articles

How to face Covid 19 3rd Wave

ခုချိိန်မှာ အရှိုက်ပြင်းပြင်းရိုက်ချလိုက်တဲ့ လောကဓံတစ်ခုကို စိမ်းတို့အားလုံးရင်ဆိုင်နေရပြန်ပါပြီ…. ကိုယ်တိုင် ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်မှာ 🍀 နေမကောင်းသူတွေ 🍀 အကူအညီမရသူတွေ🍀 မနက်ကနေ ညအထိ oxygen ရှာနေရသူတွေ 🍀 ကိုယ့်အသိတွေထဲကရော မသိတဲ့သူတွေရော တဖြုတ်ဖြုတ်ကြွေလွင့်သွားသူတွေနဲ့ စိတ်မချမ်းသာစရာ နေ့ရက်များပါပဲ… လူတိိုင်း ကိုယ်ပူချင်သလို၊ အသက်ရှူမဝသလို၊ ဖျားချင်သလိုနဲ့လည်း ကိုယ့်ဘာသာ psycho ဝင်လာကြပါတယ်… လူတိုင်းဟာ ထုတ်မပြောတာ မဖော်ပြတာသာရှိမယ်.. ပျော်မနေကြပါဘူး.. ကြည်လင်မနေကြပါဘူး… စိတ်ညစ်တာ ၊ ဝမ်းနည်းတာ၊ ပူဆွေးတာ စတဲ့ negative feeling ပေါင်းစုံအပြင် ဘာကိုကြောက်နေမှန်းမသိတဲ့ Fear of unknown ကိုပါရင်ဆိုင်နေရပါတယ်…ဖြစ်ပြီးခဲ့တာတွေရယ် မဖြစ်သေးတာတွေရယ်ကို ကြိုတွေးပြီး mental breakdown တွေဖြစ်လာကြတာပါ… ဒီလိုကာလကြီးကို ဘယ်လိုဖြတ်သန်းကြမလဲ ??🍀ကိုယ့်ကိုယ်ကိုယ်ချစ်ပါ.. ဂရုစိုက်ပါ.. Self-love and care အရေးကြီးပါတယ်.. ကိုယ့်ကိုယ်ကိုယ် အားရှိအောင်နေပါ.. အပြည့်အဝ ကာကွယ်ပါ…ကျန်းမာအောင်ဂရုစိုက်ပါ…ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ စောင့်ရှောက်တာဟာ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကိုဂရုစိုက်ရာ၊ စောင့်ရှောက်ရာရောက်ပါတယ်… အရာအားလုံးဟာ ကိုယ်ကစတာပါ.. 🍀ကိုယ့်စိတ်ကို ပျော်အောင်နေပါ.. ပျော်မနေဘူးဆိုပေမဲ့ လျှောက်တွေးပြီး စိတ်ကျနေတာဟာ အတွေးတွေထဲမြောနေတာဟာ စဉ်းစားကြည့်ရင် ဘာအကျိုးမှမရှိပါဘူး… ကိုယ်ခံအားလိုပဲ စိတ်ခွန်အားဟာအရေးကြီးပါတယ်.. စိတ်ညစ်ရင် stress hormone တွေထွက်လာလို့ကိုယ်ခံအားလည်း ထိခိုက်ပါတယ်….🍀တစ်ရက်ချင်းသာ စဉ်းစားရှင်သန်ပါ… မကောင်းတဲ့ ခံစားချက်တွေဟာ အတိတ်နဲ့အနာဂတ်ကို တွေးပြီးဖြစ်လာတာပါ… ခုချိန်၊ ခုရက်ကိုသာစဉ်းစားပါ… ဒီနေ့ ဘာအကောင်းဆုံးလုပ်နိုင်မလဲတွေးပြီး အဲ့အရာတွေကိုသာအာရုံစိုက်ထားပါ….🍀ဖြစ်လာသမျှ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပါ… မြတ်စွာဘုရားက လူဖြစ်တာ ဘဝဖြစ်တာ ပဋိသန္ဓေစတည်းက သေဆုံးတဲ့အထိဒုက္ခသစ္စာလို့ပဲသင်ကြားခဲ့တာပါ… အဲ့အတွက် ကြုံလာသမျှ ဒုက္ခတွေကို ကိုယ်ရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ရင်ဆိုင်ရမှာပါပဲ… ရင်ဆိုင်ရတာခက်ပေမဲ့ ကြိုးစားရမှာပါပဲ…🍀ချစ်ပေးပါ… နေ့မြင်ညပျောက်လောကကြီးမှာ ကိုယ့်ဘေးနားကလူတွေကို တတ်နိုင်သမျှချစ်ပေးပါ.. တတ်နိုင်သမျှ အားပေးပါ…တတ်နိုင်သမျှကူညီပေးပါ… ချစ်ခြင်းမေတ္တာဟာ အကြီးဆုံး energy ပါ…🍀ခံစားချက်တွေဖိစီးလာတဲ့အခါ စိတ်ကိုအရမ်းလိုက်မထိန်းချုပ်ပါနဲ့… လိုက်ထိန်းချုပ်ရင် ပိုမွန်းကျပ်ပါတယ်.. ဖြစ်လာတဲ့ခံစားချက်တွေလက်ခံပေးပါ.. ငိုချင်ငိုချလိုက်ပါ.. မကျေနပ်တာတွေ ၊ ခံပြင်းတာတွေကိုကိုယ့်သူငယ်ချင်းတွေနဲ့ပြောချင်ပြောချလိုက်ပါ… ဘယ်သူ့မှမထိခိုက်ဘဲနဲ့ letting go လုပ်ပြီး ကိုယ့်ခံစားချက်တွေကို ထွက်ပေါက်ပေးပါ… 🍀မိမိယုံကြည်ကိုးကွယ်ရာဘာသာတရားအလိုက်ကုသိုလ်ပြုပါ… လက်ရှိကံ၊ ပစ္စုပ္ပန်ကံကကိုယ့်လက်ထဲမှာရှိပါတယ်.. အတိတ်ကြွေးတွေနည်းသမျှနည်းအောင် ချေဖျက်ဖို့က ကိုယ့်လက်ရှိကုသိုလ်ကံနဲ့ပြုပြင်မှရမှာပါ… ရေများရေနိုင်မီးများမီးနိုင်မို့ ကုသိုလ်တွေနေ့စဉ်ဖြည့် သစ္စာပြုကြပါ… 🍀Everything is not permanent… ဘယ်အရာမှမမြဲတာမို့ အချိန်တန်ရင်ပြီးသွားမှာပါလို့နှလုံးသွင်းထားရင် အနည်းနဲ့အများစိတ်သက်သာရာရမှာပါ…ဒီကာလကြီးကို ကြံ့ကြံခံရင်ဆိုင်ပြီး ရှင်သန်နေအာင် ကိုယ်တွေဘယ်လိုကြိုးစားဖြတ်ကျော်ခဲ့ကြောင်း တစ်နေ့မှာကိုယ့်မိသားစု ကိုယ့်မိတ်ဆွေ ကိုယ့်သားသမီးလေးတွေနဲ့ ကျန်းကျန်းမာမာနဲ့ ရယ်မောပြီးပြန်ပြောကြတာပေါ့

💚🍀Telegram link – https://t.me/drseinnlifecoachandtrainer/73💚

With All my Love & Energy 💚

Dr SeinnLife Coach & Trainer