Feature Articles

Group Coaching For Life Goal & Success

ဘဝရဲ့ရည်မှန်းချက်တွေ အောင်မြင်မှုတွေအတွက် ဘာဖြစ်ချင်တယ်ဆိုတာ သေချာချမှတ်ပြီးပြီဆိုရင် အဲ့ ရည်မှန်းချက်ကို ရောက်ဖို့အတွက် တစိုက်မတ်မတ်နေ့စဉ် လုပ်ဆောင်တဲ့ consistent action က အင်မတန်အရေးပါပါတယ်။

ဥပမာ – ကိုယ်က ဓာတ်ပုံဆရာဖြစ်ချင်တယ်ထားပါတော့ ။ တစ်နေ့ (၂၄) နာရီမှာ အဲ့ ဓာတ်ပုံပညာအတွက် အချိန်ဘယ်လောက်ပေးပြီး နေ့တိုင်းလုပ်နေလဲဆိုတာ အရေးကြီးပါတယ်။ ဓာတ်ပုံဆရာဖြစ်ချင်တယ်ဆိုပြီး (၂၄) နာရီမှာ ဓာတ်ပုံပညာအတွက် ၅မိနစ်တောင် မလုပ်ဘူးဆိုရင် ကိုယ်ဖြစ်ချင်တဲ့ ဓာတ်ပုံဆရာဘဝနဲ့ဝေးနေဦးမှာပါပဲ ။ နေ့တိုင်း ဓာတ်ပုံရိုက်နေရမယ်လို့မဆိုလိုပေမယ့် ဓာတ်ပုံပညာနဲ့ ပတ်သတ်တဲ့ စာတွေဖတ်တာ၊ လေ့လာစရာရှိတာတွေလုပ်တာ စသဖြင့် ကိုယ်ဖြစ်ချင်တဲ့ အလုပ်နဲ့ပတ်သတ်တာကို နေ့စဉ် အချိန်ပေးလုပ်ရမှာဖြစ်ပါတယ်။ အဲ့မှာလည်း ဒီရက်တော့ စိတ်ပါလို့ ၁ နာရီလုပ်၊ နောက်ရက်ကျ ပျင်းလို့မလုပ်၊ နောက် (၃)ရက်လောက်နေမှ စိတ်ကူးပေါက်လို့ ထလုပ် ဆိုတာမျိုးက ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ဝေးစေပါတယ်။ ကိုယ်လုပ်နိုင်တဲ့အချိန် (၁၀) မိနစ်ကစလည်း အဲ့ (၁၀) မိနစ်ကို နေ့စဉ် တစိုက်မတ်မတ်မပျက်မကွက် လုပ်ဆောင်နေဖို့လိုပါတယ်။

အလားတူပဲ ကိုယ်က online shopping လုပ်မယ် စျေးရောင်းရချင်တယ်ဆို တစ်နေ့ကို ပို့စ်ဘယ်နှစ်ခုတင်မယ်ဆိုတာ ဆုံးဖြတ်ပြီးရောင်းရသည်ဖြစ်စေ ၊ မရောင်းရသည်ဖြစ်စေ ကိုယ်ချမှတ်ထားတဲ့ post အရေအတွက်ကို နေ့စဉ် တစိုက်မတ်မတ်တင်နေဖို့လိုပါတယ်။ စစချင်းတော့ အားတွေတက်ပြီး ၁၀ပို့စ်လောက်တင်၊ တစ်ရက်နှစ်ရက်ဆက်တိုက်တင်ပြီးနောက်တစ်နေ့ကျ ရောင်းလည်းမရောင်းရတော့ အဲ့လောက်တင်မနေတော့ပါဘူးလေ ဆိုရင် ဘယ်တော့မှရောင်းရမှာမဟုတ်ပါဘူး။ အဲ့တော့ ကိုယ်က အရောင်းဆိုတဲ့ ရည်မှန်းချက်ကိုရောက်ဖို့အတွက် နေ့စဉ် တစိုက်မတ်မတ်ကိုယ်လုပ်စရာရှိတာလုပ်၊ တင်စရာရှိတာ မပျက်မကွက်တင်မှသာ ကိုယ့်ရည်မှန်းချက်ကို ရောက်ရှိမှာဖြစ်ပါတယ်။

ကိုယ့်ရည်မှန်းချက်ကို သွားဖို့အတွက် ကိုယ်လုပ်စရာရှိတာကို တစ်နေ့လေးပဲ 0.00005% လောက် မလုပ်မိရင်တောင် တစ်နှစ်လောက်နေရင် ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ်နဲ့ဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်သွားမှာပါ။

အဲ့တော့ ကိုယ့်ကိုယ်ကို လုပ်မယ်လို့ ကတိပေးထားတဲ့အရာတွေကို တစက်မှမလျှော့ဘဲ နေ့တိုင်းနေ့တိုင်း တစိုက်မတ်မတ်လုပ်ဆောင်ခြင်းဟာရည်မှန်းချက်ပန်းတိုင်နဲ့ အောင်မြင်မှုအတွက် အဓိကပါပဲ။

ဒါကတော့ပြီးခဲ့တဲ့ August လက Focus Beauty Company ရဲ့ top sales leaders တွေအတွက် goal setting and success နဲ့ပတ်သတ်ပြီး online group coaching လုပ်ပေးဖြစ်တဲ့ပုံလေးတွေပါ။
Group coaching လုပ်ပြီးတဲ့ အချိန် (၁) လ အတွင်း သိသိသာသာ အရောင်းတွေတိုးလာလို့ အများကြီး ဝမ်းသာရပါတယ်။

💚 With all my Love & Energy 💚

#DrSeinn
#LifeCoachAndTrainer
#MindsetEnergyFrequency