Feature Articles

February Full moon in Leo

မြန်မာနိုင်ငံအတွက် ၂၀၂၃ ဖေဖေါ်ဝါရီလ ( ၄ ) ရက် ဟာ ထူးမြတ်တဲ့ တပို့တွဲလပြည့်နေ့ဖြစ်ပါတယ်… Astrology အရ Full moon in Leo ဖြစ်ပါတယ်… တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ကတော့ Full moon က February ( ၅ ) ရက်နေ့ လို့ သတ်မှတ်ထားပါတယ်…

ဒီတစ်ခါ ကျရောက်မယ့် February Full moon in Leo ရဲ့ spiritual meaning တွေ ကိုလိုက်ပြီးလေ့လာကြည့်တဲ့အခါ ပညာရှင်တိုင်းရဲ့ ပြောကြားချက်ကတော့

🍀 Go within

🍀Stay within

🍀Be still

🍀Be heart-centered လို့ ဆိုကြပါတယ်..

ဒီလပြည့်ဟာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်ရမယ့်အချိန်၊ ကိုယ့်ရဲ့ နှလုံးသားနဲ့ ဆက်သွယ်ရမယ့်အချိန် ၊ ကိုယ့်ရဲ့ body-mind- spirit connection အတွက် ပိုပြီး အချိန်ပေးရမယ့်အချိန်ဖြစ်ပါတယ်…

လောပြီးလုပ်တာတွေ ၊ အလျင်စလို ဆုံးဖြတ်တာတွေ ၊ အာရုံများတာတွေ ၊ rush ဖြစ်တာတွေ သူများကိစ္စတွေ ဝင်ပါတာတွေထက် ကိုယ့်ရဲ့ inner self ကို သေချာသုံးသပ်ပြီး

💫ကိုယ့်ရဲ့ မွေးရာပါ ဗီဇတွေ ၊ ပါရမီတွေကဘာလဲ

💫ကိုယ့်ပျော်ရွှင်မှုက ဘယ်လိုအရာတွေလဲ

💫ကိုယ့် energy နဲ့ ကီးမကိုက်တာက ဘယ်လိုအရာတွေလဲ စတာကို ရှာဖွေရမယ့် လပြည့်ဖြစ်ပါတယ်…

Leo ♌️ ရာသီအိမ်မှာ လပြည့်မှာဖြစ်တဲ့အတွက် Leo ဟာ self-love (မိမိကိုယ်ကိုယ် ချစ်ခင်ခြင်း) ၊ creativity ( ဖန်တီးနိုင်စွမ်း) နဲ့ courage ( သတ္တိ) ကို ပြဆိုပါတယ်…

အဲ့အတွက် Full moon in Leo ဖြစ်တဲ့ လပြည့်မှာ ကိုယ့်ရဲ့ အတွင်းကို သေချာ သုံးသပ်ရင်း ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းအင်တွေ ၊ ဖန်တီးနိုင်စွမ်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်… အဲ့အရာတွေဟာ အနာဂတ်မှာ ကိုယ်သွားရမယ့် ပုံစံတွေ လုပ်ရမယ့် action တွေကိုပါ လုပ်ဆောင်ဖို့အထိ အထောက်အပံ့ရစေမှာဖြစ်ပါတယ်..

အဲ့အတွက် မနက်ဖြန် တပို့တွဲလပြည့်နေ့ဟာ

✅မိမိယုံကြည်ကိုးကွယ်ရာဘာသာအလိုက် ကုသိုလ်တရားများပြုလုပ်ခြင်း

✅Mediation and Energy work များပြုလုပ်ခြင်း

✅ အပေါ်မှာပြောထားတဲ့ ကိုယ့်ဘာသာပြန်ရှာဖွေရမယ့်အကြောင်းအရာများကို Journaling ပြုလုပ်ခြင်း

✅ မိမိရဲ့ အစောင့်အရှောက်များ၊ သံသရာဆွေမျိုးများကို သေချာအာရုံပြုမေတ္တာပို့ခြင်း

✅မိမိရဲ့ ကုသိုလ်များကို လေးလေးနက်နက် သစ္စာပြုပြီး မိမိရဲ့ ပါရမီစွမ်းအင် ( Inner power) များကို အလွယ်တကူသိမြင်လုပ်ဆောင်နိုင်အောင်ဆုပန်ခြင်း

စတဲ့ အကြောင်းတရားအထောက်အပံ့များကို ပြုလုပ်ဖို့ ကောင်းမွန်တဲ့ အချိန်အခါဖြစ်ပါတယ်…

အချုပ်ပြောရရင်တော့ February မှာ ကျရောက်မယ့် Full moon in Leo ဟာ ဖုန်းတွေ ကွန်ပျူတာတွေကို restart ချသလိုပဲ မိမိအတွက် Time to Reset & Restart အချိန် ပါပဲ…

ထပ်ဆောင်းပြောဆိုရရင် အရှင် သာရိပုတ္တရာ နဲ့ အရှင်မဟာမောဂ္ဂလာန်ကို မြတ်စွာဘုရားက အဂ္ဂသာဝက ၊ မဟာသာဝက ချီးမြှင့်ပြီး အရှင်သာရိပုတ္တရာကို ဥာဏ်ပညာအရာနဲ့ အရှင်မဟာမောဂ္ဂလာန်ကို တန်ခိုးအရာတွေအတွက် အမြတ်ဆုံးဧတဒဂ်ဘွဲ့တွေနဲ့ အသိအမှတ်ပြုတာကလည်း တပို့တွဲလပြည့်နေ့ပါပဲတဲ့ …

ချီးမြှင့်ပြီးတဲ့အခါ မြတ်စွာဘုရားဟာ အရှင်တစ်ပါးချင်းစီရဲ့ ရှေးဆုတောင်းပါရမီအတိုင်း ချီးမြှင့်တော်မူတယ်လို့ မိန့်ကြားပါသတဲ့…

Reset and Restart လုပ်ပြီး ကိုယ့်ရဲ့ ပါရမီစွမ်းအင်တွေကို ပြန်လည်ရှာဖွေရမယ့် လပြည့်အခါဖြစ်ပါတယ်…

February Full Moon in Leo ♌️

Namaste ✨🙏

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer

#full_moon_in_Leo