Feature Articles

Energy Work

Energy work ကို အတော်ကျေးဇူးတင်ရတဲ့ အခြေအနေတွေ ခုရက်ပိုင်းကြုံတွေ့ရပါတယ်…

ပြီးခဲ့တဲ့အပတ်က စိမ်းရဲ့အမေက ရာသီဥတုမမျှတတာရယ် အိမ်အလုပ်တွေလုပ်လို့ ချွေးတွေတအားထွက်တာရယ်ပေါင်းပြီး ချွေးအအေးပတ်ပြီး ဖျားပါတယ်… ဆေးလည်းသောက်ထားပေမဲ့ တက်လိုက်ကျလိုက်အရှင်းမပျောက်ဘဲ ချမ်းပြီးနေလို့မကောင်းဘူးတဲ့.. ပြီးတော့ ဘယ်ဘက်လည်ပင်း ကြွက်သား နာနေတယ်.. စောင်းမရဘူးတဲ့…
အဲ့ဒါနဲ့ သမီး healing လုပ်ပေးမယ်ဆိုပြီး ပြီးခဲ့တဲ့ သောကြာညက အိမ်ကနေပဲ အမေ့ကို အာရုံပြုပြီး ဖျားတာအတွက်energy run ပေးလိုက်ပါတယ်..( စိမ်းက မိဘတွေနဲ့ အတူမနေပါဘူး) … အမေ့ရဲ့ လည်ပင်းကို အာရုံပြုပြီး healing ပေးတော့ လည်ပင်းရဲ့ ဘေး ပခုံးပေါ်ဆင်းသွားတဲ့ ကြွက်သားမှာ ပြဿနာရှိနေတာတွေ့ပြီး run ပေးလိုက်ပါတယ်… မနက်ကျ ကောင်းသွားမယ်လို့လည်းပြောလိုက်တယ်..
မနက်ကျ ချွဲတွေ လေတွေ အတော်အန်ပြီး ချွေးလည်းပြန်စို့လာတယ်.. လည်ပင်းက muscle pain လည်း အတော် သက်သာသွားပြီ…. နည်းနည်းပဲတင်းသလိုရှိတော့တယ် စောင်းလို့လည်းရပြီးဆိုတာကို ကြားရတော့ တကယ့်ကို ဝမ်းသာရတယ်..

နောက်တစ်ခုကတော့ မနေ့ညကပါ… မိသားစုနဲ့ ခရီးထွက်လာရင်း မနက် ၃ နာရီလောက်ကြီး သားလေးက ရုတ်တရက်ကိုယ်တွေပူပြီးဖျားပါတယ်.. ပူခြစ်တောက်နေတာ 102 လောက်ကိုရှိမယ်… သူက အင်မတန်ဖျားခဲတာရယ် oversea trip ဖြစ်နေတာရယ်ကြောင့် ဆေးတွေရော cool pad တွေရောလည်း ထည့်မလာမိခဲ့ဘူး .. မနက်မှ ဆေးဝယ်မယ်ပေါ့မသက်သာရင်..
အဲ့ဒါနဲ့ သားကို လှဲခိုင်း… သားပျောက်ချင်တယ်မလား စိတ်လေးလျှော့ပြီးနေလိုက် မနက်ကျကောင်းသွားမယ်လို့ပြောလိုက်ပါတယ်..
ပြီးတော့ aura cleansing လုပ်ပြီး infection တွေ fever တွေ စတဲ့ negative energy ကို ဖယ်တဲ့နေရာမှာ အတော် powerful ဖြစ်တဲ့ energy healing ပုံစံတစ်ခုလုပ်လိုက်ပါတယ်… Energy run နေရင်း solar plexus chakra နေရာ ( ဝမ်းဗိုက်အရှိုက်နေရာ) ရောက်တော့ ပူပြီး ခဲနေတာနဲ့ သေချာရှင်းထုတ်ပြီး မနက်ဝမ်းသွားရင်တော့ကောင်းသွားမယ်လို့ အတွေးပေါ်လိုက်ပါသေးတယ်..
(အဲ့ပုံစံမျိုးကို Energy work February 2nd week တုန်းက omicron တွေ အရမ်း peak ရောက်နေချိန် လုပ်ပေးဖူးပါတယ်.. healing လုပ်ပြီးမိနစ်ပိုင်းအတွင်း အဖျားကျသွားတာ၊ လည်ချောင်းနာပြီး ပိတ်နေတာတွေတွေ ချက်ချင်းသက်သာပြီး ထမင်းစားနိုင်တာ၊ ခေါင်းကိုက်နေတာတွေ နှာပိတ်ပြီးကျပ်နေတာတွေ ပျောက်သွားတာ စတဲ့ feedback တွေအများကြီးကို energy work အပြီး zoom meeting ထဲမှာတင် client တွေဝမ်းသာအားရပြောတာကို နားထောင်ခဲ့ရတာပါ) ..
ခုလည်း သားလေးကို အဲ့ပုံစံ energy healing ပေး၊ ရေပတ်တိုက်ပြီး အိပ်ခိုင်းလိုက်တာ 102-103 လောက်ရှိတဲ့ fever က တဖြည်းဖြည်းကျလာပြီး မနက် ၆ နာရီလောက်မှာ အဖျားက လုံးဝ မရှိတော့ပါဘူး… ခဏနေတော့ ဗိုက်နာတယ်ဆိုပြီး ဝမ်းအပုပ်လိုတွေသွား.. ချွေးတွေထွက် လန်းဆန်းပြီး ပုံမှန်အတိုင်းကို ပြန်ဖြစ်သွားတာပါ…

ကိုယ်တိုင် လူထောင်နဲ့ချီပြီး အပတ်စဉ် healing လုပ်နေတဲ့သူဖြစ်တာတောင် energy work ရဲ့ result တွေကို တကယ့်ကို အံ့ဩဝမ်းသာ ကျေးဇူးတင်ရပါတယ်…

Energy work ဟာ လောကီရေးရာတွေဖြစ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွါးရေး၊ ငွေကြေး၊ အလုပ်အကိုင်၊ relationship ၊ အရောင်းအဝယ်၊ body pain & trauma healing တွေအတွက် result ရစေတဲ့ အထောက်အပံ့ကောင်းတစ်ခုဖြစ်တာ သေချာပါတယ်.. သဘာဝတရားဟာ လူသားတွေအတွက်အတော်ကျေးဇူးပြုတာပါပဲ..

ဒီလို result တွေကို ကိုယ်လည်းလိုချင်တယ်.. Energy healing/ Energy activation တွေ ခံယူပြီး transformation တွေကိုရယူဖို့ဆန္ဒရှိတယ်ဆိုရင် June လရဲ့ Energy Work Session ကို Enrollment လုပ်ပြီး Join ဖို့ ရက်ပိုင်းသာလိုပါတော့တယ်..

Energy work ပညာရပ်ကိုရော ဆရာသမားများ guidance များကိုရော Namaste 🙏 ပါ…

Energy Work Sessions ကို June လအတွက် join ဖို့ ready ဆိုရင် ဖော်ပြပါ Google form ကိုဖြည့်ပြီး Page messenger မှာ Bank account များကိုတောင်းယူပေးပါရှင်…
Google link – https://docs.google.com/…/1FAIpQLSc7L9CZ8Ar…/viewform…

(Roll number ရပြီးသူများက Google Form ဖြည့်ရန်မလိုဘဲ page messenger မှာ သင်တန်းသက်တမ်းတိုးရန်သာ လိုအပ်ပါတယ်)

Energy work ရဲ့ ဖော်ပြခဲ့ဖူးတဲ့ Honest review feedback များဖြစ်ပါတယ်ရှင်…
🍀 Post link – https://www.facebook.com/101067308353231/posts/471554807971144/?d=n
🍀 Post link – https://www.facebook.com/101067308353231/posts/480890777037547/?d=n
🍀 Post link – https://www.facebook.com/101067308353231/posts/477965020663456/?d=n
🍀 Post link – https://www.facebook.com/101067308353231/posts/508076270985664/?d=n
🍀 Post link – https://www.facebook.com/101067308353231/posts/519734236486534/

🍀With All my Love & Energy 🍀
#DrSeinn
#InternationalCertifiedCoach
#Trainer
#EnergyHealer
#EnergyWorkwithDrSeinn