Feature Articles

Energy field

သက်ရှိထင်ရှား ဘုရားရှင်ကို ရည်စူး၍ ဒီနေ့အင်္ဂါနေ့နံနက် အရုဏ်တက်ချိန်မှာ သပိတ်အပြည့်နဲ့ ယာဂုဆွမ်းကပ်လှူပြီး ဘုရားဝတ်ပြု ခင်ပွန်းကြီး ၁၀ပါးကန်တော့ဖြစ်ပါတယ် 🙏🙏🙏

ကုသိုလ်ပြုပြီးတာနဲ့ နက္ခတ်ဗေဒပိုင်းဆိုင်ရာ Mentor ဆရာသမား မွေးနေ့လက်ဆောင်ပေး တွက်ချက်ပေးထားတဲ့ စိမ်းအတွက်အကောင်းဆုံး Universal Timing မှာ Energy Work လုပ် .. မေတ္တာပို့ဖြစ်ပါတယ်…

Energy work လုပ်နေတုန်း ကောင်းမွန်တဲ့ Universal Life Force Energy တွေသိသိသာသာရတာ ၊ ကောင်းမွန်တဲ့ နမိတ်တွေ ၊ Intuition တွေ ဆရာသခင်တွေနဲ့သူတော်စင်တွေရဲ့ connection တွေကို အပြည့်အဝရလိုက်ပါတယ်… ဒီ့ထက်အများကြီး လုပ်စရာတွေ ကူညီပေးစရာတွေရှိသေးတာပဲဆိုပြီးလည်း သိလိုက်ရပါတယ်…

ဒီမနက် ကိုယ့်အတွက် အကောင်းဆုံး Timing မှာလုပ်လိုက်တဲ့ spiritual work တွေ၊ ကုသိုလ်တွေကြောင့်ပဲ ခု 2023 ရဲ့ Energy work တို့ New Energy Attunement တို့အပါအဝင် စိမ်း ဒီနှစ် လုပ်ပေးမဲ့ Spiritual Practice Sessions တွေဟာလည်း ပိုထူးခြားကောင်းမွန်စွာ result တွေရလာဦးမယ်ဆိုတာလည်း message ရလိုက်လို့ စိမ်းကူညီနိုင်တဲ့ စိမ်းပဌာန်းဆက်မိတ်ဆွေတွေအတွက် အင်မတန်ပီတိဖြစ်ရပါတယ်..

ပညာရပ်တွေလည်း ဆက်ပြီးသင်စရာရှိလာလိမ့်မယ်တဲ့… သူ့ဘာသာသူ အချိန်ကိုက်ပေါ်လာပြီး ပညာရပ်အသစ်တွေနဲ့လည်း ထပ်ပြီးကူညီနိုင်ပါဦးမယ်တဲ့…

စိမ်းဘဝမှာတော့ မှန်ကန်တဲ့ အကြောင်းတရားတွေပဲဖြည့်ပြီး လုပ်စရာရှိတာလုပ်နေရုံပါပဲ… ဆရာသမားတွေဟာ ကိုယ့်ဆီအလိုလိုရောက်လာတာပဲ.. တစ်ခါမှ ဆရာမရှာခဲ့ရဖူးပါဘူး..

ကိုယ်လုပ်စရာရှိတာတွေကောင်းကောင်းလုပ်နိုင်ဖို့ ကိုယ့်ရဲ့ spiritual journey ကို ပိုပြီး ထိထိရောက်ရောက်သွားနိုင်ဖို့အတွက် ကိုယ့်ရဲ့ Life purpose (ဘဝရည်ရွယ်ချက်) နဲ့မကိုက်ညီတော့တဲ့ alignment မဖြစ်တော့တဲ့ သူတွေ energy field တွေကနေလည်း ခွါရမယ်ဆိုတာ ပိုပြီးသေချာသွားတယ်…

January ၂ ရက်နေ့ မနက်မှာ ဒီ ၂၀၂၃ အတွက် အလုပ်စလုပ်တော့ ပထမဆုံး ချိန်းဖြစ်တဲ့ client ဟာ စိမ်းဒီအလုပ်တွေစလုပ်တည်းက ခုထိလက်တွဲလာတဲ့ လုပ်ငန်းရှင် VIP client ဖြစ်နေပြီး အဲ့အစ််မကို လုပ်ပေးဖြစ်တာလည်း High Divine Channeling ဆိုတဲ့ (သိပ်အဆင့်မြင့်တဲ့ ..ဆရာသခင်တွေ သူတော်စင်တွေနဲ့ connection တိုက်ရိုက်ရတဲ့ .. ဘဝရဲ့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာ သိသိသာသာ channeling ဖြစ်စေတဲ့ ) အဆင့်မြင့် Energy Activation တမျိုးနဲ့ နှစ်သစ်မှာ စတင်ဖြစ်ခဲ့တယ်..

အဲ့အချိန်မှာ သူရော ကိုယ်ရော Spiritual Guidance (အစောင့်အရှောက် သူတော်စင်) တွေဆီကနေ ရလိုက်တဲ့ message က ဗြဟ္မစိုရ်တရား (၄) ပါးပါတဲ့.. မေတ္တာ ၊ ကရုဏာ ၊ မုဒိတာ ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရား (၄) ပါးကို လက်ကိုင်ထားဖို့က ဒီနှစ်အတွက် အထူးပေးချင်တဲ့ message ပါ.. Heart Chakra တွေသေချာအလုပ်လုပ်ဖို့ လိုနေပါပြီ…

2023 ပဲဖြစ်ဖြစ် ဘယ်အချိန် ဘယ်နှစ်ပဲဖြစ်ဖြစ် အဆင်ပြေမှာလား မပြေမှာလား ဘယ်သူ့မှသေချာပေါက်မသိနိုင်ပါဘူး…. လောကဓမ္မဆိုတဲ့ လောကရဲ့ သဘာဝဖြစ်တဲ့ လောကဓံအတက်အကျတွေကို အရှိအတိုင်းလက်ခံပြီး ဗြဟ္မစိုရ်တရားကို (အပြောမဟုတ်ဘဲ) ရင်ထဲကနေ လက်ကိုင်ထားရင်း ကိုယ်လုပ်နိုင်သမျှ အကြောင်းတရားကောင်းတွေဖြည့်ဆည်း၊ ကောင်းမွန်တဲ့ energy field တွေထဲမှာ နေဖို့က အခရာပါပဲ…

စိမ်းသိထားတဲ့ Message တွေကို ဒီ post လေးကနေ sharing လုပ်ရင်း ကုသိုလ်တစ်ခု အကြောင်းတရားကောင်းတစ်ခု ထပ်ပြီး ဖြည့်ဆည်းလိုက်ပါတယ်..

ပိုမိုလင်းလက်တောက်ပသော ၂၀၂၃ ဖြစ်ပါစေရှင် ..

Brighter Year 2023 ပါ ✨

Namaste 🙏✨