Feature Articles

Decluttering

ပြီးခဲ့တဲ့အပတ်က Gmail စစ်ရင်း google space မကျန်တော့လို့ အသစ်တွေထပ်ထည့်ချင်ရင် space management လုပ်ပါဆိုတဲ့ notification စာလေး တက်လာပါတယ်… 2006 ထဲက စဖွင့်ပြီးသုံးတဲ့ google account ဆိုတော့ ၁၅ နှစ်စာလောက် mailတွေ နဲ့ပြည့်နေတာပေါ့…Mail box ထဲမှာ ဖတ်ပြီး ထားလိုက်တာတွေရော ၊ မဖတ်တာတွေရော၊ ကြော်ငြာတွေရော စုပြုံရှုပ်ပွနေတာ ဒါတွေမှ မရှင်းရင် mail အသစ်အတွက်တောင် နေရာမရှိတော့ပါဘူး… အဲ့လိုပါပဲ စိမ်းတို့ဘဝမှာ ပိုကောင်းတဲ့ ပတ်ဝန်းကျင်၊ ပိုကောင်းတဲ့ အိမ်၊ ပိုကောင်းတဲ့ လာဘ်လာဘ၊ ပိုကောင်းတဲ့ အလုပ်အကိုင် ၊ ပိုကောင်းတဲ့ လူ့အသိုင်းအဝိုင်း စတဲ့ ပိုကောင်းတဲ့ energy အသစ် အသစ် တွေလိုချင်ရင် အရင်ဆုံးလုပ်ရမှာက ကိုယ့်မှာရှိနေတဲ့ မကောင်းတဲ့ energy တွေ၊ အမှိုက်တွေကို အရင်ရှင်းထုတ်ရမှာပါ.. အဲ့ဒါကို English လိုတော့ Decluttering လုပ်တယ်လို့ခေါ်ပါတယ်… မဟုတ်ရင် အသစ်က လာချင်ရင်တောင် ထားဖို့နေရာမရှိပါဘူး… အဟောင်းရှင်းတဲ့ ထဲမှာ ကိုယ့်ကို toxic ဖြစ်စေတဲ့သူတွေ၊ ကိုယ့်ရဲ့ယုံကြည်မှုအမှားတွေ၊ အစွဲမှားတွေ ၊ အကျင့်တွေ မရှင်းနိုင်သေးခင် အရင်ဆုံးနဲ့ အလွယ်ဆုံး လုပ်ရမှာက အိမ်ရှင်းတာ၊ အလုပ်ခန်းရှင်းတာပါပဲ…စိမ်းတို့ခရီးသွားလို့ ဟိုတယ်ခန်းတွေ ဘာတွေရောက်ရင်၊ အိမ်ရာဝင်းတွေထဲက ရောင်းဖို့ ဆင်ပြထားတဲ့ sample room တွေရောက်ရင် စိတ်ကိုရှင်းလင်းပြီး စိတ်ကြည်သွားတယ်၊ ပျော်သွားတယ်ဆိုတာ အဲ့အခန်းတွေမှာလိုအပ်တဲ့ အခြေခံပစ္စည်းပဲထည့်ထားတော့ ကြည့်ရတာရှင်းပြီး energy ကကောင်းလာတာပါ… Energy ဆိုတာ စီးဆင်းရတဲ့ (flow ဖြစ်နေရတဲ့ ) သဘောတရားရှိလို့ အိမ်မှာ မလိုအပ်တဲ့ ပစ္စည်းတွေရှုပ်နေရင် မျက်စိတွေရှုပ် စိတ်တွေပါရှုပ်လာတတ်ပါတယ်… အဲ့အတွက် ကိုယ့်ရဲ့ energy လည်း block ဖြစ်ပါတယ်… အဲ့လိုပဲ အလုပ်စားပွဲဆိုလည်း ရှင်းပြီး သူ့နေရာသူ သပ်သပ်ရပ်ရပ်ရှိတဲ့ အလုပ်စားပွဲနဲ့ ရှုပ်ပွနေတဲ့ အလုပ်စားပွဲနဲ့ ဘယ်မှာထိုင်လုပ်ရတာ ပိုပြီး energy ကောင်းမယ်လို့ထင်ပါသလဲ… ကိုယ်က ပိုကောင်းတဲ့ new positive energy တွေလိုချင်ရင် ကိုယ့်မှာရှိနေတဲ့ မလိုတဲ့ အဟောင်းတွေကိုရှင်းပြီး နေရာဖန်တီးဖို့လိုပါတယ်… ကိုယ့်ဘီရိုထဲ၊ ဖိနပ်စင်ထဲ၊ အိတ်ထားတဲ့နေရာတွေမှာ မဝတ်ဖြစ် မသုံးဖြစ်တော့တဲ့ အရာတွေ ၊ ဝယ်ပြီးရင်းဝယ်နေမိပြီး ပုံနေတဲ့ cosmetic တွေ ၊ မသုံးဖြစ်တော့တဲ့ ကလေးပစ္စည်းတွေ၊ မီးဖိုထဲမှာ လိုတာထက်ပိုနေတဲ့ ပန်းကန်ခွက်ယောက်တွေ ၊ ဘူးတွေ စသည်ဖြင့် အပုံကြီးလို clutter ဖြစ်နေတာတွေကို သူ့နေရာနဲ့သူရှင်းထုတ်ပြီး အမျိုးအစားခွဲပြီး သိမ်းသင့်တာသိမ်း၊ ပစ်သင့်တာပစ်၊ ပေးသင့်တာပေး၊ လှူသင့်တာလှူ၊ ရောင်းသင့်တာရောင်းပြီး Declutter လုပ်လိုက်ရင် ပိတ်နေတဲ့ energy တွေရှင်းသွားလို့ ပိုကောင်းတဲ့ energy တွေ ဝင်လာမှာပါ… (နောက်တပို့စ်မှာ စိမ်း သိသလောက် Decluttering လုပ်နည်းလေးတွေကို သီးသန့် ရေးပေးပါဦးမယ်….)ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကိုရှင်းတာ energy ပိုကောင်းလာပြီး ငွေကြေးလာဘ်လာဘကိုလည်း ပွင့်စေပါတယ်.. Abundance ဖြစ်စေပါတယ်… Decluttering လုပ်ပြီး ကိုယ်နေထိုင် အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်အဟောင်းတွေရှင်းရင်း ပိုကောင်းတဲ့ energy အတွက် နေရာလွတ်တွေ ဖန်တီးနိုင်ကြပါစေ ….

💚 With All My Love & Energy 💚

Dr Seinn Life Coach & Trainer

Photo : Google