Feature Articles

Be ready

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၂၇) က Be ready ဆိုတဲ့ Live လေးလွှင့်ပြီးတော့ အိမ်မှာ အမျိုးသားက မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ တရားလေးတစ်ပုဒ်ကို YouTube ကနေ ဖွင့်ထားတာနဲ့ကြုံပါတယ်…

ဆရာတော်က ဘာပြောလဲဆိုတော့ လောကကြီးမှာ အခွင့်အလမ်းတွေကတော့ရှိနေတာပဲ… ဒါပေမဲ့ အဲ့အခွင့်အလမ်းတွေကို အခွင့်အလမ်းလို့တောင် သတိထားနိုင်တဲ့ ဥာဏ်မရှိရင်၊ ပြီးတော့ အခွင့်အလမ်းကတော့ လာပါတယ် ကိုယ်က ဆုပ်ကိုင်ဖို့ အဆင်သင့် မဖြစ်ရင် ဘယ်လောက်ကြီးမားတဲ့ အခွင့်အလမ်းဖြစ်ပါစေ လွဲမှာပါပဲတဲ့..

အဲ့ဒါလေးနာလိုက်ရတာ စိမ်းရဲ့ live မှာ ပြောပြခဲ့တဲ့ concept နဲ့တူလို့ တကယ် အံ့ဩဝမ်းသာရပါတယ်… ဆရာတော့်ကိုလည်း ဦးတင်ပါတယ် 🙏🙏🙏

အမှန်ပါပဲ… အဲ့နေ့ live မှာပြောခဲ့သလိုပဲ ကောင်းကင်က ဂြိုဟ်ခွင်တွေက ဒီရက်မှာ အကောင်းဆုံးလို့ပြောပြော၊ ဘာ Protal ပဲပွင့်ပွင့်၊ နှစ် (၁၀၀) မှာ / နှစ် (၁၀၀၀) မှာ တစ်ခါကြုံရတယ်ပဲပြောပြော ၊ ဘယ်လိုစွမ်းအားရှိတဲ့ လပြည့် ၊လကွယ်ဖြစ်နေပါစေ ကိုယ့်ရဲ့ body-mind – spirit (ကိုယ်စိတ်နှလုံး သုံးပါး) က Ready မဖြစ်ရင် ဘာ manifestation မှ ၊ ဘာ transformation မှ အလုပ်မဖြစ်ပါဘူး…

ကိုယ်က ready ဖြစ်မှသာ အဲ့လို Universe ကလက်ဆောင်ပေးတဲ့ ကောင်းမွန်တဲ့ အချိန်အခါတွေမှာ တကယ်အလုပ်ဖြစ်မှာပါ.. ကိုယ်က အကျိုးတူ ပူးပေါင်းဆောင်ရွက်သူပါ..

Manifestation တို့ Transformation တို့ဆိုတာ process (ဖြစ်စဉ်)ပါ … စိတ်ကူးပေါက်မှ နေ့ထူးနေ့မြတ်မှ ထလုပ်ပြီးရတာမဟုတ်ပါဘူး… နေ့စဉ်လုပ်နေတဲ့ မိမိရဲ့ Pattern တွေက အရမ်းအရေးကြီးပါတယ်…
Manifestation ဟာ အင်မတန်လက်တွေ့ကျတဲ့အရာပါ…
အထူးသဖြင့်တော့ အဲ့နေ့ Live မှာ ပြောခဲ့သလို ကြုံတွေရတဲ့ လောကဓံတွေ Pain တွေကို ကိုယ်က Suffering မလုပ်ဖို့ အင်မတန်အရေးကြီးပါတယ်… Suffering တွေက ကိုယ့်ကို ကြိုးချည်ထားသလိုပါပဲ…
ခြေတွေ လက်တွေကြိုးတုပ်ပြီး ရှေ့ကို လှမ်းလို့မရပါဘူး… Pain & Suffering အကြောင်းသေချာသိချင်ရင်တော့ Be Ready Live session မှာ ပြန်နားထောင်လို့ရပါတယ်… Suffering ပြုတ်တာနဲ့ကို ကောင်းမွန်တဲ့ channel တွေပွင့်လာပြီး အခွင့်အလမ်းတွေက အလိုလိုရောက်လာတာပါ…

အိပ်မက်တွေ အခွင့်အလမ်းတွေအားလုံးအတွက် Ready ဖြစ်နိုင်ကြပါစေ…

🍀 Be Ready Live Session Link – https://fb.watch/bxaN5d4Xm7/

🍀With all my Love & Energy 🍀
Dr Seinn
Life Coach , Trainer & Energy Healer