Feature Articles

Balance

ကိုယ့်ဘဝမှာ စိတ်ပင်ပန်းတာတွေ၊ စိတ်အတက်အကျတွေများနေတဲ့အချိန်ဆိုရင် တစ်ရက်ချင်းစီကို balancing ဖြစ်အောင်နေတတ်ဖို့အရေးကြီးပါတယ်…စိမ်းတို့ နေ့စဉ်ဘဝမှာ ဘယ်အရာမဆို အစွန်းမရောက်ဖို့ ၊ balance ဖြစ်ဖို့လိုပါတယ်… Balance မဖြစ်တဲ့အခါ ပိုပြီး stress များလာပြီး ကိုယ့်စိတ်ကို ညှဉ်းဆဲရာလည်း ရောက်ပါတယ်… စိတ်ထောင်းကိုယ်ကြေဆိုသလိုပေါ့…အခုလို လူတိုင်းနီးပါး stressful ဖြစ်နေတဲ့အချိန်ဟာ ကာလတစ်ခုရှိနေပြီမို့ ကိုယ့်ရဲ့စိတ်ကို ပြန်ပြီး balance လုပ်ပေးဖို့ stress-out လုပ်ပေးဖို့ လိုအပ်ပါတယ်… မဟုတ်ရင် အမြဲ စိတ်ညစ် စိတ်ပင်ပန်းတာတွေချည်းပဲ ဆက်တိုက်တွေးနေမယ် ၊ လုပ်နေမယ်ဆိုရင် ကိုယ်ကထုတ်လွှတ်လိုက်တဲ့ လှိုင်းတွေကမကောင်းတော့တဲ့အတွက် ဒီ့ထက်ပိုပြီးစိတ်ညစ်စရာကောင်းတဲ့ negative circumstances တွေကိုပဲ ကိုယ့်ဘဝထဲ ဆွဲခေါ်မိလာပါလိမ့်မယ်… စိတ်ဆိုတာ ကလေးလေးလိုပဲ ပြုစုပေးဖို့ အာဟာရဖြည့်ပေးဖို့လိုအပ်ပါတယ်.. တစ်နေ့ (၂၄)နာရီမှာ ကျန်တဲ့ လုပ်စရာရှိတဲ့အလုပ်တွေ၊ ကိုယ်တာဝန်ရှိတယ်လို့ ခံယူထားတဲ့အလုပ်တွေလုပ်ရင်းနဲ့ပဲ ကိုယ့်စိတ်လေးကြည်နေဖို့ vibration မြင့်ဖို့အတွက် ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ ကိုယ်စိတ်ပျော်မယ့် အရာလေးတွေကိုလည်း တစ်နေ့ တစ်ခုလောက်တော့ လုပ်ပေးဖို့လိုပါတယ်.. အဲ့ဒါဟာ -သူငယ်ချင်းတွေနဲ့ စကားပြောတာ- music နားထောင်တာ- ယောဂဆော့တာ – အားကစားတစ်ခုခုလုပ်တာ-လမ်းလျှောက်တာ- အပင်လေးတွေပြုစုတာ -စားစရာလေးတွေလုပ်တာ- စာဖတ်တာ- သီချင်းနားထောင်တာ – ရုပ်ရှင်ကြည့်တာ – meditation လုပ်တာ- သိုးမွှေးထိုးတာ- ကလေးနဲ့ဆော့တာ – pet လေးတွေနဲ့ဆော့တာ စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်.. အဲ့ဒီလိုလုပ်မှသာ အားကုန်နေတဲ့ battery ကိုဖြည့်သလို အားပြန်ပြည့်လာပြီး ကိုယ်လုပ်စရာရှိတာကိုလည်း high vibration နဲ့ energy အပြည့်နဲ့ပိုလုပ်နိုင်ပါလိမ့်မယ်.. ကြုံတွေ့လာရတဲ့ အခြေအနေတွေကလည်း ပိုကောင်းပါလိမ့်မယ်… Life is all about balancing ပါ …. ကိုယ်လုပ်စရာရှိတာလည်းလုပ်သလို ကိုယ်ချစ်တဲ့ ပျော်တဲ့အရာတွေအတွက်လည်း ခဏလောက်အချိန်လေးပေးပြီးလုပ်ကြည့်ပါ…

💚 With All My Love & Energy 💚

Dr Seinn Life Coach & Trainer

Photo : Google