Feature Articles

Awakening

မနေ့က ကဆုန်လပြည့်နေ့မှာ ပဌာန်းကျမ်းကြီးကို ပထမဆုံးအကြိမ် စတင်ပူဇော်ဖြစ်ရင်း အချိန်ကျတယ်ဆိုတဲ့ Timing အကြောင်းလေး အတွေးပေါ်လာတာနဲ့ sharing လုပ်ချင်ပါတယ်… ပဌာန်းအကျယ်ကတော့ ပူဇော်တာကြာနေပေမဲ့ ပဌာန်းကျမ်းကြီး (၅)အုပ်တွဲကတော့ ခုမှပူဇော်ဖို့ အချိန်ကျလာတာပါ…ကိုယ်လိုချင်တာManifestation လုပ်တာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်တာပဲဖြစ်ဖြစ် ၊ အထူးသဖြင့် ကိုယ့်ရဲ့ inner journey (စိတ်ကျင့်ကြံအားထုတ်မှုတွေ) ကိုသွားတဲ့ အခါ အချိန်ကျမှုဆိုတာ အတော် အရေးပါပါတယ်… စိမ်းဆို နှစ်ပေါင်းများစွာ ပဌာန်းကျမ်းပူဇော်မယ့်သူတွေကို လှူဖူးတာရော၊ အသံမစဲ ပဌာန်းပွဲတွေလုပ်ဖူးတာရော၊ ပဌာန်းကျမ်းပူဇော်သူတွေ မိတ်ဆွေထဲရှိသလို ပဌာန်းကျမ်းကြီးရဲ့ တန်ခိုးကို သိတာတောင် အဲ့ဒါရွတ်ဖတ်ဖို့ စိတ်ကိုမဝင်စားတာပါ.. ရွတ်ရမှာပဲပျင်းသလိုလို ဘာမှန်းလည်းမသိပါဘူး… ဒီလဆန်းကမှ ချစ်ခင်ရတဲ့ အစ်မတစ်ယောက်က သူ့ wall ပေါ်မှာ ပဌာန်းကျမ်းကြီးရွတ်လို့ရတဲ့ application လေးတစ်ခုတင်လိုက်တာကို ကြည့်ပြီး စိတ်က ရွတ်ဖို့ အချိန်ကျပြီဆိုပြီး Awakening ဖြစ်သွားပါတယ်… စိတ်ကိုလှုံ့ဆော်တယ်ပေါ့… အချိန်ကျတော့လည်း စာအုပ်ပို့ပေးတဲ့ ဆိုင်လည်း အဆင်သင့်တွေ့၊ စရွတ်ဖို့ကလည်း နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့ကအနီးကပ်ရှိနေ စသည်ဖြင့် အထောက်အပံ့တွေအများကြီး ဆက်တိုက်ပေါ်လာသလို ရွတ်တဲ့နေ့မှာပဲ ထူးခြားမှုတွေရှိခဲ့ပါတယ်… အဲ့ဒီလိုပဲ အောင်သုခ တရားစခန်းအကြောင်း ၂၀၁၁ ထဲက သိပေမဲ့၊ အဲ့တရားစခန်းဝင်ဖို့ စာရင်းသွင်းပေးလို့ရတဲ့ ဆရာကလည်း နေ့တိုင်းရုံးအတူတက်နေပေမယ့် တစက်မှ စိတ်မဝင်စားဘဲ ၂၀၁၆ မှ ဝင်ဖြစ်တာပါ…ဆိုလိုချင်တာက စိတ်အလုပ်ဆိုတဲ့ Inner Journey တွေဖြစ်တဲ့ manifestation တွေ ၊ spiritual journey တွေ၊ ကိုယ့်ဘာသာတရားအလိုက် ကျင့်ကြံအားထုတ်မှုတွေမှာ လူတိုင်းဟာ အချိန်ကျမှုမတူပါဘူး… လူဟာ အချိန်ကျမှ အဲ့ဒီခရီးကို လျှောက်ချင်စိတ်၊ လုပ်ချင်စိတ် တဆင့်ပြီးတဆင့် ဖြစ်တာပါ.. Awakening ဖြစ်ပြီး လုပ်ဖို့ လှုံ့ဆော်တာပါ…ဒါပေမဲ့ အချိန်ကျရင် သူ့ဘာသာဖြစ်လာလိမ့်မယ်ဆိုပြီး ဒီအတိုင်းထိုင်စောင့်လို့ အဆင်မပြေသလို ၊ ဘယ်အချိန်မှ ငါရဲ့ goal တွေရမှာလဲ၊ mind practice တွေက ဘယ်တော့မှ level up မှာလဲ ဆိုပြီး သူများနဲ့နှိုင်းယှဉ်ပြီး မရောက်နိုင်ဘူး စိတ်ညစ်နေလည်းအဆင်မပြေပါဘူး… ကိုယ့်ရဲ့ level up ဖို့ ၊ will power (စိတ်စွမ်းအင်) တက်ဖို့၊ ကိုယ် manifest လုပ်ထားတာတွေ ရလာဖို့အတွက် လိုအပ်တဲ့ အချိန်ကျမှု (Timing) အမြန်ရောက်လာဖို့က positive energyဖြစ်တဲ့ high vibe ဖြစ်တဲ့ ကိုယ့်ရဲ့ ကုသိုလ်စိတ်( ကောင်းတဲ့ အတွေး၊ အကြံ၊ အပြော၊ အလုပ်) တွေနဲ့ ဖြည့်ဆည်းမှရမှာပါ….. ကားတွေ၊ လေယာဉ်တွေ၊ သင်္ဘောတွေ ကောင်းကောင်းမောင်းချင်ရင် လိုရာခရီးရောက်ချင်ရင် လောင်စာဆီဖြည့်ရသလိုပေါ့… ကိုယ့်ဘဝမှာ ကိုယ်လိုချင်တာတွေ မရလာဘူး ..မရလာဘူး၊ ဘာမှလည်းဖြစ်မလာဘူးဆိုပြီး ထိုင်စိတ်ညစ်နေရင် low vibe ဖြစ်လို့ ပိုပြီးစိတ်ညစ်စရာတွေပဲ ရှိမှာပါ.. စိမ်း client တွေကိုပြောသလိုပဲ ထမင်းချက်ရင်တောင် ဆန်ကိုရေဆေး၊ တည်ပြီးရင်တောင် ကျက်ဖို့ အချိန်စောင့်ရပါတယ်.. ချက်ချင်းစားလို့မရပါဘူး… သူငယ်တန်းကနေ တက္ကသိုလ်တန်းတက်လို့မရပါဘူး… တက္ကသိုလ်ရောက်မယ့် အရွယ်ကို ပညာဖြည့်ရင်းစောင့်ရပါတယ်… မြတ်စွာဘုရားတောင် သတ္တဝါတွေကို ကယ်တင်တဲ့အခါ ဥာဏ်နဲ့ရှုပြီး ကျွတ်ဖို့အချိန်ကျသူကိုပဲ ကယ်တင်လို့ရပါတယ်။ ယာဉ်တွေလိုရာခရီးရောက်ဖို့ လောင်စာဆီ ဖြည့်ရသလို high energy ဖြစ်တဲ့ကုသိုလ်စိတ် ( ကောင်းတဲ့ အတွေး၊ အကျင့်၊ အပြော၊ အလုပ်) တွေနဲ့ ဖြည့်ကျင့်ရင်း အဲ့အကြောင်းတရားတွေပေါ်မူတည်ပြီး ကိုယ်လိုချင်တာတွေ ရလာမဲ့၊ စိတ်စွမ်းအားတွေ ၊ ကျင့်ကြံအားထုတ်မှုတွေ level up နိုင်မဲ့ အချိန်ကျမှု ( Timing) ဟာ ကိုယ့်ဆီကို အနှေးနဲ့အမြန်ရောက်လာမှာပါပဲ…

🍀With All my Love & Energy 🍀

Dr Seinn Life Coach & Trainer

Photo : Pinterest