Feature Articles

Authenticity

ကိုယ်လိုချင်တဲ့ ဘဝကိုပိုင်ဆိုင်ဖို့ … ကိုယ့်ရဲ့အိပ်မက်တွေရရှိဖို့အတွက် စစ်မှန်မှုဆိုတဲ့ Authenticity ရှိဖို့ဟာ အင်မတန်အရေးကြီးပါတယ်…

အထူးသဖြင့် Spiritual လမ်းကြောင်းပေါ်ရောက်ချင်သူ (ဒါမှမဟုတ်) ရောက်နေသူတွေ ၊ Spiritual အလုပ်တွေလက်ရှိ လုပ်နေသူတွေအတွက် ခရီးရောက်ဖို့ … ဥာဏ်တွေဖြစ်ပြီး level up ဖို့ဆိုရင် Authenticity ဆိုတဲ့ စစ်မှန်မှုဟာ အဓိက သော့ချက်လို့တောင် ပြောလို့ရပါတယ်…

ကိုယ်လုပ်သမျှပြောသမျှအရာတွေဟာ အစစ်အမှန်ဖြစ်ဖို့လိုပါတယ်… ကိုယ်ပြောထားတဲ့အရာတွေနဲ့ လုပ်နေတဲ့အရာတွေကလည်း ထပ်တူကျဖို့ လိုပါတယ်….

✳️ကိုယ်ကိုယ်တိုင်တောင် မလုပ်နိုင်ဘဲ ပြောတာမျိုး

✳️ကိုယ့်မှာ မရှိတဲ့အရာကို ရှိသလို ထင်ယောင်ထင်မှားပြောတာမျိုး

✳️ကိုယ်တိုင်သေချာမသိဘဲ သူများလုပ်တဲ့၊ပြောတဲ့အတိုင်း တထေရာတည်း လိုက်လုပ်တာမျိုး

✳️ဇွတ်သူတော်စင်လုပ်ချင်ပြီး ကိုယ့်ရဲ့ dark side (shadow side ) ကို မရှိသလို ဖုံးကွယ်ထားတာမျိုး

✳️အများအထင်ကြီးအောင် ကိုယ့်ကို ဝန်းရံသူများအောင် ဟန်ဆောင်ကောင်းပြနေတာမျိုး

✳️နောက်ကွယ်မှာကျ မကောင်းပြော / အတင်းပြောပြီး လူရှေ့ကျ အရမ်းချစ်ခင်နှစ်သက်နေသယောင် အပေါ်ယံတွေလုပ်ပြတာမျိုး

✳️Drama တွေ Story တွေဖန်တီးတာမျိုးတွေဟာ Authentic မဖြစ်တဲ့ တချို့သော အချက်တွေပါပဲ…

တစ်ဦးနဲ့တစ်ဦးဟာ energyချင်းဆက်သွယ်နေတာဖြစ်လို့ ဘာတွေပဲလုပ်ပြ ပြောပြနေပါစေ ဒီလူရဲ့ energy ဟာ Authentic လား Fake လား ဆိုတာ ခံစားလို့ connect လုပ်လို့ ရပါတယ်..

ဥပမာလေးတစ်ခုပေးရရင် အလိုလိုသိတဲ့ဝမ်းတွင်းအသိစိတ် (ဒါမှမဟုတ်) တစ်ခုခု နဲ့ ဆက်သွယ်ပြီးသိတဲ့စိတ် (Intuition) ဆိုပါတော့…

တကယ်စစ်မှန်တဲ့ Intuition မရဘဲနဲ့ ရသယောင်( ကိုယ်ကပဲ အလိုလိုသိသလိုလို ၊ တစ်စုံတစ်ဦးကပဲ ဆက်သွယ်ပြီးလာပြောသလို) ပြောတာ လုပ်ပြတာ လုပ်ခိုင်းတာတွေဟာ Authentic မဖြစ်တာပါပဲ…

အဲ့လိုလုပ်တာများလာရင် ထင်ယောင်ထင်မှား (illusion ) တွေပဲများလာတတ်ပါတယ်… ကြာလာရင် အဲ့လို ထင်ယောင်ထင်မှား (illusion) တွေကို intuition လို့ အထင်မှားလာတတ်တဲ့အတွက် တကယ် စစ်မှန်တဲ့ intuition လာရင်တောင် မသိတော့တာမျိုး ဖြစ်တတ်ပါတယ်…

စစ်မှန်မှု (Authenticity) ရဲ့ ဆန့်ကျင်ဖက်ဟာ အတုအယောင် (Fake) ပါ… တစ်ချို့လူတွေကျတော့ အစက Authentic ဖြစ်ပေမယ့် ကိုယ့်ရဲ့ အတ္တကြောင့်ဖြစ်စေ ၊ ပတ်ဝန်းကျင်ကို အရေးစိုက် Focus လုပ်လွန်းလို့ဖြစ်စေ Fake တွေလုပ်ရင်း Fake Energy တွေပဲ များလာပါတယ်… ရေများရေနိုင်၊ မီးများမီးနိုင်သဘောအရ Fake တွေ လုပ်ရင်းလုပ်ရင်း ကိုယ့်ရဲ့ မူရင်း Authenticity ပါ ပျောက်ဆုံးလာပါလိမ့်မယ်…

Authenticity ပျောက်ဆုံးတာဟာ မိမိရဲ့ Spiritual Journey ကို နှောင့်နှေးစေသလို Life purpose နဲ့လည်း ဝေးကွာစေပါတယ်…

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer

#Spirituality

#Authenticity