Feature Articles

Affirmation

လူမှာ သိစိတ် (conscious mind) ၊ မသိစိတ် (unconscious mind) ဆိုပြီးရှိတဲ့နေရာမှာ ကိုယ့်ရဲ့ အပြုအမူ၊ အပြောအဆိုတွေကို မသိစိတ်က (၉၀%) လွှမ်းမိုးပါတယ်… သိစိတ်က (၁၀%)ပဲလွှမ်းမိုးပါတယ်… သိစိတ်နဲ့ မသိစိတ်ဆိုတာ ပင်လယ်ထဲမှာမြင်ရတဲ့ ရေခဲတုံး လိုပါပဲ…ရေပေါ်မှာ သေးသေးလေးပေါ်နေတဲ့ထိပ်ဖျားလေးက သိစိတ်၊ ရေအောက်မှာ ထုနဲ့ထည်နဲ့ရှိနေတာက မသိစိတ်ပါ… မသိစိတ်ထဲမှာ ငယ်ဘဝအတွေ့အကြုံတွေ၊ ကိုယ်ဖြတ်သန်းခဲ့တာနဲ့ ခုလက်ရှိအတွေ့အကြုံတွေက ရလာတဲ့ ခံစားချက်တွေ၊ အယူအဆတွေ၊ ယုံကြည်မှုတွေ၊ တန်ဖိုးတွေရှိပါတယ်… မသိစိတ်ဆိုတာ အားကြီးသလောက် အလိုလိုတုန့်ပြန်တဲ့ (auto-response) သဘောရှိပါတယ်… ဒါပေမဲ့ ၁၀% ပဲရှိတဲ့ သိစိတ်ကနေပြီး သတိရှိရှိ (consciousnesses ရှိရှိ)လေ့ကျင့်ရင်းနဲ့ အဲ့ဒီမသိစိတ်ထဲမှာရှိတဲ့ ကိုယ့်အတွက်အဆင်မပြေတဲ့အရာတွေကို အဆင်ပြေလာအောင် ပြန်ပြီးပြောင်းလဲလို့ရပါတယ်.. ကိုယ့်ရဲ့သိစိတ်ဆိုတာ ကိုယ်သာသုံးတတ်ရင် လေ့ကျင့်တတ်ရင် အင်အားကြီးတဲ့ မသိစိတ်ကိုပြောင်းလဲပေးနိုင်တဲ့ “ Captain of the ship “ ပါ…ဥပမာ – ကလေးဘဝ သွားစတိုက်တဲ့ အချိန်ကဆို ဘယ်နေရာဘယ်လိုတိုက်ရမယ်ဆိုပြီး သတိကပ်ပြီး လိုက်မှတ်နေရပေမယ့် အကျင့်ဖြစ်သွားရင်သွားတိုက်တဲ့ကိစ္စက သူ့ဘာသာအလိုလိုဖြစ်သွားတာပါ.. သိစိတ်ကနေလေ့ကျင့်ရင်း အကျင့်ဖြစ်သွားရင် မသိစိတ်ကနေ အော်တို(Auto) အလုပ်လုပ်သွားတဲ့သဘောပါ… အဲ့ဒီအတွက် စိတ်ထဲခံစားနေရတဲ့ ဝမ်းနည်းတာ၊ အားငယ်တာ၊ ကြောက်တာ၊ စိတ်လုံခြုံမှုမရှိတာစတဲ့ မသိစိတ်ထဲမှာ ဝင်နေတဲ့ ခံစားချက်တွေကို ကောင်းတဲ့ဖက်ပြန်ပြောင်းစေပြီး ကိုယ့်ရဲ့ vibration ကို ပြန်မြှင့်ဖို့အတွက် လွယ်ကူပြီး ထိရောက်တဲ့ နည်းလမ်းကတော့ affirmation ရွတ်တာပါပဲ… Affirmation အကြောင်းကို စိမ်း ဒီ video လေးမှာလည်း ပြောပြဖူးပါတယ်…

Affirmation video link 👇https://youtu.be/gofvjRtC2-U

ကိုယ့်ဘဝမှာ စိတ်မလုံခြုံမှု ( Insecurity) ၊ စိတ်ဖိစီးမှု (stress) ၊ စိတ်အတက်အကျ (anxiety) နဲ့ ကြောက်စိတ် (fear) တွေဖြစ်နေရင် အဲ့ခံစားချက်တွေလျော့ကျပြီး confidence တိုးစေနိုင်တဲ့ ရွတ်ရတာလည်းလွယ်တဲ့ affirmation လေးတွေ ပြောပြပေးထားပါတယ်… ကိုယ့်ရဲ့မသိစိတ်ထဲကိန်းအောင်းနေတဲ့ ခံစားချက်တွေကို ကိုယ်လိုချင်တဲ့အတိုင်းပြောင်းမှာဖြစ်တဲ့အတွက် ကိုယ်ရွတ်ရတာ အဆင်ပြေတဲ့ affirmation ကိုရွေးပြီး နေ့တိုင်း အချိန်မှန်မှန်လေး ရွတ်ပေးဖို့တော့ လိုပါတယ်..

☘️ I wake up with new energy everyday

☘️I love and accept myself

☘️I am letting go of fear & worry

☘️I am safe and protected

☘️I am strong and confident

☘️No one can harm me without my own consent

☘️I choose love over fear

☘️All I need is within me now. I can do it.

☘️The power is within me

☘️This is temporary

☘️Everything is not permanent

☘️Challenges are opportunities

☘️Everything is going to be better

💚With All my Love & Energy 💚

Dr Seinn Life Coach & Trainer