Feature Articles

22 x 2

💫How to manifest on February22 ( 222 Energy)💫

2022 February 2 (2.2.22) မှာ Money Energy Channeling ဆိုတဲ့ post လေးတစ်ခုရေးခဲ့ဖူးပါတယ်…

ဒီနှစ်လည်း ၂ လ ပိုင်း ၂၂ ရက်နေ့ကို ပြန်ရောက်လာပြီမို့ Feb 22 မှာ ရှိနေတဲ့ 222 Energy ဟာ ကိုယ့်ကို ဘယ်လို အထောက်အပံ့တွေပေးနေလဲ… ဘယ်လို spiritual practice တွေလုပ်လို့ရလဲဆိုတာလေး sharing လုပ်ပေးပါမယ်…

ပထမဆုံး 22 ဆိုတဲ့ ဂဏန်း ရဲ့ Energy ကို စပြောပြပါမယ်.. 22 ဟာ Master Number ဖြစ်ပါတယ်.. Numerology မှာ 22 ကို 2+2= 4 လို့ မပေါင်းဘဲ Master Number 22 အနေနဲ့ပဲယူပါတယ်.. High Spiritual Power ရှိတဲ့ Master Number ဖြစ်ပါတယ်…ကိုယ့်ရဲ့ အိပ်မက်တွေ၊ Intention ချထားတာတွေကို လက်တွေ့ဘဝမှာ အကောင်အထည်ဖော်ပေးတဲ့ Number 22 ပါ… ဒီလိုနေ့မှာ Intention ထားပြီး Energy work လုပ်တာတွေ ၊ Manifestation လုပ်တာတွေဟာ ညောင်စေ့လောက်ထည့်ပြီး ညောင်ပင်ကြီးရသလို အကျိုးကျေးဇူးတွေကို 22 Energy က အထောက်အပံ့ပေးပါတယ်..

နောက်ပြီး ၂၂ ရက် ၂ လဆိုတဲ့ 222 Energy အနေနဲ့ကြည့်မယ်ဆိုရင်လည်း 222 ဟာ ကိုယ်မလိုချင်တာတွေ မကြိုက်တာတွေကို အာရုံမပြုဘဲ ကိုယ်ဖြစ်ချင်တာတွေကိုပဲ အာရုံပြုဖို့ ကိုယ်လုပ်နေတဲ့ spiritual process ကို ယုံကြည်ဖို့ ပြောထားပါတယ်…

အဲ့ဒီတော့ မနက်ဖြန် February 22 မှာလုပ်လို့ရမယ့် manifestation တွေထဲက 222 Energy နဲ့ကိုက်ညီတဲဲ့

22 x 2 ဆိုတဲ့ Manifestation Method လေးကို

အဆင့်ဆင့် ပြောပြပါမယ်…

1️⃣ လောလောဆယ် ကိုယ်အဖြစ်ချင်ဆုံး အလိုချင်ဆုံးအရာကို သေချာ ပြတ်ပြတ်သားသား စဉ်းစားပါ.. Clear Intention လိုပါတယ်..

2️⃣ပြီးရင် ကိုယ်လိုချင်တာနဲ့ ကိုက်ညီတဲ့ Affirmation တစ်ခုကိုဖန်တီးပါ…

(ဥပမာ – ကားလိုချင်တယ်ဆို ငါကားရနေပြီ.. အိမ်လိုချင်တယ်ဆို ငါအိမ်ရနေပြီ… စသည်ဖြင့် ကိုယ်ရချင်တဲ့ ငွေ၊ လိုချင်တဲ့ Relationship ၊ ကျောင်းတက်ဖို့ ၊ အလုပ်ကိစ္စ၊ Transformation စသည်ဖြင့် ကိုယ့်လိုချင်တာပေါ် မူတည်ပြီး ကိုယ့်စိတ်ထဲ Energy Match ဖြစ်တဲ့ Affirmation တစ်ခုကို ပြုလုပ်ရမှာပါ)

3️⃣ အဲ့ဒီ Affirmation ကို ၂၂ ကြိမ် စာရွက်ပေါ်ချရေးရမှာမို့ ကိုယ် အေးအေးဆေးဆေး ဆက်တိုက်ရေးနိုင်မယ့် အချိန် အပိုင်းအခြားလေးတစ်ခုရွေးချယ်ပါ

4️⃣ Affirmation မရေးခင် စိတ်ငြိမ်ပြီး Energy Clear ဖြစ်သွားအောင် ၁၀ မိနစ်လောက် Meditation လုပ်ပါ ( ✨Energy run တတ်သူတွေက စိမ်းနဲ့အတူတူ Energy work ထဲမှာလုပ်သလိုပဲ ခုန ကိုယ်အလိုချင်ဆုံးအရာကို Intention ထားပြီး ၅ ကြိမ်လောက် Energy run ပါ ✨)

5️⃣ ပြီးရင် ခုန ကိုယ်ဖန်တီးထားတဲ့ Affirmation ကို စာရွက်ပေါ်မှာ ၂၂ ကြိမ်တိတိ Energy အပြည့်နဲ့ ချရေးပါ ( အတတ်နိုင်ဆုံး ပြုံးပြီးရေးပါ)

6️⃣ တစ်ခါရေးရင် ၂၂ ကြိမ်နဲ့ တရက်ကို ၂ ကြိမ်ရေးပါ

7️⃣ အဲ့ manifestation ကို ၂ ရက်ဆက်တိုက်ပြုလုပ်ပေးပါ ( Feb 22 & Feb 23 လုပ်ရမှာပါ) …

22 x 2 ဆိုတဲ့အတိုင်း တစ်ခါရေး ၂၂ ကြိမ်ဆက်တိုက်ကို တစ်ရက် ၂ ကြိမ် နဲ့ ၂ ရက်ပဲပြုလုပ်ဖို့လိုတဲ့ Manifestation Method ဖြစ်ပါတယ်… မရေးခင်တိုင်း Meditation/ Energy Work ပြုလုပ်ရင်ပိုကောင်းပါတယ်..

ဒီ Method မှာ အရေးကြီးတာက

🍀Manifestation လုပ်တဲ့ ကိစ္စက တစ်ခုတည်းဖြစ်ရပါမယ် ( လောဘမကြီးရပါဘူး)

🍀ရေးသမျှ စာကြောင်းဟာ တပုံစံတည်းဖြစ်ရပါမယ်… ( ငါပိုက်ဆံ သိန်း ၁၀၀ ရနေပြီ ဆို အဲ့ဒီပုံစံအတိုင်းပဲ ၂ ရက် လုံးရေးရမှာပါ)

🍀ဖြစ်နိုင်ပါ့မလား ဆိုတဲ့ အတွေးတွေပေါ်လာရင် ရပ်ပေးပါ ( Stop Thinking ) အတွေးမရပ်ဘဲ Limiting Belief တွေ Block တွေနဲ့ ကိုယ်ထင်တာတွေလျှောက်တွေးနေမယ်ဆို အကြိမ် ၁ သိန်း Manifestation ထိုင်လုပ်လည်း အကျိုးမရှိပါဘူး

🍀ကိုယ်က လုပ်စရာရှိတာလုပ်ပြီးရင် ပြီးပါပြီ.. ဒီ Method ကို လုပ်ပြီးတာနဲ့ စိတ်လျှော့ထားပါ.. ဘာပဲဖြစ်လာဖြစ်လာ လက်ခံပေးပါ ( Surrender the Universe)

🍀Manifestation ဟာ Energy Channel လုပ်တာပါ.. အထောက်အပံ့လမ်းကြောင်းတွေပဲ ဖွင့်ပေးတာပါ… ဥုံဖွဆိုပြီး ကိုယ်လိုချင်တာတွေ မိုးပေါ်ကပြုတ်ကျလာတာမဟုတ်ပါဘူး… ကိုယ်လိုချင်တာ ကိုယ့်ဘာသာပဲ လုပ်ရမှာပါ.. ဘာမှမလုပ်ဘဲ ဘာမှ လိုချင်လို့မရပါဘူး..

🍀”2” ဟာ တနင်္လာနံ (ငွေနံ) ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Money Energy ပိုကောင်းစေဖို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒိဝါတိပတိဂါထာတော်၊ ရသေ့ကြီး ဦးခန္တီဂါထာတော်၊ အရံဟံသိဒ္ဓိဘဝဝါအောင် တို့ကို February 22 မှာ တစ်ခုကို ၂၂ ကြိိမ်ရွတ်ဖတ်ပူဇော်ပေးလို့ရပါတယ်…

အကြောင်းတရားအထောက်အပံ့ Energy တွေကို လက်တွေ့အသုံးချပြီး ဘဝတွေ လွယ်ကူချောမွေ့ပြည့်စုံကြပါစေ ✨🙏

🍀With All my Love & Energy 🍀

#DrSeinn

#InternationalCertifiedLifeCoach

#Trainer

#EnergyHealer