Feature Articles

𝐂𝐨𝐧𝐬𝐜𝐢𝐨𝐮𝐬 𝐂𝐡𝐨𝐢𝐜𝐞

တစ်နေ့က ဆိုင်တစ်ခုမှာ ပစ္စည်းလေးတွေကြည့်ရင်း အခုပုံထဲက ဖဲပြားလေးကြိုက်လို့ ကိုင်ကြည့်လိုက်တာ အဲ့မှာ ရေးထားတဲ့ 𝐂𝐨𝐧𝐬𝐜𝐢𝐨𝐮𝐬 𝐂𝐡𝐨𝐢𝐜𝐞 ဆိုတာလေးကို ကြည့်ပြီး တအားသဘောကျမိပါတယ်… သူတို့ရဲ့ brand quality ဟာ လူတွေရဲ့ အသိ သတိကပ်ပြီး ရွေးချယ်ထားတဲ့ အရာပါပေါ့.. . သိပ်ကောင်းတဲ့ branding idea ပါပဲ..

စိမ်းတို့ဘဝမှာရော အခုချိန်အထိ ရွေးချယ်ခဲ့ရတဲ့ အရာတွေဟာ 𝐂𝐨𝐧𝐬𝐜𝐢𝐨𝐮𝐬 𝐂𝐡𝐨𝐢𝐜𝐞 ဖြစ်ရဲ့လား…

များသောအားဖြင့်တော့ လူအတော်များများဟာ ပညာရေး၊ အလုပ်အကိုင်၊ relationship တွေ အစားအသောက်၊ အဝတ်အထည် ၊ အသုံးအဆောင် ၊ Social media post တင်တာကအစ Spiritual လမ်းကြောင်းအဆုံး
⚡️ á€žá€°á€™á€ťá€Źá€¸á€á€˝á€ą လုပ်တဲ့ အရာတွေ၊ အလုပ်ဖြစ်မယ်လို့ ယူဆထားတဲ့အရာတွေကို ကိုယ်နဲ့လည်း ကိုက်ညီမယ်ထင်ပြီး ရွေးမိတာတွေ ….
⚡️လူတွေကိုယ့်ကို အထင်ကြီးစေချင်တဲ့ စိတ်နဲ့ ရွေးမိတာတွေ…
⚡️လူအတော်များများလုပ်နေပြီဆိုရင် ဒါမလုပ်ရင်တော့ ကိုယ်ကျန်ခဲ့ပြီဆိုတဲ့ ဟိုး စိတ်အတွင်းနက်နက် deeper layer က insecurity (ဒါမှမလုပ်ရင် မလုံခြုံတော့တဲ့ စိတ်) နဲ့ ရွေးနေမိကြတာတွေ
များပါတယ်…

စိမ်း live တွေမှာ ပြောဖူးသလိုပဲ စိမ်းဆိုလည်း dental ကို ဘာလို့ရွေးမိလဲဆို (၁၀)တန်း အမှတ်ကောင်းတာရယ် … အိမ်က ဆရာဝန်လုပ်စေချင်တာရယ်… ဆရာဝန်ဆိုရင် မြန်မာပြည်မှာ အထင်ကြီးခံရတယ်ဆိုတဲ့ စိတ်နဲ့ (တကယ်တမ်းဆေးကုဖို့ ဝါသနာပါမနေခဲ့တာ မသိဘဲ) ရွေးမိတာတွေ ရှိခဲ့သလို ….
Social media ကတဆင့် အရောင်း post တွေ တွေ့တဲ့အခါ ဒါမှမဟုတ် သူများတွေ တစ်ခုခုဝယ်နေပြီဆိုရင် ကိုယ်လိုမှန်းမသိ၊ မလိုမှန်းမသိ တကယ်လည်းမကြိုက်ဘဲ လိုက်ဝယ်မိပြီး လက်တွေ့ချောင်ထိုးထားတာတွေ အများကြီးရှိပါတယ်…

ကိုယ်ဗိုက်ပြည့်နေတာကို သူများတွေစားတာမြင်ပြီး တခါလောက်တော့ စားလိုက်ပါမယ်လေ ဆိုတာမျိုး … Drama တွေ၊ Series တွေကြည့်ရင်း ဘာမှန်းမသိ snacks တွေ တစ်ခုပြီးတစ်ခု ပါးစပ်ထဲ ကောက်ထည့်မိနေတာတွေ …. အိပ်ချိန်တွေကျော်ပြီး မနက်မိုးလင်းအထိ ဇာတ်လမ်းထိုင်ကြည့်ခဲ့မိတာမျိုးတွေလည်း ရှိခဲ့ဖူးတာပါပဲ…..

Social media ပေါ်မှာလည်း energy drain စေမယ့် post တွေ၊ သတင်းတွေကို suffering တွေဖြစ်ပြီး လိုက်ကြည့်ခဲ့မိတာပါပဲ…

အဲ့ဒီလိုပဲ Spiritual လမ်းကြောင်းမှာလည်း သူများတွေလုပ်တဲ့ လမ်းကြောင်းတွေကို ကိုယ့်စရိုက်နဲ့ ကိုယ်ပါရမီနဲ့ ကိုက်ညီမှု ရှိမရှိ ကိုယ်နဲ့ connection ကောင်းတဲ့ ပဌာန်းဆက်ဟုတ်မဟုတ် မသိဘဲ အချိန်ပေးခဲ့မိတာတွေလည်း ရှိတာပါပဲ…

ကိုယ့်ဘဝ ကိုယ့်လက်ရှိ အခြေအနေကို ကျေနပ်ပျော်ရွှင်ဖို့ဆိုတာ ဘဝရဲ့ ရွေးချယ်မှုတိုင်းမှာ သေးသေးလေးကအစ အကြီးကြီးအထိ Awareness & Consciousness က အင်မတန်အရေးကြီးပါတယ်…

Consciousness ရှိလာတဲ့အခါ
🍀ဘဝရဲ့ ကဏ္ဍအသီးသီးက ရွေးချယ်မှုတွေ မှန်ကန်လာပါတယ်
🍀ကိုယ့်ရွေးချယ်မှု မှားနေတဲ့အခါမှာလည်း ဘယ်နေရာမှာ ရပ်ရတော့မယ် ဘယ်လိုပုံစံပြောင်းရတော့မယ်ဆိုတာကို သိလာပါတယ်…
🍀ပတ်ဝန်းကျင်က ပေးတဲ့ energy တွေကို ကိုယ့် energy မထိခိုက်အောင် ဘယ်လိုတုန့်ပြန်ရမလဲ ဘယ်လိုနေရမလဲဆိုတာ ကောင်းကောင်းရွေးချယ်တတ်လာပါတယ်…
🍀ကိုယ်ဘယ်လို level-up ရမလဲ…ကိုယ့်ကိုအထောက်အပံ့ပေးမယ့် ဆရာသမားတွေ မိတ်ကောင်းဆွေကောင်းတွေဟာ အလေ့အကျင့်တွေဟာ ဘာတွေလဲဆိုတာ ကောင်းကောင်းရွေးချယ်တတ်လာပါတယ်…
🍀စက္ကန့်နဲ့အမျှ အမျိုးမျိုးလာနေတဲ့ အာရုံတွေအပေါ်မှာ ဘယ်လို စိတ်ထားရမလဲ .. Focus ဘယ်လိုပြောင်းရမလဲ ရွေးချယ်တတ်လာပါတယ်…

Life is the choice ပါ !
ကိုယ့်ဘဝအတွက် အနှစ်သာရရှိတဲ့ တန်ဖိုးရှိတဲ့ 𝐂𝐨𝐧𝐬𝐜𝐢𝐨𝐮𝐬 𝐂𝐡𝐨𝐢𝐜𝐞 တွေကို မှန်ကန်တဲ့ အသိ-သတိနဲ့ ရွေးချယ်တတ်ဖို့ အင်မတန်အရေးကြီးပါတယ်…

🍀With All my Love & Energy đŸ€
#DrSeinn
#InternationalCertifiedCoach
#Trainer
#EnergyHealer