Feature Articles

ယုံကြည်မှု ( Belief)

မင်္ဂလာပါ ☘️☘️☘️
စိမ်းက ဒီနေ့ ယုံကြည်မှုဆိုတာရယ်၊ အဲ့ယုံကြည်မှုတွေက ကိုယ့်ရဲ့ဘဝမှာ ဘယ်လောက်အထိ အကျိုးသက်ရောက်​စေလဲဆိုတာရှင်းပြပါမယ်။

ယုံကြည်မှု (Belief) ဆိုတာ ကိုယ့်ဘဝမှာကိုယ်ဘယ်လိုနေထိုင်မလဲဆိုတာကို ကိုယ့်ဘာသာသတ်မှတ်ထားတဲ့စည်းကမ်းတွေပါ။ ဥပမာ – ဆံပင်အတိုထားတာမလှဘူး ၊ ငါကလူတွေနဲ့စကားမပြောတတ်ဘူး၊ လူကြီးပြောတာအမြဲမှန်တယ် စသဖြင့် ကိုယ့်ဘာသာ သတ်မှတ်ထားတာပါ။

အဲ့ယုံကြည်မှုက ဘယ်ကနေလာလဲဆိုတော့ ကိုယ်ငယ်စဉ်ထဲကနေ ခုအချိန်ထိ ကိုယ့်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကနေလာပါတယ်။ ပြောရရင်တော့ အမြင်၊ အကြား၊ အနံ့၊ အရသာ ၊ အထိအတွေ့ဆိုတဲ့ အာရုံငါးပါးကနေ ဝင်လာသမျှပြင်ပ အဖြစ်အပျက်တွေ ထပ်ခါထပ်ခါဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ မသိစိတ် (unconscious mind) မှာ ဒီလိုပဲဖြစ်မယ်ဆိုပြီးတထစ်ချယုံကြည်လိုက်တာပါ။ အဲ့လို ထပ်ခါထပ်ခါထုထည်နဲ့ဖြစ်လာတဲ့ ယုံကြည်မှုတစ်ခုဟာ မသိစိတ်ထဲမှာ ကျောက်ချထားသလိုခိုင်မြဲပါတယ်။

ကိုယ်က ကိစ္စတစ်ခုကို ဒီလိုဖြစ်မှာပဲလို့ ယုံကြည်ထားရင် အဲ့ကိစ္စကို ဖြစ်ကိုဖြစ်လာအောင် ကိုယ့်ရဲ့ မသိစိတ်ကပဲ လုပ်ပါတယ်။

ပိုရှင်းသွားအောင် စိမ်းပုံလေးနဲ့ရှင်းပြပါမယ်။
အောက်မှာပြထားတဲ့ပုံလေးက The belief wheel လို့ခေါ်ပါတယ်။ ယုံကြည်မှုတွေ က ဘဝမှာအဆင့်ဆင့် ဘယ်လိုအလုပ်လုပ်လဲဆိုတာ အဲ့ စက်ဝန်းလေးနဲ့ရှင်းပြပါမယ်။
ပိုနားလည်သွားအောင် ဥပမာလေးတွေနဲ့ပြောပြပါမယ်။ ဥပမာလေးတွေဖတ်ရင် ပုံထဲက belief wheel လေးနဲ့တွဲပြီး မြင်ကြည့်ပေးပါနော် 😊😊

ဥပမာ (၁) ✅✅✅
ကိုယ်ကစျေးရောင်းဖို့ customer နဲ့စကားပြောတဲ့အခါ မဝယ်တဲ့ customer နဲ့တွေ့တာများလာရင် ထပ်ခါထပ်ခါဖြစ်လာရင်…
✅1.Belief (ယုံကြည်မှု) — စျေးရောင်းရတာလည်းခက်လိုက်တာဆိုပြီး ဖြစ်မယ်။
✅2.Judgement (သတ်မှတ်ချက်) – ငါကစျေးမရောင်းတတ်ဘူးဆိုပြီးကိုယ့်ဘာသာ သတ်မှတ်လိုက်မယ်။
✅3.Action (လုပ်ရပ်)- Customer ရှာရင်တောင် ကိုယ့်ရဲ့ ယုံကြည်မှုအမှားကြောင့် ကိုယ့်ရဲ့မသိစိတ်ကပဲ မဝယ်မယ့် customer တွေစီဆွဲခေါ်သွားမယ်။ အဲ့လူတွေကိုပဲလိုက်ရောင်းမိမယ်။
✅4.Result ( ရလာဒ်) – ရောင်းလို့မရဘူး။ Customer ကမဝယ်ဘူး။
✅5.Belief (ယုံကြည်မှု)- တွေ့တယ်မလား၊ စျေးရောင်းရတာ တကယ်ခက်တာဆိုပြီး ထပ်ယုံမယ်။
အဲ့လိုနဲ့ပဲ မရောင်းရတဲ့သံသရာမှာလည်နေပါမယ်။

ဥပမာ(၂) ✅✅✅
ငယ်ငယ်တည်းက မိသားစုအသိုင်းအဝိုင်းမှာပိုက်ဆံရဖို့ တအားပင်ပင်ပန်းပန်းရုန်းကန်ရတာကို မြင်ရတာကြားရတာများလာတဲ့အခါ…
✅1.Belief (ယုံကြည်မှု) – ငွေရဖို့ဆိုရုန်းကန်ရတယ်။
✅2.Judgement (သတ်မှတ်ချက်) – ငွေဆိုတာခက်ခက်ခဲခဲရှာမှရတယ်။
✅3.Action (လုပ်ရပ်) – စီးပွါးရေးလုပ်ရင် ကိုယ်တိုင်ကိုက ခက်ခဲတဲ့ ပင်ပန်းတဲ့လမ်းကြောင်းကိုပဲရွေးမယ်။
✅4.Result (ရလာဒ်) – ပိုက်ဆံရှာရတာတကယ်ပင်ပန်းမယ် (ကိုယ့်စိတ်ကကပင်ပန်းတာပဲရွေးထားတာမို့)
✅5.Belief(ယုံကြည်မှု) – တွေ့တယ်မလား ပိုက်ဆံရှာရတာ တကယ်ခက်တာပဲဆိုပြီး ထပ်ယုံမယ်။
အဲ့လိုနဲ့ပဲ မှားနေတဲ့ ယုံကြည်မှုကို မပြင်သ၍ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ပတ်လည်ရိုက်ပြီး အမြဲရုန်းကန်နေရမှာပါ။

အဲ့တာကိုကြည့်ရင် ယုံကြည်မှုဆိုတာ ဘဝအတွက်အရမ်းအရေးပါပါတယ်။ ကိုယ်တောင်မသိဘဲ ကိုယ့်ဘာသာ ပိတ်ထားတဲ့ ယုံကြည်မှုတွေကို limiting beliefs လို့ခေါ်ပါတယ်။ သူက မသိစိတ်ထဲမှာဖြစ်နေတာမို့ ကိုယ်တောင်သတိမထားမိဘဲ cycle လည်နေတာမျိုးပါ။ ဒီသဘောတရားကို နားလည်သွားရင် ကိုယ့်ဘဝမှာ ဘယ်လိုယုံကြည်မှုအမှားတွေက ကိုယ်လုပ်ချင်တာတွေကို ပိတ်ဆို့ထားလဲဆိုတာ ကိုယ့်ဘာသာ ပြန်လည်သုံးသပ်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

ကျေးဇူးတင်ပါတယ် 💚

💚With all my Love & Energy💚

#DrSeinn
#LifeCoachAndTrainer

Photo Credit from Google