Feature Articles

ယုံကြည်မှုကပဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီကို ခေါ်သွားပေးမှာဖြစ်ပါတယ်

စိမ်းက ခဏခဏ Body Detox လုပ်လေ့ရှိပါတယ်… သားလေးကိုယ်ဝန်ဆောင်တုန်းက ဝတဲ့အရှိန်ရယ် ၊ hormone problem လည်းရှိတာမို့လို့ healthy weight ဖြစ်ချင်တဲ့အတွက် ၂၀၁၅ လောက်ကစပြီး detox plan တွေ ၊ diet plan တွေ လုပ်ခဲ့တာပါ…အဲ့ဒီ Body Detox Plan တွေထဲမှာ ၃ရက်လုံး ဘာမှမစားရဘဲ အရည်ချည်းသောက်ရတဲ့ juicing plan တွေလည်းပါပါတယ်… အခုပြီးခဲ့တဲ့ January က ဖွင့်လှစ်ခဲ့တဲ့ လိုတရတဲ့ဘဝ (Abundance Journey) သင်တန်းကာလတုန်းကဆို ၁ ပတ်လုံး အရည်ချည်းပဲသောက်ရတဲ့ heavy detox ကိုပါ လုပ်ခဲ့ပါတယ်…အဲ့ဒီ plan တွေလုပ်တဲ့အခါ ဘာကိုသတိထားမိလဲဆိုရင် လုပ်ခါစ ၁ရက်/ ၂ရက် က အဆင်ပြေပေမဲ့လို့ လုပ်တဲ့ရက်တွေကြာလာတာနဲ့အမျှ စိတ်ရှုပ်တာ၊ ဆက်မလုပ်ချင်တော့တာ၊ plan က out ပြီး တစ်ခုခု ခိုးစားချင်တာတွေ စိတ်ထဲမှာတချက်တချက်ပေါ်လာခဲ့ပါတယ်…အဆိုးဆုံးကတော့ တစ်ရက် ၊ တစ်ရက် ကုန်ပြီး ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင် (target) ရောက်ဖို့ကိုအချိန်အရမ်းကြာတယ်ထင်မိလာပါတယ်… ဆက်မလုပ်နိုင်တော့ဘူး၊ ဘာလို့လုပ်နေမိတာလဲ ၊ ဘယ်သူမှလည်းမခိုင်းဘဲနဲ့ဆိုတဲ့ အတွေးတွေလည်း တက်လာတတ်ပါတယ်…အဲ့ဒီအချိန်မှာ ကိုယ့်စိတ်ထဲမှာ ဒီ Detox Plan ပြီးတဲ့ရက်အထိ ဆက်ပြီးတောင့်ခံနိုင်တယ်၊ ရအောင်လုပ်မယ် ၊ ငါလုပ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ထားလို့လည်း ရသလို ငါတော့ ဒီလောက်နဲ့တော်ပြီ၊ ရပ်လိုက်တော့မယ်ဆိုတဲ့ အတွေးမျိုး တွေးမိပြီး ရပ်လိုက်လည်း ရတာပါပဲ…စိမ်းဒီနေရာမှာပြောချင်တာကတော့ ကိစ္စတစ်ခု ၊ ရည်မှန်းချက်တစ်ခုကို သွားတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်က ၈၀% အဓိကကျပါတယ်…အထူးသဖြင့် ကိုယ် ဒါကို ရအောင်လုပ်နိုင်တယ် ဆိုတဲ့ယုံကြည်တဲ့စိတ်ပေါ့.. လောကကြီးမှာ အရာရာဟာ စိတ်ကအစပြုတာပါ… ဒီနေ့ဘာစားမယ် ၊ ဘာဝတ်မယ် ဆုံးဖြတ်ချက် ချတာကအစ လှပတဲ့ အဆောက်အဦးတွေ ၊ အရမ်းကောင်းတဲ့ projectတွေ၊ program တွေစတဲ့ ကောင်းတဲ့ ကိစ္စရပ်တွေဖြစ်စေ ၊ မကောင်းတဲ့ ကိစ္စရပ်တွေဖြစ်စေ တကယ့်အပြင်မှာ ဖြစ်မလာခင် စိတ်ထဲကနေအရင်တွေးပြီး… ဆုံးဖြတ်ချက် ချပြီးမှ အပြင်မှာ အကောင်အထည်ပေါ်လာတာချည်းပါပဲ… ကိုယ်ရဲ့ စိတ်တန်ခိုးဟာ ကိုယ်သွားချင်တဲ့ ရည်မှန်းချက် ပန်းတိုင်ကိုရောက်ဖို့ အင်မတန်အရေးကြီးပါတယ်.. ကိုယ်တစ်ခုခုလုပ်လို့ အောင်မြင်မယ်၊ ငါရအောင်လုပ်နိုင်တယ်လို့ယုံကြည်ပြီး ကိုယ့်ရဲ့ စိတ်ခွန်အား ကိုယ့်ရဲ့ energy ကိုမြှင့်ထားရင် ကျိန်းသေ အောင်မြင်မှာပါပဲ… ကိုယ်အောင်မြင်တယ်လို့ ယုံကြည်နေတဲ့ ယုံကြည်မှုကပဲ ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆီကို ခေါ်သွားပေးမှာဖြစ်ပါတယ်…ကိုယ်မလုပ်နိုင်တော့ဘူးလို့ စပြီး တွေးလိုက်တဲ့နေ့ဟာ ကိုယ့်ရဲ့ ရည်မှန်းချက် ၊ ပန်းတိုင် ကိုအရှုံးပေးလိုက်တာပါပဲ…

💚With All my Love & Energy 💚

Dr Seinn Life Coach & Trainer

Photo: Pinterest