Feature Articles

ကြောက်စိတ် (Fear)

လက်ရှိအခြေအနေကြောင့် လူတိုင်းဟာ အနည်းနဲ့ အများ ကြောက်စိတ် (Fear) ကိုခံစားနေရမှာသေချာပါတယ်… ကြောက်စိတ် (fear) ဆိုတာ ဦးနှောက်နဲ့စိတ်ရဲ့ ပုံမှန်ဖြစ်စဉ်ဖြစ်ပါတယ်။ လူအဖြစ်မွေးဖွားလာကတည်းက အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ့်ရဲ့ရှင်သန်ရပ်တည်မှုအတွက် ကြောက်စိတ်ဆိုတာ အလိုလိုပါလာပြီးသားဖြစ်ပါတယ်။ ကလေးဘဝထဲက နွေးနွေးထွေးထွေးမရှိရင်လန့်အော်တာ၊ ကိုယ်မကြိုက်တဲ့သူချီရင် ငိုတာကစပြီး စာမေးပွဲ မအောင်မှာစိုးလို့ လိုချင်တဲ့အမှတ်မရမှာစိုးလို့ စာလုပ်တာ၊ ရုံးမမှီမှာစိုးလို့ အလောတကြီးလုပ်တာအဆုံး ကြောက်စိတ်ကို အခြေခံတဲ့ လှုံ့ဆော်မှု (motivation) တွေပါပဲ။လက်ရှိအခြေအနေတွေမှာတော့ နဂိုထဲကပါလာတဲ့ လူတွေရဲ့ ကြောက်စိတ်ဟာ ပိုပြီးအင်အားကြီးလာခဲ့ပါတယ်။ အင်တာနက်တွေရပါ့မလား၊ မီးတွေပျက်ဦးမလား၊ ညမှောင်ရင်အဆင်ပြေပါ့မလား၊ နက်ဖြန်ဘာတွေဆက်ဖြစ်မလဲ၊ စီးပွါးရေးကရောဘာတွေဖြစ်ဦးမလဲ စသည်ဖြင့် တွေးပြီးကြောက်စရာတွေဟာအများကြီးပါပဲ။ အဓိကက မသေချာ မရေရာမှု (uncertainty) ကိုလူတိုင်းရင်ဆိုင်နေရတာပါ။ Fear of unknown ဆိုတဲ့ ဘာကိုကြောက်မှန်းမသိ ကြောက်နေကြတာမျိုးပါ။ဒါပေမယ့် ကြောက်စိတ်ကတဖြည်းဖြည်းကြီးထွားလာရင် anxiety တွေ stress တွေများလာပြီး လူက energy ကျလာတတ်ပါတယ်။ ပြဿနာတွေကို အခက်အခဲတွေကို ရင်ဆိုင်ဖို့ဆိုတာ အားကောင်းတဲ့ energy နဲ့ ကြီးမားတဲ့ စိတ်စွမ်းအင်လိုပါတယ်။ ကြောက်စိတ်ကို အတတ်နိုင်ဆုံးလျှော့ချဖိုအတွက် ..✅Be present (လက်ရှိပစ္စုပ္ပန်မှာနေပါ)ကိုယ်ဘာမှမတတ်နိုင်ခဲ့တဲ့ ဖြစ်ပြီးခဲ့တဲ့ အတွေ့အကြုံတွေရယ် ၊ ဖြစ်မလာသေးတာရယ်ကိုကြိုပူတာက ကြောက်စိတ်ကို ပိုပြီးကြီးထွားစေပါတယ်။ လက်ရှိအချိန်မှာ ကိုယ်လုပ်နိုင်တာကို ကိုယ့်ရဲ့ဘောင်ထဲကနေ အကောင်းဆုံး အတတ်နိုင်ဆုံး လုပ်တာက ကိုယ့်ရဲ့စိတ်စွမ်းအင်အတွက် အထောက်အကူပြုပါတယ်။ ✅Daily Intention Setting (တစ်နေ့တာအတွက်သာ ရည်မှန်းချက်ထားပါ) အရမ်းအရေးကြီးပါတယ်။ ဥပမာ ရက်(၃၀) တရားစခန်းဝင်ရမယ်ဆိုပါတော့။ တစ်ရက်ဘယ်နှစ်နာရီထိုင်ရမှာ၊ ရက်(၃၀) ပြီးအောင်ရော ထိုင်နိုင်ပါ့မလား၊ မရရင်တော့ ဒုက္ခပါပဲဆိုတဲ့ intention အကြီးကြီးထားရင် ပိုပြီး stress များစေပါတယ်။ ရက်(၃၀)ပြည့်ဖို့ ဆို ဒီနေ့ကစပြီး တစ်ရက် (၁) နာရီ အနည်းဆုံးထိုင်ရမှာဖြစ်ပါတယ်။ အဲ့အတွက် ရက်(၃၀) ဆိုတာကို စဉ်းစားမနေဘဲ နေ့တိုင်း(၁) နာရီထိုင်လိုက်ရင် ကိုယ်သတိမထားမိခင်မှာကို ရက်(၃၀) ကသူ့ဘာသာပြည့်သွားမှာဖြစ်ပါတယ်။ ✅Positive Mindset Positive Mindset ဆိုတာ အရာရာကို အကောင်းမြင်ရမယ်လို့ပြောတာမဟုတ်ပါဘူး။ လက်ရှိအခြေအနေမှာ ကိုယ်လုပ်နိုင်တာ ကိုယ်တတ်နိုင်တာကို ဘယ်လိုအခက်အခဲရှိရှိ ကိုယ့်ရဲ့ Energy နဲ့ အကောင်းဆုံးလုပ်သွားမယ်ဆိုတဲ့ အတွေးမျိုးဟာ ကိုယ်ရဲ့ လုပ်ရပ်တွေကို ပိုပြီး powerful ဖြစ်လာစေပါတယ်။ အားလုံးပဲ ဘေးကင်းကြပါစေ …

စိမ်းရဲ့ Post တွေ video တွေကို အမြဲ Update ကြည့်နိုင်ဖို့အတွက် ဒီ Telegram link – https://t.me/drseinnlifecoachandtrainer ကို Join ပေးလို့ရပါတယ်…

Youtube channel မှာလည်း Dr Seinn ကို search လုပ်ပြီး subscribe လုပ်ထားလို့ရပါတယ်…

💚With all my Love & Energy 💚

Dr Seinn Life Coach & Trainer