Feature Articles

ကိုယ်ဘယ်လောက် စိတ်လျှော့နိုင်လဲ

Spiritual work တွေဖြစ်တဲ့ Energy work တွေ လုပ်တဲ့အခါ ၊ Manifestation တွေလုပ်တဲ့အခါ ၊ Intention တွေထားတဲ့အခါ ၊ Journaling / Visualization တွေ လုပ်တဲ့အခါ ကိုယ့်ရဲ့ dream တွေ မျှော်မှန်းထားတာတွေ ဘယ်လောက်မြန်မြန် အကောင်ပေါ်မလဲဆိုတာ ခုပြောတဲ့ အချက်တွေပေါ်မူတည်ပါတယ်..

အဲ့ဒါတွေက

🍀ကိုယ်ဘယ်လောက် စိတ်လျှော့နိုင်လဲ

🍀မှန်ကန်တဲ့အကြောင်းတရားတွေကို ဘယ်လောက်မြန်မြန် ဖြည့်နိုင်လဲပါ…

ဘာပဲဖြစ်ဖြစ်လက်ခံပြီး စိတ်လျှော့တယ်ဆိုတာ ပြောရင်လွယ်ပေမဲ့ တကယ်တမ်းခက်ပါတယ်…

စိမ်းအပါအဝင်လူတိုင်းဟာ ကောင်းတယ်လို့သတ်မှတ်ထားတဲ့အရာတွေဖြစ်လာရင်လက်ခံဖို့လွယ်သလောက်၊ အဆင်မပြေတာတွေ ထစ်ငေါ့တာတွေကြုံလာရင် ဟိုး အတွင်းထဲက deeper layer ကနေ စိတ်လျှော့ပြီး လက်ခံဖို့ အင်မတန်ခက်ပါတယ်…

ကိုယ်လုပ်ထားတာတွေ ဘယ်တော့ထူးမလဲ၊ သိပ်လည်းမထူးခြားသလိုပဲ စသည်ဖြင့် စိတ်ပူပန်မှု၊ အားမလိုအားမရ အလိုမကျမှုတွေကို အခြေခံပြီးတွေးနေတာများပါတယ်.. အဲ့ဒါတွေဟာ Darkish Energy တွေပါ.. အမှောင်တွေပါ…

ဘယ်လောက်ကောင်းတဲ့ Energy work လုပ်လုပ် စိတ်ပူတာတွေ၊ မဖြစ်သေးလို့ ဒေါသဖြစ်တာတွေ ၊ မရသေးဘူးလားဆိုတဲ့ လောဘတွေ ၊ ကိုယ်လုပ်တဲ့ processing ကိုသိမနေတဲ့ မောဟတွေ စတဲ့ Darkish တွေရှိနေသ၍ Universal Life Force Energy စီးဆင်းမှုကို မရနိုင်ပါဘူး…

ကိုယ်က အကြောင်းတရားဖြည့်ထားရင် သူ့သဘောသူဆောင်တဲ့ အကြောင်းအားလျော်သောအကျိုးသစ်ဖြစ်လိမ့်မယ်ဆိုတဲ့ deep layer ကနေ စိတ်လျှော့ထားနိုင်ခြင်း၊ အေးအေးဆေးဆေး လွတ်လွတ်မြောက်မြောက် ဖြစ်နေခြင်းဟာ အခရာပါပဲ…
မဖြစ်သေးဘူးဆို ဘာအကြောင်းတရားလိုနေလည်း ထပ်စဉ်းစားပြီးဖြည့်ရုံပါပဲ… English လို Surrendering လို့ခေါ်ပါတယ်…

အားလုံးကို လက်ခံပြီး စိတ်အေးလက်အေး လွှတ်ချလိုက်နိုင်တဲ့နေ့ဟာ အိပ်မက်တွေအကောင်အထည်ပေါ်ဖို့ အစပြုတဲ့ နေ့ပါပဲ… ဘယ်လောက်မြန်မြန်ဖြစ်မလဲဆိုတာ ကိုယ်ဘယ်လောက် စိတ်လျှော့နိုင်လဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်…

🍀 With all my Love & Energy 🍀
Dr Seinn
Life Coach, Trainer & Energy Healer