Feature Articles

ငွေကြေးနဲ့ပတ်သတ်တဲ့ယုံကြည်မှု

ကိုယ်ငယ်ငယ်ထဲကခုအချိန်ထိ ကိုယ့်မိဘ၊ မိသားစု၊ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေနဲ့ media တွေကနေ မြင်ခဲ့ကြားခဲ့သမျှအရာတွေဟာ ကိုယ့်ဘဝရဲ့ ယုံကြည်မှုတွေဖြစ်လာပါတယ်… ယုံကြည်မှုဆိုတာကိုယ့်ရဲ့မသိစိတ်ထဲမှာရှိနေတာဖြစ်ပါတယ်…

အဲ့ထဲမှာ ငွေကြေးနဲ့ပတ်သတ်တဲ့ယုံကြည်မှုတွေလည်းပါပါတယ်… ဥပမာ ငွေစကားပြောတာမကောင်းဘူးတို့၊ ငွေလိုချင်တာလောဘကြီးတယ်တို့ဆိုတာမျိုးတွေပေါ့…

တချို့ယုံကြည်မှုတွေဟာ ကိုယ်တိုင်တောင်မသိဘဲ ကိုယ်ငွေရဖို့လမ်းကြောင်းကို ကိုယ့်ရဲ့မသိစိတ်ကနေကိုယ့်ဘာသာပိတ်ထားမိတတ်ပါတယ်.. အဲ့လိုယုံကြည်မှုတွေကို limiting beliefs တွေလို့ခေါ်ပါတယ်…

အဲ့ဒီလို ကိုယ်တောင်မသိဘဲ ကိုယ့်ဘာသာကန့်သတ်ထားတဲ့ ယုံကြည်မှုတွေထဲက တချို့ယုံကြည်မှုတွေနဲ့ အဲ့အရာတွေကို ဘယ်လိုယုံကြည်ချက်အသစ်တွေနဲ့ အစားထိုးပြီး ပြည့်စုံကြွယ်ဝချမ်းသာမှုကိုယူမလဲဆိုတာ 10.10.2020 Millionaire Mindset Live session မှာ ပြောပြခဲ့ပါတယ်.. အဲ့အကြောင်းအရာများကို အားလုံးအလွယ်တကူမှတ်လို့ရအောင် post ပြန်တင်ပေးလိုက်ပါတယ်ရှင်…

❌ပိုက်ဆံလေးရဖို့ အရမ်းပင်ပင်ပန်းပန်းအလုပ်လုပ်ရတယ်
✅ အလုပ်လုပ်လို့ပိုက်ဆံတွေအများကြီးဝင်လာမယ်

❌ပိုက်ဆံအများကြီးရှိရင် သူများလာချေးတာတို့၊ လာလုတာတို့ဖြစ်နေဦးမယ်
✅ပိုက်ဆံများများရှိမှ ပိုက်ဆံကိုချိန်ပြီးသုံးနေစရာမလိုလို့ စိတ်ပူတာလျော့မယ်

❌ကျားကုတ်ကျားခဲ ပင်ပင်ပန်းပန်းကြိုးစားမှ ပိုက်ဆံရတယ်၊ပိုက်ဆံဆိုတာအလကားမရဘူး
✅ပိုက်ဆံဆိုတာ နေရာပေါင်းစုံက ဝင်နိုင်တယ်

❌ပိုက်ဆံကပျော်ရွှင်မှုကိုမပေးနိုင်ဘူး
✅ပိုက်ဆံနဲ့ပျော်ရွှင်မှုကတိုက်ရိုက်ဆက်စပ်မှုမရှိဘူး၊ ပိုက်ဆံလုံလုံလောက်လောက်ရှိမှ ကိုယ်လုပ်ချင်တာတွေကို အပူအပင်မရှိလုပ်နိုင်ပြီးကိုယ်လိုချင်တဲ့ဘဝကိုဖန်တီးနိုင်မယ်

❌သူများတွေစီးပွါးရေးမကောင်းချိန်၊ ခက်ခဲနေချိန် ကိုယ်ကအရောင်းအဝယ်တွေဖြစ်၊ စီးပွါးဖြစ်နေတာ သူများအပေါ် အားနာစရာ​ကောင်းတယ်
✅ကိုယ်ကမိုးရွာတုန်းရေခံပြီး စီးပွါးရှာမှပိုက်ဆံအများကြီးရပြီး သူများကိုကောင်းကောင်းကူညီနိုင်မယ်
